Yearly Archives - 2017

မောင်မယ်သစ်လွင်ကြိုဆိုပွဲ

ပညာသင်နှစ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ သတင်းအတတ်ပညာ ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲအခမ်းနားကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် ကျောင်းသား၊ ကျောင်းသူများကို သတင်းအတတ်ပညာဘာသာရပ်အကြောင်းပိုမိုသိရှိစေရနှ်နှင့် ကျောင်းသား၊ကျောင်းသူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သတင်းအတတ်ပညာ ပထမနှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းမှမိတ်ဆက်စကားပြောစဉ်  Queen ရရှိသောကျောင်းသူအားဆုချီးမြှင့်စဉ် Princess ရရှိသောကျောင်းသူအားဆုချီးမြှင့်စဉ် Prince ရရှိသောကျောင်းသူအားဆုချီးမြှင့်စဉ် သတင်းအတတ်ပညာဘာသာရပ်၏မေဂျာသီချင်းအားသီဆိုဖျော်ဖြေစဉ် ကျောင်းသား၊ကျောင်းသူများမှကပြဖျော်ဖြေစဉ် ကျောင်းသား၊ကျောင်းသူများမှကပြဖျော်ဖြေစဉ်

Read more...

လေ့လာရေးခရီး

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သတင်းအတတ်ပညာ၊ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်အဖြစ် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တောင်ကြီး၊ အင်းလေး၊ ပင်းတယဒေသသို့ သွားရောက်လေ့လာခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး၊ ဆရာ၊ဆရာမ ၇ ဦးတို့ လိုက်ပါခဲ့ပြီး တောင်ကြီး၊ အင်းလေး၊ ပင်းတယ ဒေသ၏ ထင်ရှားကျော်ကြားသည့်နေရာများ၊ အင်းလေးကန်၊ ဘုရားစေတီများသို့ သွားရောက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် စီးပွားရေးအခြေအနေ အကြောင်းအရာများကို [...]

Read more...

International Youth Enlightenment Campus 2017

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် NCRC Hall တွင် (၂၁-၁၂-၂၀၁၈) ရက်နေ့၌ International Youth Enlightenment Campus 2017 သို့တက်ရောက်ခဲ့သော စေတနာလုပ်အားရှင် ဂုဏ်ပြုပွဲ နှင့် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပခဲ့မှုအား မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Read more...

၂၀၁၇-၂၀၁၈ပညာသင်နှစ် စီးပွားရေးလုပ်ငန်းသုံးပညာရပ်ဘာသာရပ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား

၂၀၁၇-၂၀၁၈ပညာသင်နှစ် စီးပွားရေးလုပ်ငန်းသုံးပညာရပ်ဘာသာရပ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို (၂၇-၁-၂၀၁၈) ရက်နေ့တွင် NCRC Hall ၌ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ကြီး ဒေါက်တာတင်တင်ထွေးမှ အဖွင့်အမှာစကား ပြောကြားပါသည်။ စီးပွားရေးလုပ်ငန်းနှင့်စီးပွားရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသင်းသင်းမြင့်က ဆုံးမသြဝါဒ စကားပြောကြားပြီး သင်တန်းရေးရာဌာနမှ လက်ထောက်မော်ကွန်းထိန်း ဒေါက်တာတင်မောင်ဦးက ကျောင်းစည်းကမ်းများ နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို ပြောကြားပါသည်။ စီးပွားရေးလုပ်ငန်းသုံးပညာရပ်ဘာသာရပ် EC အဖွဲ့မှ နောက်ဆုံးနှစ် ကျောင်းသားမှ ပထမနှစ်တက်ရောက်လာသည့် ညီငယ်၊ ညီမငယ်များအား မိမိ၏အတွေ့အကြုံများကို မျှဝေပြောကြားပါသည်။ ဆရာ၊ဆရာမများ၊ စီမံခန့်ခွဲရေးအရာထမ်းများနှင့် ကျောင်းသား၊ [...]

Read more...