ကြေညာချက်များ

“An Evening of Friendship”

Hands Downs BM x EPP x THM x JNL! 

အခုဆိုရင် ပထမကြီးဦးအကြိမ်အဖြစ် NMDC SU ကနေ ဦးဆောင်ပြီးတော့ “An Evening of Friendship” လို့ခေါ်တဲ့ The Whole Freshers’ Welcome ပွဲကြီးကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။ 

 

ရည်ရွယ်ချက်က?
သာမန် Freshers’ Welcome တွေရဲ့ အစဉ်အလာက ဖောက်ထွက်ပြီး ဆန်းသစ်ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်တွေနဲ့ အတူ မေဂျာလေးခုလုံးမှာရှိတဲ့ Freshers တွေ ပိုမိုရင်းနှီးမှုရစေဖို့ ရည်ရွယ်ပါတယ်။ 

 

ဘယ်လိုပွဲမျိုးလဲ?
သောကြာနေ့ရဲ့ ညနေခင်းတစ်ခုမှာ အားလုံး Buffet Dinner အတူတူစားကြရင်း အရမ်းမိုက်တဲ့ Fun Activities တွေလုပ်ကြရမှာပါ။ NMDC မှာရှိတဲ့ မေဂျာတိုင်း၊ club တိုင်းရဲ့ Booth တွေပါဝင်မှာ ဖြစ်ပြီး Games အစီအစဉ်တွေနဲ့အတူ Member ဝင်ဖို့ အခွင့်အရေးတွေလဲ ရအုံးမှာပါ။

 

ဘာတွေပါအုံးမှာလဲ? 
ဒါ့အပြင် Performance ခပ်လန်းလန်းတွေ၊ Live Band အစီအစဉ်၊ DJ Sessions တွေလဲပါအုံးမှာမိုလို့ အားလုံးအတူတူ ပျော်ကြဆိုကြခုန်ကြရင်း ရင်းနှီးမှုတွေ အဆတိုးစေမှာပါ။ 

 

ဘယ်လိုပါဝင်ရမလဲ?
မေဂျာလေးခုလုံးက First Year Juniors များကိုတော့ Buffet Dinner Ticket များ အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ပါဝင်ချင်တဲ့ 2nd To Final ကျောင်းသူကျောင်းသားများကိုတော့ လက်မှတ်တစ်ခုကို 4000 Ks (Early Bird)/ 5000 Ks (Late Comer) နဲ့ ရောင်းချပေးသွားမှာပါ။ လက်မှတ်အစီအစဉ် အသေးစိတ်ကိုတော့ မကြာခင်ကြေညာပေးသွားပါမယ်။ 

 

ဘယ်တော့လဲ?
ဒီလို ရင်ခုန်ပျော်ရွှင်စရာကောင်းမယ့် ပွဲကိုတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ သောကြာနေ့ ညနေ ၃နာရီကနေ ၇နာရီအထိ ကျင်းပသွားမှာဖြစ်လိုး အားလုံးပဲ နှစ်ခါစဉ်းမစားပဲ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ Hawai Theme နဲ့ လုပ်ထားတာဖြစ်ဖို့ Hawaiian Dress လေးတွေ ဝတ်ခဲ့ဖို့ မမေ့နဲ့နော်။ 

 

NMDCSU

Share this post