ကြေညာချက်များ

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သို့ ဝင်ခွင့်လျှောက်လွှာ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သိထားသင့်သည့်အချက်အလက်များ

အားလုံးပဲ မင်္ဂလာပါ …

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်အား ဝင်ခွင့်လျှောက်လွှာ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ဖြစ်ပါတယ်။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သည် (၂၀၁၉ – ၂၀၂၀) ပညာသင်နှစ်မှ စတင်ကာ ကျောင်းဝင်ခွင့်အား online မှ တဆင့် Application Form တင်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်အား လျောက်ထားလိုသည့် ကျောင်းသား၊ သူများအားလုံး မိမိကိုယ်ပိုင် E-mail အကောင့်ရှိရန် လိုအပ်ပါသည်။ E-mail အကောင့် မရှိသောသူများ အနေနှင့်လည်း ကြိုတင်ဖွင့်ထားရန်လိုအပ်ပါသည်။ E-mail အကောင့် မရှိသူများ အကောင့်ဖွင့်ရာတွင် လွယ်ကူစေရန် လူသုံးများသော E-mail တစ်ခုဖြစ်သည့် Gmail အကောင့်ဖွင့်နည်းကို အောက်ပါ link ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်

https://drive.google.com/file/d/1qRHVx8fAviXPzHs6mHZumVNFg6-FB–K/view?fbclid=IwAR2PwKp0pCtbUBW2ikoMsu75tw35R384vPQPU_ryJCikw2L_gjwY2QNiQrY

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သို့ လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများသည် စက်တင်ဘာလ (၃၀) ရက်နေ့မှစ၍ အောက်တိုဘာလ (၁၀) ရက်နေ့ အထိ (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမပါ) ရုံးချိန်အတွင်း (နံနက် ၉နာရီမှ ညနေ ၄နာရီအထိ) လျှောက်ထားနိုင်မည်ဖြစ်သည်။
လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် www.nmdc.edu.mm Website Page ရှိ Apply အားနှိပ်၍ လျှောက်ထားနိုင်မည် ဖြစ်သည်။
လျှောက်လွှာအား Online မှတဆင့် လျှောက်ထားရမည်ဖြစ်သောကြောင့် အောက်ပါတို့အား Softcopy ပြင်ဆင်ထားရန် လိုအပ်ပါသည်။
***(ဓာတ်ပုံရိုက်၍ JPG, JPEG, PNG Format များဖြင့် သိမ်းထားရန်)
*** ကျောင်းသား လိုင်စင် ဓာတ်ပုံ
*** ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ရရှိသည့်အမှတ်စာရင်း(မူရင်း)
*** ကျောင်းသား၏နိုင်ငံသားစိစစ်ရေးကတ်ပြား ရှေ့၊ နောက် ရှင်းလင်းစွာရိုက်ထားသော ဓာတ်ပုံ
*** ကျောင်းသားမိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှေ့၊ နောက် ရှင်းလင်းစွာ ရိုက်ထားသော ဓာတ်ပုံ
ဝင်ခွင့်လျှောက်လွှာတင်ပြီးသည့်နောက် လျှောက်လွှာနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါက Email မှတဆင့် အကြောင်းကြားမည် ဖြစ်သည်။
အကယ်၍ ဝင်ခွင့်လျှောက်လွှာတင်ရာ၌ အခက်အခဲ တစုံတရာရှိပါက ကျောင်းသို့ လာရောက်နိုင်ပါသည်။ ကျောင်းရှိ ဝန်ထမ်းများ၊ ကျောင်းသား Volunteer များမှ လိုအပ်သည်များကို ကူညီပေးမည်ဖြစ်ပါသည်

Share this post