ကြေညာချက်များ

သင်တန်းအမှတ်စဉ် (၂) အတွက် သင်တန်းသားသစ်များကို ဇွန်လ(၃)ရက်နေ့မှစပြီးလက်ခံနေပါပြီ

ပြည်တွင်းတက္ကသိုလ်တစ်ခုမှ အောင်လက်မှတ်သင်တန်းတစ်ခုကို တက်ရောက်ရယူရန်သင်စဉ်းစားနေပါသလား။
မီဒီယာနှင့်စပ်ဆက်သည့်ကုမ္ပဏီများတွင်ဝင်ရောက်လုပ်ကိုင်ရန်ရည်ရွယ် ထားပါသလား။

ဒါဆိုရင်တော့ ဒီသင်တန်းကိုမဖြစ်မနေလာရောက်တက်သင့်ပါတယ်။
သင်ကြားပေးမဲ့ ဘာသာရပ်တွေကတော့ Reporting & Writing ၊ Video Reporting ၊ Online Reporting နဲ့ Public Relations
ဘာသာရပ်တွေပဲဖြစ်ပါတယ်။
စိတ်ဝင်စားလို့တက်ချင်တယ်ဆိုရင်တော့ Certificate in Mass Communication (CMC) 2nd Batch ကို ဇွန်လ ၁၅ ရက်နေ့မှာ
စတင်ဖွင့်လှစ်ပေးသွားမှာပဲဖြစ်ပါတယ်။
သင်တန်းချိန်တွေကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
လျှောက်လွှာတွေကို ဇွန်လ ၃ရက်နေ့ကနေ ၇ရက်နေ့အထိ လက်ခံပေး နေပါပြီ။
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရဲ့ facebook စာမျက်နှာမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အသေးစိတ်သိလိုပါကလည်း ဖုန်း ၀၁-၂၀၃၂၈၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Share this post