ကြေညာချက်များ

20.9.2020 မှာ NMDCer တို့အတွက် ပြုလုပ်ခဲ့သည့် Webinar ( How to Join YDSC Open Study Groups) မှာ တက်ရောက်မပါဝင်လိုက်ရသည့် သူများအတွက် Recording ပြုလုပ်ထားပြီး ပြန်လည်မျှဝေပေးခြင်း

         

         

       

       

20.9.2020 မှာ NMDCer တို့အတွက် ပြုလုပ်ခဲ့သည့် Webinar ( How to Join YDSC Open Study Groups) မှာ တက်ရောက်မပါဝင်လိုက်ရသည့် သူများအတွက် Recording ပြုလုပ်ထားပြီး ယခုလို ပြန်လည် မျှဝေပေးလိုက်ပါသည်။

Yangon Data Science Community ကနေ အစုအဖွဲ့နှင့် လေ့လာသင်ယူသည့် အစီအစဉ်တစ်ခုကို 13.8.2020 မှာ စတင်မိတ်ဆက်ခဲ့ပါသည်။ Data Science Career အတွက် လိုအပ်သော အခြေခံအရည်အချင်းများကို ပြင်ဆင်ဖို့ရန်အတွက် ရည်ရွယ်ချက်ဖြင့်  ကျောင်းသားများ ၊ Data Science နယ်ပယ်အတွင်း စတင်လိုသူများနှင့် Career အကူးအပြောင်းလုပ်ရန် ပြင်ဆင်နေသူများအတွက် ရည်ရွယ်ကာ စတင်ခြင်းဖြစ်ပါသည်။ ယခုတစ်ခေါက်မှာ အစုအဖွဲ့နှင့် လေ့လာသင်ယူသည့် အစီအစဉ် (Study Group) နှစ်ခုကို တစ်ပြိုင်တည်းစတင်မှာ ဖြစ်ပါသည်။

ပထမ Study Group သည်  “Batch-2 | Data-driven Decision Making by PwC” ပဲဖြစ်ပါသည်။ အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့တိုင်း ည “8:00 မှ 9:30” အထိ “Data-driven Decision Making” ကို ပါဝင်ချင်သည့်သူများ “30.9.2020 | Wednesday” နောက်ဆုံးထာပြီး ယခု Admission Link (https://forms.gle/GDPGeDp9DtMGTLZr6) ထဲက လမ်းညွှန်ချက်တွေ အတိုင်း လိုက်ပါပြုလုပ်ဆောင်ရွက်ပြီး ဝင်ခွင့် လျှောက်ထားပေးရန် လိုပါမည်။ “10.10.2020 | Saturday” မှာ အတန်းစတင်မှာ ဖြစ်ပါသည်။ ဝင်ခွင့်လျှောက်ထားခြင်းလမ်းညွှန်ချက်အသေးစိတ်ကို  ယခု YouTube Video (https://youtu.be/2HStdM_RclI) မှာ ကြည့်လို့ရမှာ ဖြစ်ပါသည်။

ဒုတိယ Study Group သည်  “Batch-1 | Problem Solving with Excel by PwC” ပဲဖြစ်ပါသည်။ အပတ်စဉ် အင်္ဂါနေ့ ဗုဒ္ဓဟူးနေ့ နှင့် ကြာသပတေးနေ့တိုင်း ည “8:00 မှ 9:30” “Problem Solving with Excel by PwC” ကို ပါဝင်ချင်သည့်သူများ “30.9.2020 | Wednesday” နောက်ဆုံးထားပြီး ယခု Admission Link (https://forms.gle/WGQQB6EBrPB9gnLg8) ထဲက လမ်းညွှန်ချက်တွေအတိုင်း လိုက်ပါပြုလုပ်ဆောင်ရွက်ပြီး ဝင်ခွင့်လျှောက်ထားပေးဖို့လိုပါမည်။ “13.10.2020 | Tuesday” မှာ အတန်းစတင်မှာ ဖြစ်ပါသည်။ ဝင်ခွင်လျှောက်ထားခြင်းလမ်းညွှန်ချက် အသေးစိတ်ကို  ယခု YouTube Video (https://youtu.be/2HStdM_RclI) မှာ ကြည့်လို့ရမှာ ဖြစ်ပါသည်။

အစုအဖွဲ့နဲ့ လေ့လာသင်ယူသည့်  အစီအစဉ် (Study Group) တွေကို Data ကို ကိုင်တွယ်အသုံးချနေသည့်သူပဲဖြစ်ဖြစ် ၊ Data ကို စိတ်ဝင်စားလို့ လေ့လာနေသူပဲဖြစ်ဖြစ် ၊ Data နှင့် ဆက်စပ်နေသည့် နည်းပညာနယ်ပယ်မှာ လေ့လာသင်ယူနေသည့် ကျောင်းသားများသာမက ကျောင်းသားမိဘများအပါဝင် ဘယ်သူမဆို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

Let’s Grow together with YDSC

Share this post