ကြေညာချက်များ

တပို့တွဲလ ထမနဲထိုးပြိုင်ပွဲ

မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ‘လ’အလိုက် ကျင်းပတဲ့ ပွဲတော်တွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ခရစ်သက္ကရာဇ်ကို သိပ်အသုံးပြုလေ့မရှိဘဲ မြန်မာသက္ကရာဇ်ကိုသာ အသုံးပြုလေ့ရှိပါတယ်။ ဒါကြောင့်လည်း မြန်မာသက္ကရာဇ်ကို သိထားဖို့လည်း လိုအပ်ပါတယ်။ ယခုရောက်ရှိနေတဲ့ သက္ကရာဇ်ဟာ ၁၃၈၁ ခုနှစ်ဖြစ်ပြီး မကြာမီ တပို့တွဲလကို ရောက်ပါတော့မယ်။ တပို့တွဲလပြည့်နေ့သည် ခရစ်သက္ကရာဇ်နဲ့ တွက်မယ်ဆိုရင်တော့ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ဖြစ်ပါသည်။ တပို့တွဲ လပြည့်နေ့ဟာ ထမနဲထိုးပွဲဖြစ်သလို မြတ်စွာဘုရားရှင်တွေက ရဟန်းတော်တွေကို သြဝါဒ ပါတိမောက် ပေးတဲ့နေ့လည်းဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ NMDC ကျောင်းတော်ကြီးမှာတော့ ထမနဲထိုးပွဲကို (၂၈-၁-၂၀၂၀)အင်္ဂါနေ့မှာကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ NMDC မိသားစုဝင်များအားလုံး ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Share this post