ကြေညာချက်များ

2020 WACC TOP 10 Winner presentation_ National Management Degree College

Korea နိုင်ငံ Academy of Asian Business နှင့် Sung Kyun Kwan University မှ ဦးစီးကျင်းပသည့် World Asian Case Competition 2020 တွင် National Management Degree College မှ မမြတ်ပွင့်ရည်ကျော် (3rd Year, BBM), မအေးချမ်းဖြူဖြူ (3rd Year, BBM), မအိခိုင်ဝင်းသူ (3rd Year, BBM) နှင့် မထက်ရတီအောင် (3rd Year, BBM) တို့ team က World’s Top Ten Winners အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

2020, August 8th, Saturday တွင်  World Asian Case Competition 2020, “How Asian Brand Soar” ခေါင်းစဉ်ဖြင့် နိုင်ငံပေါင်း ၉ နိုင်ငံမှ Top Ten Winners များမှ Final Presentation ပြုလုပ်ပြီး Best and Silver Winners အတွက်ဆက်လက်ယှဉ်ပြိုင်သွားကြရမယ့် အစီအစဉ်ကို YouTube မှတစ်ဆင့် Live ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

World Asian Case Competition 2020, “How Asian Brand Soar” ဟာဆိုရင်ဖြင့် တစ်ကမ္ဘာလုံးက ကျောင်းသားကျောင်းသူများမှ Asian Brands တွေအကြောင်းကို present လုပ်ပြသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ theme name ဖြစ်တဲ့ “How Asian Brand Soar” ဆိုသည့်ခေါင်းစဉ်အတိုင်း Asia မှာရှိတဲ့ brands တွေဟာ ဘယ်လို strategy တွေနဲ့အောင်မြင်လာတယ်, challenges တွေကြုံလာတဲ့အခါ ဘယ်လို overcome လုပ်လဲ စတာတွေကို သိရှိနိုင်မှာဖြစ်တဲ့အတွက် ကြည့်ရှုမယ့် NMDC-ers တွေမှာရှိတဲ့ business insights တွေလည်းတိုးစေနိုင်ပါတယ်။

NMDC မှ ကျောင်းသူလေးများကို ကြည့်ရှုအားပေးလိုက်ကြရအောင်နော်….

 

Share this post