ရည်ရွယ်ချက်
- ရည်ရွယ်ချက်
စီးပွားရေး ကဏ္ဍစုံ တတ်ကျွမ်းနှံ့စပ်၍ အသိပညာ အတွေ့အကြုံ အရည်အသွေးပြည့်စုံသော ဆရာ ဆရာမများမှ အဆင့်မြင့်နှင့်အဆင့်တူ ဖြန့်ကျက်နယ်ပယ်စုံတွင် ခေတ်နှင့်လျော်ညီအပ်စပ်သော သင်ကြားရေးနည်း ပညာများအသုံးပြုခြင်း ဖြင့် ခတ်မှီဒစ်ဂျစ်တယ် နည်းပညာနှင့်ဆက်စပ်နေသော စီးပွားရေး အသက်မွေးမှု ကဏ္ဍ တွင် အရည်အသွေးရှိပြီး ရည်မှန်းချက်အောင်မြင်ပေါက်မြောက်အောင် စွမ်းဆောင်နိုင်သော စီးပွားရေးစီမံခန့်ခွဲမှု ဆိုင်ရာ ကျောင်းသား ကျောင်းသူများ အား ပြုစုပျိုးထောင် မွေးထုတ်ပေးရန်၎င်း၊ စီးပွားရေးကွန်ယက်များနှင့်အပြုသဘောဆောင်သော ချိတ်ဆက်မှုများ တည်ဆောက်ပေးရန်၎င်း ရည်ရွယ်ပါသည်။
ရည်မှန်းချက်
- အသက်မွေးကျောင်းဆိုင်ရာစီးပွားရေးလုပ်ငန်းရပ်တွင်ကျွမ်းကျင်ထက်မြက် စိတ်အားထက်သန်မှုရှိပြီးလက်တွေ့အသုံးချနိုင်သော ခေတ်မှီဒစ်ဂျစ်တယ် နည်းပညာနှင်.ဆက်စပ်နေသော စီးပွားရေးကဏ္ဍစုံ တွင် စီးပွားရေး အသိအမြင် ခံယူချက် နှင့် အသိပညာ ပြည့်ဝသောရှိသော စီးပွားရေးစီမံခန့်ခွဲမှု ဆိုင်ရာ ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။
စီးပွားရေးလုပ်ငန်းနှင့် စီးပွားရေးပညာဌာနဖွဲ့စည်းပုံ
စီးပွားရေးလုပ်ငန်းနှင့်စီးပွားရေးပညာဌာနသည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ဌာနတစ်ခု ဖြစ်ပြီး စီမံခန့်ခွဲမှုပညာဘာသာနှင့်ဝါဏိဇ္ဋဗေဒဘာသာ၊ စာရင်းအင်းပညာဘာသာနှင့် ဘောဂဗေဒဘာသာရပ် သုံးခုဖြင့် ပေါင်းစည်းထားသော ဌာနတစ်ခုဖြစ်ပါသည်။ ဌာနတွင်ပါဝင်သော ဘာသာရပ်အလိုက် ဆရာမများအရေအတွက်ကို အောက်ဖော်ပြပါ ဇယားတွင် ဖော်ပြထားပါသည်။
ရာထူးများ | စီမံခန့်ခွဲမှုပညာနှင့် ဝါဏိဇ္ဇဗေဒ | စာရင်းအင်း ပညာ | ဘောဂ ဗေဒ | စုစုပေါင်း |
---|---|---|---|---|
ပါမောက္ခ | ၁ | – | ၁ | ၂ |
တွဲဖက်ပါမောက္ခ | ၂ | – | – | ၂ |
ကထိက | ၅ | ၂ | ၂ | ၉ |
လက်ထောက်ကထိက | – | – | – | – |
နည်းပြ/သရုပ်ပြ | – | – | – | – |
စုစုပေါင်း | ၈ | ၂ | ၃ | ၁၃ |