အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ၂၀၁၈-၂၀၁၉ ပထမနှစ် BBM, BA(EPP), BTHM, BA(Journalism) ဝင်ခွင့်များ စတင်လက်ခံခြင်းအစီအစဉ်
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ပထမနှစ် ဝင်ခွင့်ပုံစံများကို (၁-၁၀-၂၀၁၈) မှ (၁၉-၁၀-၂၀၁၈) ထိ နံနက်(၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအထိ လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပါသည်။ (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမပါ) လျှောက်လွှာနှင့်အတူ- ၁။ ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိသော ရမှတ်စာရင်း(မူရင်း) ၂။ လျှောက်ထားသူနှင့်မိဘနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ) ၃။ လိုင်စင်ဓာတ်ပုံ(၂)ပုံ တို့ကို ပူးတွဲလျှောက်ထားရမည် ဖြစ်ပါသည်။