ကြေညာချက်များ

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် မြန်မာနိုင်ငံထူးချွန်ကြက်ခြေနီ(၂၀၁၉) ရွေးချယ်ခြင်းခံရသော ထူးချွန်ကြက်ခြေနီ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနား။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် မြန်မာနိုင်ငံထူးချွန်ကြက်ခြေနီ(၂၀၁၉) ရွေးချယ်ခြင်းခံရသော မစိမ့်ဝတ်ရည်နှင်း ဒုတိယနှစ် BM ကျောင်းသူက ထူးချွန်ကြက်ခြေနီ တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တက်ရောက်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ အတွေ့အကြုံရှင်းလင်းပွဲကို ၁၄-၆-၂၀၁၉ ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီ လေးထပ်စာသင်ဆောင်(ဗိုလ်တထောင်ဘုရားလမ်း)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ကြက်ခြေနီအသင်းမှ တိုင်းဦးစီးမှူး (ဒုတိယ) ဦးတင်ကိုကို၊ ပုဇွန်တေင်မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူး ဦးအောင်ကြည်၊ NMDC မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကြက်ခြေနီအသင်းခွဲမှ အမှုဆောင်များ ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဒေါက်တာကျော်မိုးမင်းက အဖွင့် အမှာစကားပြေားကြားပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်း ကြက်ခြေနီအသင်းမှ တိုင်းဦးစီးမှူး (ဒုတိယ) ဦးတင်ကိုကိုမှ အမှာစကားပြောကြားကြပါသည်။
ထို့နောက် မြန်မာနိုင်ငံထူးချွန်ကြက်ခြေနီ(၂၀၁၉) ထူးချွန်ကြက်ခြေနီအဖြစ် ရွေးချယ်ခြင်း ခံရသော မစိမ့်ဝတ်ရည်နှင်း ဒုတိယနှစ် Business Management ကျောင်းသူ က ထူးချွန်ကြက်ခြေနီ တွေ့ဆုံပွဲ၏ အတွေ့အကြုံများကို PowerPoint ဖြင့် ဆက်လက်ရှင်းလင်းပြောကြားပါသည်။

Share this post