ကြေညာချက်များ

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ အကြီးကျယ်အခမ်းနားဆုံးပွဲ တစ်ခုဖြစ်တဲ့ 5th NMDC Career Fair ကျင်းပခြင်း(၂၂.၆.၂၀၁၉)

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ အကြီးကျယ် အခမ်းနားဆုံးပွဲ တစ်ခုဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ စောင့်မျှော်နေကြတဲ့ 5th NMDC Career Fair ကြီးကို ၂၂.၆.၂၀၁၉ (စနေနေ့)တွင် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပြုလုပ်ခဲ့ပါသည်။ Career Fair မှာ ကျောင်းသား၊ ကျောင်းသူတွေ အားလုံး ဘယ်ကုမ္ပဏီမှာ ဘယ်လိုရာထူးနဲ့ အလုပ်လျှောက်ကြည့်ရမလဲ၊ ဘယ်လိုရာထူးတွေရှိမလဲ ဆိုတာတွေကို အားလုံးသိခဲ့ရပါတယ်။ ကုမ္ပဏီတွေ ဘက်ကလည်း သူတို့ကုမ္ပဏီမှာ အရည်အချင်း ပြည့်ဝတဲ့ ကျောင်းသား ကျောင်းသူတွေ အလုပ်တွေ intern တွေ လာလျှောက်တာကို မြင်တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်တွေ၊ ဟိုတယ်တွေ၊ မီဒီယာတွေ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေ အစရှိတဲ့ လုပ်ငန်းပေါင်း အခု (၄၀)ကို တစ်ချိန်တည်း တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း အလုပ်လျှောက်လို့ရမယ့် အခွင့်အရေးကြီးလည်း ဖြစ်ခဲ့ပြီး အောင်မြင်စွာ ကျင်းပြုလုပ်နိုင်ခဲ့ပါသည်။

Share this post