ကြေညာချက်များ

စာမေးပွဲတွင်းမှာ CORONA VIRUS ကို အထိရောက်ဆုံး ဘယ်လိုကာကွယ်ကြမလဲ

NMDC ကျောင်းသူကျောင်းသားများ ခင်ဗျာ

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခြင်းခံလိုက်ရတဲ့ Coronavirus ဟာဆိုရင် အထိအတွေ့ တွေကနေ တစ်ဆင့် အဓိကကူးဆက်တာ ဖြစ်တဲ့အတွက် ကူးဆက်ခြင်းကနေ ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်…

ကျောင်းသူကျောင်းသားများ အနေဖြင့်

– နေမကောင်း ဖြစ်သူများကို အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ပါ။
– မိမိသည်လည်း လက်မဆေးဘဲ မိမိမျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိခြင်းမှာရှောင်ပါ။
– နှာချေ၊ ချောင်းဆိုးလျှင် ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ထားပါ။
– လူထူထပ်သောနေရာများကို ရှောင်ကြဉ်ပါ။
– ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ။
– တစ်ခုခုကိုင်တွယ်ပြီးတိုင်းနှင့် အပြင်မှပြန်လာတိုင်း ရေနှင့်ဆပ်ပြာကို အသုံးပြု၍ လက်ဆေးပါ။
– ရောဂါလက္ခဏာတစ်ခုခုပြပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သွားရောက်ပြသပါ။
– ဖျားနာနေသော အိမ်မွေးတိရစ္ဆာန်များအား ထိတွေ့ပွတ်သပ်ခြင်းမှ ရှောင်ကြဉ်ပါ။
– အစားအစာများကို ကျက်အောင် ချက်ပြုတ်စားပါ။
– အိပ်ရေးဝအောင် အိပ်ပါ။
– အကြောက်မလွန်ပါနှင့်။

မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်တဲ့ အတွက် တစ်ဦးတစ်ယောက်ချင်းစီကစလို့ ကြိုတင် ကာကွယ်ထားသင့်ပါတယ်။

၁။ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း စာဖြေခန်းတိုင်းမှာ Hand Sanitizer များ ထားရှိပေးမည် ဖြစ်သည့် အတွက် စာမေးပွဲအခန်းထဲသို့ ဝင်ပြီး၊ ထွက်ပြီးတိုင်း Hand Sanitizer များကို အသုံးပြုကြပါရန်။

၂။ ရောဂါပိုးနှင့် ပတ်သက်သည့် လက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိပါက လည်း ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများသို့ ချက်ချင်း အကြောင်းကြားပေးပါရန်။

၃။ နေထိုင်မကောင်းဖြစ်နေသူများ သီးသန့်ဖြေဆိုရန် အခန်းများ ပြင်ဆင်ထားပါသဖြင့် ကျန်းမာရေး မကောင်းသူများ သင်တန်းရေးရာ ဌာနနှင့် ပါမောက္ခဌာနမှူးများထံသို့ အကြောင်းကြားပေးပါရန်။

၄။ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ယခုနှစ် စာမေးပွဲဖြေဆိုရာ အခန်းများတွင် ပြတင်း ပေါက်များသာ ဖွင့်ထားမည်ဖြစ်ပြီး Air-con များ ပိတ်ထားမည် ဖြစ်သည်။ ထို့ကြောင့် သက်တောင့် သက်သာဖြစ်စေမည့် အဝတ်အစားများ ဝတ်လာပါရန်။ (မြန်မာရိုးရာ ဝတ်စုံ များသာ)

ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်လို့ ဆိုသလို တစ်ဦးတစ်ယောက်ခြင်း ကာကွယ်တာဟာ အထိရောက်ဆုံးဖြစ်တဲ့အတွက် အားလုံးပဲ မိမိကစ၍ ကာကွယ်ပါ။

(၁၈-၃-၂၀၂၀)နေ့တွင် စတင်ကျင်းပမယ့် စာမေးပွဲမှာ အကောင်းဆုံး ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းရင်း…

National Management Degree College Students’ Union

Share this post