တတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ
၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် ကြက်ခြေနီအသင်းက ကြီးမှုး၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနားကို (၂၆-၁-၂၀၁၈)ရက်နေ့ နံနက် (၉း၃၀) နာရီတွင် ဗိုလ်တထောင်ဘုရားလမ်းရှိ လေးထပ်စာသင်ဆောင်ခန်းမတွင် အစီစဉ်(၅)ရပ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းနားအစီစဉ်များအရ အခမ်းနား ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာကျော်မိုးမင်းက သွေးလှူဒါန်းပွဲ ဖြစ်မြောက်ပုံ အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးဌာန ဒေါက်တာထိန်ဝင်းက [...]