Yearly Archives - 2018

Campus Talk

ကျောင်းကြီးပြီးတော့မယ်ဆိုေတာ့ နိုင်ငံတကာအဆင့်မှီ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့စဉ်းစားနေကြပြီဟုတ်? NMDC မှာ HEINEKEN Myanmar က ကျင်းပတဲ့ Campus Talk ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နေရာ- NMDC NCRC Hall နေ့ရက်- သြဂုတ်လ (၁) ရက် အချိန်- နေ့လည် (၁-၃) နာရီအထိ HEINEKEN Myanmar ဝန်ထမ်းတွေဆီမှ Asia Pacific Graduate Programme (APGP) အကြောင်းကို ပိုမိုသိရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီ Programme လေးကို စိတ်ဝင်စားတယ် ဆိုရင်တော့www.heineken-apgp.com/Myanmar မှာ register လုပ်ထားလိုက်ပါ။

Read more...

NMDC Open Campus

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် NMDC ရဲ့ နှစ်စဉ်ကျင်းပနေကျ ပညာရေးဆိုင်ရာ ပွဲတစ် ခုဖြစ်တဲ့ Open Campus 2018:Your college , Your Future ဆိုတဲ့ Edu Fair လေးကို သြဂုတ်လ (၉) ရက်နေ့ မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၇-၁၈ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ြမင်ပြီးတဲ့ မောင်လေး၊ညီမလေးများအားလုံး လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ် ။ ဒီပွဲလေးမှာဆိုရင် ဆယ်တန်းအောင်မြင်ပြီးတဲ့ မောင်လေး ညီမလေးတို့အတွက် အနာဂတ်ပညာရေးလမ်းကြောင်းကိုရွေးချယ်ရာမှာ မိမိနဲ့ကိုက်ညီတဲ့ ဘာသာရပ်တွေ မိမိတကယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင့်ရန်အတွက် [...]

Read more...

အလုပ်အကိုင် အခွင့်အလမ်း

ကျောင်းသား/သူ များအနေဖြင့် Business Type မျိုးစုံရှိသည့် Greater Man Group of Companies မှာ လုပ်ငန်းအတွေ့အကြုံပေါင်းများစွာ ရရှိနိုင်ဖို့အတွက် ကျောင်းသားရေးရာတွင် Form ထုတ်ယူပြီး လျှောက်လွှာတင်ကာ ကျောင်းမပြီးခင်ကပင် အလုပ်အကိုင် အခွင့်အရေးအတွက် ဖိတ်ခေါ်ပါသည်။ ။

Read more...

တတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် ကြက်ခြေနီအသင်းက ကြီးမှုး၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနားကို (၂၆-၁-၂၀၁၈)ရက်နေ့ နံနက် (၉း၃၀) နာရီတွင် ဗိုလ်တထောင်ဘုရားလမ်းရှိ လေးထပ်စာသင်ဆောင်ခန်းမတွင် အစီစဉ်(၅)ရပ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းနားအစီစဉ်များအရ အခမ်းနား ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာကျော်မိုးမင်းက သွေးလှူဒါန်းပွဲ ဖြစ်မြောက်ပုံ အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးဌာန ဒေါက်တာထိန်ဝင်းက [...]

Read more...

ယုဇနဆောင်

ယုဇနဆောင်သည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်လက်အောက်တွင်ရှိသောကျောင်းသူ အဆောင်ဖြစ်ပြီး (၅၅)လမ်း နှင့် ကုန်သည်လမ်းထောင့်တွင်တည်ရှိသည်။ ယခင်က ကျောင်းသူများကို စမ်းချောင်းမြို့နယ် ယုဝတီအဆောင်တွင် ထားရှိသော်လည်းယခုအခါ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသူများကို(EPP major မှလွဲ၍) ယုဇနအဆောင်တွင် ပြောင်းရွှေ့ထားရှိသည် ။ ယုဇနအဆောင်ကို ဒီဇင်ဘာလ ၁ရက် ၂၀၁၇ တွင် ဖွင့်လှစ်ခဲ့ပြီး အဆောင်သူများအား စတင်နေထိုင်ခွင့်ပြုခဲ့သည်။ အထပ်အမြင့် ၅ လွှာရှိပြီး အခန်းပေါင်း(၈၄) ခန်း ရှိသည်။ လက်ရှိနေထိုင်သော အဆောင်သူဦးရေ (၇၅ ဦး) ရှိပြီး ဆရာမဦးရေ [...]

Read more...

NMDC ရဲ့ ပထမဆုံးသော New Year’s Eve Scavenger Hunt 2017

NMDC ရဲ့ ပထမဆုံးသော New Year’s Eve Scavenger Hunt 2017 ကို ၃၀ရက်နေ့ ဒီဇင်ဘာလ ၂၀၁၇ မှာ ကျင်းပခဲ့ပါတယ်။ ဤ ပွဲဟာ NMDC မှာရှိတဲ့ PPSC (Presentation & Public Speaking Club) ဦးစီးပြီး ကျင်းပခဲ့တဲ့ ပွဲဖြစ်ပြီး Club တွေ ပြန်မဖွင့်ခင် Club ရဲ့ branding ကို ဦးတည်ပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး Club ရဲ့ [...]

Read more...

NCRC Hall ၌ပြုလုပ်သော e-Library နှင့်ပတ်သက်သည့် ဟောပြောပွဲ

(၁၁-၁-၂၀၁၈) ရက်နေ့  NCRC Hall ၌ပြုလုပ်သော e-Library နှင့်ပတ်သက်သည့် ဟောပြောပွဲ၌ Introduction to  e-Resource  (e-Library) အကြောင်း ဒေါ်မြတ်စန်းငြိမ်းမှ ဟောပြောခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများ၊ စာကြည့်တိုက် ဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့မှုအား မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Read more...

အနှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၌ (၃-၁-၂၀၁၈) ရက်နေ့တွင်ကျင်းပခဲ့သည့် အနှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဆရာ၊ဆရာမများ၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် အားကစားပြိုင်ပွဲများတွင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများအား မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Read more...

ပထမအကြိမ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနား

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် NCRC Hall တွင် (၂-၁-၂၀၁၈) ရက်နေ့၌ “ပထမအကြိမ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနား” ကိုကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဒေါက်တာတင်တင်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး စာမူရှင်များအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ပါသည်။ မဂ္ဂဇင်းတွင် ကြော်ငြာထည့်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီဝင်များ၊စာမူရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် မဂ္ဂဇင်းကော်မတီ၊ ကုမ္ပဏီများမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် စာမူရှင်များ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ မဂ္ဂဇင်းကော်မတီနှင့် စာမူရှင်များ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။   မဂ္ဂဇင်းကော်မတီနှင့် စာမူရှင်များ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။   မဂ္ဂဇင်းကော်မတီနှင့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။

Read more...