Author - Editor

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ဆရာ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်သင်တန်းကျင်းပခြင်း (၃၁-၅-၂၀၁၉)

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ဆရာ ဆရာမများ စွမ်းဆောင်ရည် မြင့်မားတိုးတက်ရေးအတွက် ရည်ရွယ်၍ Luxemboung Development Cooperation Agency (Lux Dev) မှ သင်ရိုးညွှန်းတမ်းနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Cliff Lonsdale က “Work Integrated Learning (WIL)” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို (၃၁-၅-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ဆရာ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

Read more...

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် Factors Influencing Teaching and Learning Process ခေါင်းစဉ်ဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကျင်းပခြင်း(၂၉-၅-၂၀၁၉)

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် Factors Influencing Teaching and Learning Process ခေါင်းစဉ်ဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၉-၅-၂၀၁၉)နေ့တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် လေးထပ်စာသင်ဆောင် ဗိုလ်တထောင်ဘုရားလမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒေါက်တာအေးအေးမြင့်မှ Factors Influencing Teaching and Learning Process ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီး အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဆရာ/ဆရာမများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Read more...

Certificate in Mass Communication (CMC)ဆိုတာဘယ်လိုသင်တန်းမျိုးလဲ။

Certificate in Mass Communication သင်တန်းကိုဇွန်လ ၁၅ရက်နေ့တွင်စတင်ဖွင့်လှစ်သင်ကြားမှာဖြစ်လို့သင်တန်းတက်ရောက်လိုသူများအနေဖြင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် လာရောက်အပ်နှံ နိုင်ပါသည်။ လျှောက်လွှာများကို ဇွန်လ ၃ရက်နေ့မှ ၇ရက်နေ့အထိ လက်ခံပေးမည်သွားမည် ဖြစ်သည်။ ဆက်သွယ်မေးမြန်းရန်- ၀၁-၂၀၃၂၈၅ Certificate in Mass Communication သင်တန်းကိုတက်ရောက်အောင်မြင်ခဲ့တဲ့ကျောင်းသားတွေက သင်တန်းနဲ့ပတ်သတ်ပြီး အတွေ့အကြုံတွေကို ဘယ်လိုပြောထားလဲဆိုတာ အောက်က ဗီဒီယို Link မှာကြည့်ရှုနိုင်ပါတယ်။

Read more...

သင်တန်းသားများခေါ်ယူခြင်း

အမှတ်စဉ်(၂) သင်တန်းများကို ဇွန်လ ၁၀ရက်နေ့တွင် စတင်ဖွင့်လှစ်မည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် လာရောက်အပ်နှံ နိုင်ပါသည်။ လျှောက်လွှာများကို ဇွန်လ ၃ရက်နေ့မှ ၇ရက်နေ့အထိ လက်ခံပေးမည်သွားမည် ဖြစ်သည်။ ဆက်သွယ်မေးမြန်းရန်- ၀၁ ၂၉၂၅၆၆၊ ၀၉၄၃၀၅၆၈၉၁

Read more...

သင်တန်းအမှတ်စဉ် (၂) အတွက် သင်တန်းသားသစ်များကို ဇွန်လ(၃)ရက်နေ့မှစပြီးလက်ခံနေပါပြီ

ပြည်တွင်းတက္ကသိုလ်တစ်ခုမှ အောင်လက်မှတ်သင်တန်းတစ်ခုကို တက်ရောက်ရယူရန်သင်စဉ်းစားနေပါသလား။ မီဒီယာနှင့်စပ်ဆက်သည့်ကုမ္ပဏီများတွင်ဝင်ရောက်လုပ်ကိုင်ရန်ရည်ရွယ် ထားပါသလား။ ဒါဆိုရင်တော့ ဒီသင်တန်းကိုမဖြစ်မနေလာရောက်တက်သင့်ပါတယ်။ သင်ကြားပေးမဲ့ ဘာသာရပ်တွေကတော့ Reporting & Writing ၊ Video Reporting ၊ Online Reporting နဲ့ Public Relations ဘာသာရပ်တွေပဲဖြစ်ပါတယ်။ စိတ်ဝင်စားလို့တက်ချင်တယ်ဆိုရင်တော့ Certificate in Mass Communication (CMC) 2nd Batch ကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးသွားမှာပဲဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ [...]

Read more...

အသက်(၁၈)နှစ်အောက် တက္ကသိုလ်များ ဘောလုံးအသင်း လူရွေးချယ်ပွဲ

အဆင့်မြင့်ပညာဦးစီးဌာနမှ MNL Youth (U-18) တက္ကသိုလ်များ ဘောလုံးအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကိစ္စအကြောင်းကြားစာအား ကျောင်းသားများသိရှိစေရန် ကြော်ငြာအပ်ပါသည်။ MNL Youth (U-18) တက္ကသိုလ်များ ဘောလုံးအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် လူရွေးချယ်ပွဲပြုလုပ်မည်ဖြစ်ပါသဖြင့် (၁-၁-၂၀၀၁)နောက်ပိုင်းမွေးဖွားသူ ဘောလုံးဝါသနာပါသော ကျောင်းသားများ ပူးတွဲပါပုံစံအားကြည့်ရှု၍ ပါဝင်ယှဉ်ပြိုင်ရွေးချယ်နိုင်ပါသည်။

Read more...

သန့်ရှင်းတောက်ပသောအနာဂတ်ကို ဖော်ဆောင်ကြပါစို့

စွန့်ပစ်ပစ္စည်းများအား စနစ်တကျခွဲခြားစွန့်ပစ်နိုင်စေရန်နှင့် Recycle အမှိုက်ပုံးများအား ကောင်းမွန်ထိရောက်စွာအသုံးပြုနိုင်ရန်အတွက် လိုက်နာကျင့်သုံးသင့်သော နည်းလမ်းများကို Coca-Cola နှင့် Recyglo အဖွဲ့အစည်းတို့ အတူပူးပေါင်းပြီး မျှဝေပေးမည်ဖြစ်သည့်အတွက် အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ပါဝင်ပေးကြပါရန် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် ဝန်ထမ်းများအား လေးစားစွာဖိတ်ကြားအပ်ပါသည်။ ရက်စွဲ – 12-1-2018 အချိန် – နေ့လယ်(3း00)နာရီ မှ (4း30)နာရီထိ နေရာ – National Management Degree College (NMDC)

Read more...

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ကထိန်အလှူတော်မင်္ဂလာကို ဖိတ်ကြားနှိုးဆော်အပ်ပါသည်

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ကထိန်အလှူတော်မင်္ဂလာကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက် သောကြာနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ပါရန် နှိုးဆော်အပ်ပါသည်။

Read more...

NMDC တွင်နှောက်ဆုံးနှစ်တက်နေတဲ့ ကျောင်းသားကျောင်းသူများရဲ့ရင်ခုန်သံလေးများ

NMDC  မှာ BBM (Bachelor of Business Management),  EPP (English for Professional Purposes), BTHM (Bachelor of Tourism and Hospitality Managemet) , နဲ့ JNL (Bachelor of Journalism) ဆိုပြီးမေဂျာ လေးခုရှိပါတယ်…. ယင်းမေဂျာလေးခုမှာ အခုလက်ရှိ နှောက်ဆုံးနှစ်တက်နေတဲ့  ကျောင်းသားကျောင်းသူများရဲ့ ရင်ခုန်သံလေးများကို ဒီvideo လေးမှာ မျှဝေပေးထားပါတယ်…….. မကြာခင်မှာ ကျောင်းပြီးတော့မဲ့ Final year မှ စီစီတို့ [...]

Read more...

Rememberred the uni life

သတင်းအတတ်ပညာဆိုတာဘာလဲ။ သတင်းအတတ်ပညာဘာသာရပ်ကိုသင်ဘယ်လိုနားလည်သလဲ။သတင်းအတတ်ပညာဘာသာရပ်အကြောင်းကိုသိချင်တာပဲဖြစ်ဖြစ် ဘယ်မီဒီယာဝန်းကျင်မှာမဆို အလုပ်လုပ်ချင်တာပဲဖြစ်ဖြစ် ဒီအောက်က linkထဲက ဗီဒီယိုလေးကိုဝင်ကြည့်ဖို့မမေ့နဲ့နော်။ https://youtu.be/GBlD1tBne74

Read more...

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှကြိုဆိုပါတယ်။ (အပိုင်း-၂)

NMDC ကိုသင်ရွေးချယ်သင့်တဲ့အချက်(၅)ချက်။ NMDC ကျောင်းသား၊သူတွေရဲ့ခံစားချက်နဲ့အတွေ့အကြုံတွေကရောဘာတဲ့လဲ။ သင်ဒီထက်ပိုပြီးအတိအကျအသေးစိတ်သိချင်ရင်တော့အောက်မှာရှိတဲ့ Link လေးထဲဝင်ရောက်ကြည့်ရှုပြီး ဒီဗွီဒီယိုလေးကိုလည်း Like & Share လုပ်သွားဖို့မမေ့နဲ့ဦးနော်။ https://www.youtube.com/watch?v=m8vuUufUfUQ

Read more...

Remembered the uni life

စာနယ်ဇင်းအတတ္ပညာဆိုတာကဘာလဲ? သင်ဘယ်လိုစာနယ်ဇင်းအတတ္ပညာအကြောင်းကိုနားလည်ပါသလဲ? သငျသညျသတင်းစာပညာဘာသာရပ္အကြောင်းကိုသိလိုပါသလား? သင်မီဒီယာလယ်ပြင်၌ကြိုက်နှစ်သက်မယ့်သတင်းစာဆရာသို့မဟုတ်တစ်ခုခုဖြစ်လိုလျှင်, သင်သည်ဤဗီဒီယိုအားစောင့်ကြည့်ရပေမည်။ https://youtu.be/GBlD1tBne74    

Read more...

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှကြိုဆိုပါတယ်။ (အပိုင်း-၁)

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှကြိုဆိုပါတယ်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) ဆိုတာဘာလဲ။ ဘယ်လိုကျောင်းမျိုးလဲ။ ဘယ်လိုဘာသာရပ်တွေကိုသင်ကြားပေးလဲ။ ဒါတွေသိချင်ရင်တော့အောက်က Link ကိုနှိပ်ပြီးဝင်ရောက်ကြည့်လိုက်နော်။

Read more...

True or Do

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေသိလိုပါသလား။ သတင်းအတတ်ပညာကျောင်းသားများကို ကျောင်းနဲ့ဆိုင်တဲ့ မေးခွန်းလေးတွေမေးထားပါတယ်။ ဒီမေးခွန်းတွေကိုအမှန်အတိုင်းဖြေနိုင်မလားဆိုတာကို အောက်ကဗီဒီယိုထဲ ဝင်ကြည့်လိုက်ပါဦးနော်။

Read more...