သတင်းအတတ်ပညာဘာသာရပ်မိတ်ဆက်
ဝိဇ္ဇာဘွဲ့ သတင်းအတတ်ပညာဘာသာရပ်သည် အဓိကဘာသာရပ်ပေါင်း ၂၈ ခုကို လေးနှစ်သင်ယူရသော ဘာသာရပ်ဖြစ်ပါသည်။ ပညာသင်နှစ်တစ်ခုတွင် ပညာသင်နှစ်၏ စာသင်ကာလ ၂ ခု ပါဝင်သည်။ စာသင်ကာလ ၁ ခုတွင် ဘာသာရပ် ၆ ဘာသာ သင်ကြားပေးလျက်ရှိပါသည်။ ကျောင်းသားကျောင်းသူများသည် လုပ်ငန်းခွင်လက်တွေ့ ဆောင်ရွက်ခြင်းကို တတိယနှစ် နှင့် စတုတ္ထနှစ်၏ ပညာသင်ကာလများတွင် ဆက်လက် (Internship) လေ့လာသင်ယူကြရပါသည်။ ဘာသာရပ်၏ သင်ယူမှုရလဒ်များကို လက်တွေ့ သတင်းလိုက်ခြင်း၊ သတင်းရေးသားခြင်း၊ သတင်းဆောင်းပါးရေးသားခြင်း၊ တည်းဖြတ်ခြင်း၊ အတန်းတင်စာမေးပွဲ စစ်ဆေးခြင်း၊ နည်းပြတန်းရမှတ် များဖြင့်စစ်ဆေးခြင်း၊ လက်တွေ့လေ့လာချက်များကို ပြန်လည်တင်ပြခြင်း စသည့် နည်းလမ်းများဖြင့် အကဲဖြတ် စိစစ်ပါသည်။ စာတမ်းငယ်များကို နောက်ဆုံးနှစ် ကျောင်းသား၊ကျောင်းသူများက ဒုတိယစာသင်နှစ်ဝက် အပြီးတွင် တင်ပြရပါသည်။ စာသင်ကြားမှုပုံစံသည် စာတွေ့၊လက်တွေ့ ပေါင်းစပ်ကာ သင်ကြားပေးလျက် ရှိပါသည်။ သင်ကြားမှုပုံစံကို ပိုမိုပံပိုးပေးရန်အတွက် ပြင်ပဧည့်သည်များ၊ မီဒီယာ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်ရှင်များဖြင့် ဆွေးနွေးနှီးနှော ဖလှယ်ပွဲများဖြင့် ပုံမှန်ကျင်းပ ပေးလျက်ရှိပါသည်။ သတင်းအတတ်ပညာ ဘာသာရပ်အတွက် သင်ကြားရေးအထောက် အကူပြုပစ္စည်းများအဖြစ် အီလက်ထရောနစ်ဆိုင်ရာ ပစ္စည်းများကို အသုံးပြုကာ ပံ့ပိုးသင်ကြားပေးလျက် ရှိပါသည်။
ဘာသာရပ်၏ရည်ရွယ်ချက်
- အဆင့်မြင့်ပညာရေးအတွေ့အကြုံများကို နိုင်ငံတကာအဆင့်မှီ ပံ့ပိုးပေးနိုင်ရန်။
- ကျောင်းသား၊ကျောင်းသူများကို မီဒီယာလုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါတွင် အထောက်အကူ ပြုနိုင်ရန်အတွက် အသိပညာ၊အတတ်ပညာများကို အခြေခံကာ စာတွေ့လက်တွေ့ ကျွမ်းကျင်လာစေရန် ထိရောက်စွာသင်ကြားပေးရန်။
- ယူနက်စကို၏သင်ရိုးညွှန်းတမ်းများကိုအခြေခံကာ ပြောင်းလဲနေသော မီဒီယာဝန်းကျင်နှင့်ကိုက်ညီ သော သင်ကြားသင်ယူမှုပုံစံများဖြင့်ပံ့ပိုးပေးရန်။
What you will learn in Undergraduate course
First Year | ||
---|---|---|
JNL- 1101 | Journalism and Society | (4-credits) |
မ ၁၀ဝ၁ | မြန်မာစာ | (3-credits) |
ENG-1001 | English | (3-credits) |
JNL- 1001 | History | (3-credits) |
JNL- 1002 | Geography | (3-credits) |
AM- 1001 | Aspects of Myanmar | (3-credits) |
မ ၁၀ဝ၂ | မြန်မာစာ | (3-credits) |
ENG-1002 | English II | (3-credits) |
JNL- 1103 | History of Journalism | (3-credits) |
JNL- 1003 | Psychology | (3-credits) |
AM- 1002 | Aspects of Myanmar | (3-credits) |
JNL- 1102 | Reporting and Writing I | (4-credits) |
Second Year | ||
---|---|---|
ENG-2001 | English | (3-credits) |
JNL- 2101 | Language for Journalists | (4-credits) |
JNL- 2102 | Media Law | (4-credits) |
JNL- 2103 | Reporting & Writing II | (4-credits) |
JNL- 2001 | Math for Journalists | (3-credits) |
JNL- 2002 | Philosophy for Journalism | (3-credits) |
ENG-2002 | English | (3-credits) |
JNL- 2003 | Historical development of Political Theories | (3-credits) |
JNL- 2004 | Business Journalism | (3-credits) |
JNL- 2104 | Translation for Journalism | (4-credits) |
JNL- 2105 | Journalism Ethics | (4-credits) |
JNL- 2106 | Reporting & Writing III | (4-credits) |
Third Year | ||
---|---|---|
ENG-3001 | English | (3-credits) |
JNL- 3101 | Journalism Management | (4-credits) |
JNL- 3102 | Public Affairs Reporting | (4-credits) |
JNL- 3103 | Newspaper Journalism I | (4-credits) |
JNL- 3104 | Radio Journalism I | (4-credits) |
JNL- 3105 | Photo Journalism | (4-credits) |
ENG-3002 | English | (3-credits) |
JNL- 3106 | Data Journalism | (4-credits) |
JNL- 3107 | International relations | 4-credits) |
JNL- 3108 | Newspaper Journalism II | (4-credits) |
JNL- 3109 | Radio Journalism II | (4-credits) |
JNL- 3110 | Television Journalism I | (4-credits) |
Fourth Year | ||
---|---|---|
ENG- 4001 | English | (3-credits) |
JNL- 4101 | Business and Economic Reporting | (4-credits) |
JNL- 4102 | International Reporting | (4-credits) |
JNL- 4103 | Environmental Journalism | (4-credits) |
JNL- 4104 | Interactive Journalism I | (4-credits) |
JNL- 4105 | Television Journalism II | (4-credits) |
ENG-4002 | English | (3-credits) |
JNL- 4106 | Editorial writing | (4-credits) |
JNL- 4107 | Magazine Journalism | 4-credits) |
JNL- 4108 | Health Journalism | (4-credits) |
JNL- 4109 | Interactive Journalism II | (4-credits) |
JNL-4110 | Reporting Diversity | (4-credits) |
လုပ်ငန်းခွင်လက်တွေ့ကွင်းဆင်းလေ့လာခြင်းနှင့်သက်ဆိုင်သော အချက်အလက်များ
လုပ်ငန်းခွင်လက်တွေ့ (Internship) ဆောင်ရွက်ခြင်းသည် သတင်းအတတ်ပညာ ကျောင်းသား ကျောင်းသူများ ဘွဲ့ကြိုတန်းတွင် မဖြစ်မနေဆောင်ရွက်ရမည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်။
ပုံနှိပ်မီဒီယာဆိုင်ရာ လုပ်ငန်းခွင် လက်တွေ့ဆောင်ရွက်ခြင်းကို တတိယနှစ်၏ ပထမနှစ်ဝက် အပြီးတွင် ဆောင်ရွက်ရပြီးရေဒီယိုဆိုင်ရာ လုပ်ငန်းခွင်လက်တွေ့ ဆောင်ရွက်ခြင်းကို ဒုတိယစာသင်နှစ်ဝက် အပြီးတွင် လက်တွေ့သွားရောက် ဆောင်ရွက်ရပါသည်။
ရုပ်မြင်သံကြား(တီဗွီ)ဆိုင်ရာ လုပ်ငန်းခွင်လက်တွေ့ဆောင်ရွက်ခြင်းကို စတုတ္ထနှစ်၏ ပထမစာသင်နှစ်ဝက် အပြီးတွင် လက်တွေ့သွားရောက် ဆောင်ရွက် ရပါသည်။
သတင်းအတတ်ပညာကျောင်းသား၊ ကျောင်းသူများအတွက် လုပ်ငန်းခွင် လက်တွေ့ ဆောင်ရွက်ခြင်းကို သတင်းအတတ်ပညာဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော သတင်းမီဒီယာ လုပ်ငန်းများမှာ-
ပုံနှိပ်မီဒီယာ
(၁) Democracy Today သတင်းစာ
(၂) မြန်မာတိုင်းမ်သတင်းစာ
(၃) စံတော်ချိန်သတင်းစာ
(၄) 7 days News
(၅) ပြည်မြန်မာဂျာနယ်
(၆) The Voice နေ့စဉ်သတင်းစာနှင့် အပတ်စဉ်ဂျာနယ်
(၇) Popular Journal နှင့် ကုမုဒြာဂျာနယ်
ရေဒီယို (FM)
(၁) MRTV (နေပြည်တော်မြန်မာ့အသံ)
(၂) City FM
(၃) ပတ္တမြား FM
(၄) မန္တလေး FM/ Teen Radio
(၅) ရွှေ FM
(၆) Myanmar International Radio
ရုပ်မြင်သံကြား(တီဗွီ)
(၁) မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)
(၂) Myanmar International Television (MITV)
(၃) Skynet Media Group
(၄) Democratic Voice of Burma (DVB)
(၅) MNTV
(၆) Mizzima TV