Job Description for Sales Position
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလာသည့် ကထိန်ပွဲတော်ကြီးကို ယနေ့ (၅-၁၁-၂၀၁၉) အင်္ဂါနေ့တွင် ကျင်းပပြုလုပ်ခဲပါသည်။ အခမ်းအနားသို့ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသူ/ကျောင်းသားများတက်ရောက်ကြပါသည်။ အခမ်းအနားအရ ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလ ခံယူကြပြီး ကထိန်သင်္ကန်းနှင့် လှူဒါန်းဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းခြအမျှဝေခဲ့ပါသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များအား ဆွမ်းခဲဖွယ်ချိုချဉ်များ ဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်၍ ကထိန်အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးမြောက်ခဲ့ပါသည်။ ************************* တရားတော်နာယူနေပုံ ကထိန်သင်္ကန်းနှင့်ဝတ္ထုငွေဆက်ကပ်လှူဒါန်း ဆွမ်းပွဲနှင့်ချိုပွဲများဆက်ကပ် ထောပတ်ထမင်းဖြင့် ဧည့်ခံကျွေး
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ Strategic Plan ရေးဆွဲခြင်းမှတ်တမ်းများ (၁၇-၉-၂၀၁၉ ) (၁၉-၉-၂၀၁၉)
Sorry, this entry is only available in English.
Sorry, this entry is only available in English.
၂၀၁၉-၂၀၂၀ ပညာသင်နှစ် BBM, BA(EPP), BTHM နှင့် BA(Journalism) ပထမနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း အစီအစဉ်ဖြစ်ပါသည်။
အားလုံးပဲ မင်္ဂလာပါ … အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်အား ဝင်ခွင့်လျှောက်လွှာ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ဖြစ်ပါတယ်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သည် (၂၀၁၉ – ၂၀၂၀) ပညာသင်နှစ်မှ စတင်ကာ ကျောင်းဝင်ခွင့်အား online မှ တဆင့် Application Form တင်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်အား လျောက်ထားလိုသည့် ကျောင်းသား၊ သူများအားလုံး မိမိကိုယ်ပိုင် E-mail အကောင့်ရှိရန် လိုအပ်ပါသည်။ E-mail အကောင့် မရှိသောသူများ အနေနှင့်လည်း ကြိုတင်ဖွင့်ထားရန်လိုအပ်ပါသည်။ E-mail အကောင့် မရှိသူများ အကောင့်ဖွင့်ရာတွင် လွယ်ကူစေရန် [...]
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် BBM, EPP, Journalism, BTHM မေဂျာဘာသာရပ်များ အကြောင်းကို သက်ဆိုင်ရာဘာသာရပ်ဌာနမှူးများနှင့် City FM တို့၏ ဆွေးနွေးချက်ဖြစ်ပါသည်။ https://www.nmdc.edu.mm/wp-content/uploads/2019/09/တက္ကသိုလ်ဝင်ခ-ွင့်လျှောက်ထားရန်-BBMEPPJournalismBTHM-မေဂျာဘာသာရပ်များအ-ကြောင်းသိကောင်းစရာ_HD.mp4
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သို့ တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်လျှောက်ထားမှုနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီး ဒေါက်တာတင်တင်ထွေးနှင့် City FM တို့၏ ဆွေးနွေးချက် ပုံကိုနှိပ်ပါရန်
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှုအတတ်ပညာ ကျောင်းသား ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားပုံရိပ်များ
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် သတင်းအတတ်ပညာ ကျောင်းသား ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားပုံရိပ်များ
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ အကြီးကျယ် အခမ်းနားဆုံးပွဲ တစ်ခုဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ စောင့်မျှော်နေကြတဲ့ 5th NMDC Career Fair ကြီးကို ၂၂.၆.၂၀၁၉ (စနေနေ့)တွင် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပြုလုပ်ခဲ့ပါသည်။ Career Fair မှာ ကျောင်းသား၊ ကျောင်းသူတွေ အားလုံး ဘယ်ကုမ္ပဏီမှာ ဘယ်လိုရာထူးနဲ့ အလုပ်လျှောက်ကြည့်ရမလဲ၊ ဘယ်လိုရာထူးတွေရှိမလဲ ဆိုတာတွေကို အားလုံးသိခဲ့ရပါတယ်။ ကုမ္ပဏီတွေ ဘက်ကလည်း သူတို့ကုမ္ပဏီမှာ အရည်အချင်း ပြည့်ဝတဲ့ ကျောင်းသား ကျောင်းသူတွေ အလုပ်တွေ intern [...]
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် မြန်မာနိုင်ငံထူးချွန်ကြက်ခြေနီ(၂၀၁၉) ရွေးချယ်ခြင်းခံရသော မစိမ့်ဝတ်ရည်နှင်း ဒုတိယနှစ် BM ကျောင်းသူက ထူးချွန်ကြက်ခြေနီ တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တက်ရောက်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ အတွေ့အကြုံရှင်းလင်းပွဲကို ၁၄-၆-၂၀၁၉ ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီ လေးထပ်စာသင်ဆောင်(ဗိုလ်တထောင်ဘုရားလမ်း)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ကြက်ခြေနီအသင်းမှ တိုင်းဦးစီးမှူး (ဒုတိယ) ဦးတင်ကိုကို၊ ပုဇွန်တေင်မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူး ဦးအောင်ကြည်၊ NMDC မှ ပါမောက္ခ(ဌာနမှူး)များ၊ [...]