ကြေညာချက်များ

“𝗡𝗠𝗗𝗖 𝗩𝗦𝗙 𝟮.𝟬 ” ” 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗪𝗲𝗲𝗸”

NMDCSU နဲ့ major SA များပူးပေါင်းပြီး NMDC VSF 2.0 Forum ကိုကျင်းပလာခဲ့တာ အခုဆိုရင်တော့ Tourism Week သို့ရောက်ရှိလာပြီပဲဖြစ်ပါတယ်…✨
Tourism Student Association(TSA) အနေနဲ့ Tourism Week မှာဘယ်လိုမျိုး program တွေကိုကျောင်းသူကျောင်းသားတွေအတွက် တင်ဆက်ပေးမှာလဲ❓
ဘာတွေပါဝင်မလဲ❓ဆိုတာမပြောခင်  Program Title လေးကိုမိတ်ဆက်ပေးချင်ပါတယ်…
” 𝗠𝗼𝗱𝗲𝗿𝗻 𝗦𝘂𝗿𝘃𝗶𝘃𝗮𝗹 𝗼𝗳 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗼𝘂𝗿𝗶𝘀𝗺 : 𝗧𝗵𝗶𝗻𝗴𝘀 𝘁𝗼 𝗱𝗼 𝘁𝗼 𝗢𝘃𝗲𝗿𝗰𝗼𝗺𝗲 𝗣𝗼𝘀𝘁 𝗖𝗼𝘃𝗶𝗱 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲𝘀 “
ဆိုတဲ့ ခေါင်းစဉ်ဖြင့် ကျောင်းသူကျောင်းသားတွေအတွက် ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်..
Tourism Week ကိုတော့လာမည့် August 8 & 9 နှစ်ရက်တွင်ကျင်းပသွားမှာဖြစ်ပါတယ်…🗓
➡️Day 1 မှာ Program Title ကိုအခြေခံပြီး နယ်ပယ်အသီးသီးမှပညာရှင်များမှ ဆွေးနွေးပေးသွားမယ့် Live Panel Discussion လေးပြုလုပ်မှာဖြစ်ပါတယ်…👩🏻‍💻🧑🏻‍💻
ဒါ့အပြင် ဒီဆွေးနွေးပွဲလေးမှာ ကျောင်းသူ/ကျောင်းသားများဘက်မှ သိလိုသောအကြောင်းအရာများကို
Panelist အတတ်ပညာရှင်များကို မေးမြန်းခွင့်ရရှိမှာဖြစ်လို့ မေးခွန်းလေးတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ ပြောကြားပါရစေ…
⬅️Day 2 မှာဆိုရင်တော့ Zoom Application ကိုအသုံးပြုပြီး Workshop ပြုလုပ်သွားမှာဖြစ်ပါတယ်..💻
Workshop ကိုလည်း Morning Breakout Session နှင့် Evening Breakout Session ဆိုပြီး စုစုပေါင်း Workshop 4 ခုပြုလုပ်သွားမှာဖြစ်ပါတယ်…
Workshop တစ်ခုကို ကျောင်းသား၊ကျောင်းသူ အယောက် ၅၀ သာလက်ခံမှာဖြစ်ပြီး workshop က 4 ခုဆိုတော့ စုစုပေါင်း ကျောင်းသား/ကျောင်းသူအယောက် ၂၀၀ သာတက်ခွင့်ရမှာဖြစ်ပါတယ်…
ဒါကြောင့် ဒီ forum ပွဲလေးကို ကျောင်းသား/သူများ လက်လွတ်မခံဘဲ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်အပ်လိုက်ရပါတယ်….🥰
ဒါ့အပြင် Panelists များနဲ့ workshop facilitators များကိုနောက်ရက်များတွင်ဆက်လက်ဖော်ပြသွားမည်ဖြစ်လို့ NMDCSU နဲ့TSA page တွေမှာစောင့်မျှော်ပေးကြဖို့ ပြောကြားပါရစေ…..

Share this post