ကြေညာချက်များ

မူးယစ်ဆေးဝါးအန္တရာယ်နှင့် အလွဲသုံးစားမှုအကြောင်း အသိပညာပေး ဟောပြောပွဲ (၂၃-၇-၁၉)

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် အလွဲသုံးစားမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ၂၃.၇.၂၀၁၉ (အင်္ဂါနေ့)၊ နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီအထိ ၊ NCRC Hall တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစံရှိန်၊ စာရေးဆရာအလင်းဆက် (IR)နှင့် လူငယ်များနှင့် ကျောင်းသားထု ဆက်သွယ်ရေး သံတမန်(ဟာသပညာရှင်နှင့် ရုပ်ရှင်သရုပ်ဆောင်) မှ ဦးချစ်ချော၊ မူးယစ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တို့မှ ဆက်လက်၍ အသိပညာပေးဟောပြောသွားခဲ့ပါသည်။

ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း

မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်

စာရေးဆရာအလင်းဆက် (IR)

လူရွင်တော်ကိုချစ်ချော

အခမ်းအနားတက်ရောက်ကြသူများ

Share this post