အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကြက်ခြေနီအသင်းခွဲက ကြီးမှူးပြုလုပ်တဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ ဆဋ္ဌမကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ (၃၀-၇-၂၀၁၉)
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကြက်ခြေနီအသင်းခွဲက ကြီးမှူးပြုလုပ်တဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ ဆဋ္ဌမကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကြီးကို (၃၀-၇-၂၀၁၉) ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပြီး လာရောက်သွေးလှူဒါန်းသူစုစုပေါင်း ၉၂ယောက်ရှိခဲ့ပါတယ်။
ဒီပွဲမှာတော့ စေတနာရှင် သွေးအလှူရှင်တစ်ဦးအတွက် သိသင့် သိထိုက်တဲ့ ဗဟုသုတဆိုင်ရာ အကြောင်းအရာတွေအပြင် ဆောင်ရန်ရှောင်ရန်တွေကိုပါ ပညာရှင်များက ဝေမျှပေးခဲ့၍ များစွာအကျိုးရှိသည့်ပွဲဖြစ်ပါသည်။
ကျောင်းအုပ်ဆရာမကြီးမှအမှာစကားပြောကြားစဉ်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က သွေးလှူရှင်များအတွက်ဝမ်းသာပီတိစကားပြောကြားစဉ်
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာကျော်မိုးမင်းမှအမှာစကားပြောကြားစဉ်
သွေးလှူဒါန်းမှုမှတ်တမ်းဓာတ်ပုံများ