သင်္ချာဌာနPlanetCreator2020-08-11T06:12:51+00:00
ရည်ရွယ်ချက်
- • အကြောင်းအကျိုးဆက်စပ်၊ ဆင်ခြင်နိုင်စွမ်းမြင့်မားပြီး၊ အတွေးအခေါ် မှန်ကန်စွာဖြင့် လူနေမှုဘဝ၌ ကြုံတွေ့ရမည့် ကိစ္စအရပ်ရပ်ကို လက်တွေ့ကျကျ၊ တိတိကျကျ၊ မှန်မှန်ကန်ကန် ဖြေရှင်းလုပ်ဆောင်တတ်စေရန်။
ရည်မှန်းချက်
- အတွေးအခေါ် မြင့်မား မှန်ကန်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်။
ရည်မှန်းချက်များ
- ဘက်စုံထူးချွန်၊ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာရန်၊ မွေးထုတ်ရာတွင် အထောက်အပံ့ဖြစ်စေရန်။
သင်္ချာဌာနသမိုင်းအကျဉ်း
- အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်(ယခင် NMC) ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်္ချာဌာနသည်လည်း ဌာနခွဲတစ်ခုအဖြစ် ရပ်တည်ခဲ့ပါသည်။ NMC စတင်ဖွင့်လှစ်ချိန်တွင် အဓိက ဘာသာရပ် BBM နှင့် BA(EPP) (၂)ခုရှိခဲ့ရာ သင်္ချာဘာသာကို ပထမနှစ် BBM အထူးပြု ကျောင်းသား၊ ကျောင်းသူများကို ပို့ချပေးလျက်ရှိပါသည်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် BA(Tourism) ကို စတင်ဖွင့်လှစ်ခဲ့ရာ ပထမနှစ် BA(Tourism) ကျောင်းသား၊ ကျောင်းသူများကို ဒုတိယနှစ်ဝက်တွင် သင်္ချာဘာသာရပ်ကို သင်ကြားပါသည်။ ၎င်းနောက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယနှစ် (သတင်းအတတ်ပညာ) ကျောင်းသား၊ ကျောင်းသူများကို ပထမနှစ်ဝက်တွင် သင်္ချာဘာသာရပ်ကို သင်ကြားပို့ချလျက် ရှိပါသည်။ ယခု ပညာသင်နှစ် (၂၀၁၇-၂၀၁၈ ) တွင် BA(Tourism) မှ ပြောင်းလဲဖွင့်လှစ်သော BTHM သင်တန်းတွင် ပထမနှစ် (ပထမနှစ်ဝက်)တွင် သင်္ချာဘာသာကို သင်ကြားလျက်ရှိပါသည်။
- NMDC သင်္ချာဌာနတွင် အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော ဌာနမှူးများမှာ ဒေါ်ခင်သန်းမြင့် (ကထိက) (၂၀၀၄-၂၀၁၄)၊ ဒေါ်နီလာအေး (ကထိက) (၂၀၁၄ မှ ၂၀၁၈) ဒေါက်တာမြင့်မြင့်စန်း(တွဲဖက်ပါမောက္ခ)(၂၀၁၈-ယနေ့အထိ)တို့ဖြစ်ပါသည်။ လက်ရှိတွင် သင်္ချာဌာန၌တွဲဖက်ပါမောက္ခ(ဌာနမှူး) (၁)ဦး၊ ကထိက (၃)ဦး တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
ဒေါက်တာမြင့်မြင့်စန်း
တွဲဖက်ပါမောက္ခ(ဌာနမှူး)