ကြေညာချက်များ

“𝙒𝙤𝙧𝙠𝙨𝙝𝙤𝙥 𝙖𝙣𝙙 𝙁𝙖𝙘𝙞𝙡𝙞𝙩𝙖𝙩𝙤𝙧𝙨 𝘼𝙣𝙣𝙤𝙪𝙣𝙘𝙚𝙢𝙚𝙣𝙩”

အားလုံးပဲ မင်္ဂလာပါ

ဒီနေ့မှာတော့ NMDC Student Union နဲ့ Journalism Student Association(JSA) တို့အတူ ပူးပေါင်း အကောင်အထည်ဖော်ထားတဲ့ “NMDC Virtual Student Forum 2.0” Journalism week ရဲ့ ဒုတိယရက်ဖြစ်တဲ့ 26.7.2020(Sunday) အတွက် Breakout Sessions Workshop တွေအကြောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

Workshop မှာပါ၀င်ပေးသွားမယ့် Facilitators တွေကို မိတ်ဆက်မပေးခင်မှာ Workshop ပြုလုပ်သွားမယ့် ပုံစံလေးကို အနည်းငယ် ရှင်းပြပေးချင်ပါတယ်။

Workshop တွေအနေနဲ့ 4 မျိုးပါဝင်မှာဖြစ်ပြီး Workshop တစ်မျိုးကို အယောက် 30 နှုန်းတက်ရောက်နိုင်ပြီး စုစုပေါင်း တက်ရောက်ရန် ကျောင်းသား/ကျောင်းသူအယောက် 120 ကို လက်ခံသွားမှာပဲဖြစ်ပါတယ်။ ZOOM Platform ကို အသုံးပြုပြီး NMDC Major 4 ခုလုံးမှ ကျောင်းသားကျောင်းသူများ ပါဝင်ဆွေးနွေးလို့ရမယ့် Breakout Sessions ကို ပြုလုပ်သွားမှာ ဖြစ်တာကြောင့် အားလုံးအတူတကွ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

ဒါဆို Workshop မှာပါ၀င်ဆွေးနွေးပေးသွားမယ့် Facilitators များနဲ့စတင်မိတ်ဆက်ပေးပါတော့မယ်ရှင့်။

ဒီ Workshop မှာတော့

မကြူကြူသင်း(Emcee and Narrator)၊

ကိုအောင်ဘုန်းပြည့်(Creative Content Manager)

မအေးအေးအောင်(Podcast Reporter) Doh Athan(Frontier Myanmar) နှင့်

ကိုဖြိုးဆက်ပိုင်(Digital Marketer)

တို့မှ ဆွေးနွေးရှင်းပြပေးသွားကြမှာပဲ ဖြစ်ပါတယ်။

အောက်က ပုံလေးတွေမှာ Facilitators တွေနဲ့ ပါဝင်မယ့် Workshop’s topics တွေကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်နော်။

Major 4 ခုလုံးမှ ကျောင်းသား/ကျောင်းသူတွေ တက်ရောက်နိုင်မယ့် Workshop ရဲ့ “Registration link” အသေးစိတ်ကိုလည်း ယနေ့ည “9:30 pm” တိတိ မှာ တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးစေလိုပါတယ်။

#NMDC #NMDCSU #Journalism #JournalismStudentsAssociation #JSA #Journalism_Week

#Workshop #Facilitators

မကြူကြူသင်း
(Emcee and Narrator)

မကြူကြူသင်းဟာ National Management Degree Collegeမှ B.A (Journalism)ဖြင့် ဘွဲ့ရရှိခဲ့ပြီး MITVရုပ်သံလိုင်းတွင် TV Reporter နှင့် Narratorအဖြစ်လည်းကောင်း၊ MRTV Entertainment ရုပ်သံလိုင်းတွင် TV presenterအဖြစ်လည်းကောင်း ငါးနှစ်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၆တွင်New York ကုလသမဂ္ဂ၌ပြုလုပ်သော Reham Al-Farra(RAF) Memorial Journalists Fellowship Programmeတွင် ပါ၀င်ရန်ရွေးချယ်ခံခဲ့ရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေးအကူးအပြောင်းပြုလုပ်နေဆဲနိုင်ငံများမှ Journalist ၁၄ဦးနှင့် အတူ ယင်းProgrammeအား တက်ရောက်ခဲ့ပါတယ်။ New Yorkရှိဒေသခံတက္ကသိုလ်တွင်လည်း နှစ်ရက်ကြာပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပါတယ်။၂၀၁၈တွင် Austcham Myanmarကဦးစီးကျင်းပခဲ့သော အမျိုးသမီးများအတွက် ခေါင်းဆောင်မှုနှင့် စီးပွားရေးညီလာခံ၌လည်း Moderatorအဖြစ် ပါ၀င်ဆောင်ရွက်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ RICE Myanmarတွင် Senior Account Executiveအဖြစ် တာ၀န်ယူလုပ်ကိုင်လျက်ရှိပါတယ်။

ကိုအောင်ဘုန်းပြည့်
(Creative Content Manager)

ကိုအောင်ဘုန်းပြည့်ဟာ DedaaBoxတွင် Content Executiveအဖြစ်လည်းကောင်း၊ The Blink Agencyတွင် Senior Content Writerအဖြစ်လည်း
ကောင်း လုပ်ကိုင်ခဲ့ပါတယ်။ယခုလက်ရှိမှာတော့ Square Communications Myanmar တွင် Creative Content Managerအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။

မအေးအေးအောင်
(Podcast Reporter)Doh Athan(Frontier Myanmar)

မအေးအေးအောင်ဟာ ၂၀၁၃ခုနစ်မှစတင်ပြီး Reporterအဖြစ်လည်းကောင်း၊ Video Journalist အနေဖြင့်လည်းကောင်း လုပ်ကိုင်လျက်ရှိပြီးတော့ Frontier Myanmarကို အလုပ်မ၀င်ခင်ချိန်တွင် MNTVရုပ်သံလိုင်း ၌ Senior Video Journalist အနေဖြင့် လုပ်ကိုင်ခဲ့ပါတယ်

ကိုဖြိုးဆက်ပိုင်
(Digital Marketer)

 

ကိုဖြိုးဆက်ပိုင်ဟာ 2020 march လ တွင် Digital Marketing Company တစ်ခုဖြစ်တဲ့ My link ကို တည်ထောင်ထားသူဖြစ်ပါတယ်။ Myanmar Marketing Research and development (ရန်ကုန်လမ်းညွန်‌)တွင် သတင်းများရေးသားခဲ့ပြီး ယခုလက်ရှိတွင် Influencer Management အနေနဲ့ လုပ်ကိုင်လျက်ရှိပါတယ်။

Journalism Week ရဲ့ ဒုတိယရက်မှာတော့ ကိုဖြိုးဆက်ပိုင်မှ “Digital and Data” ဆိုတဲ့ Workshop ကို ပါဝင်ဆွေးနွေးရှင်းပြသွားမှာပဲ ဖြစ်ပါတယ်။

Share this post