ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း
သင်တန်းဆိုင်ရာအချက်အလက်အကျဉ်း | |||
---|---|---|---|
၁။ | သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေ | ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာဘွဲ့လွန်ဒီပလိုမာသင်တန်း | |
၂။ | သင်တန်းကာလ | (၉)လ (တင်္နလာနေ့မှ သောကြာနေ့ထိ နေ့စဉ် ၂ နာရီ) (စုစုပေါင်းနာရီ ၃၆၀) | |
၃။ | သင်တန်းအဆင့် | ဘွဲ့လွန်ဒီပလိုမာ | |
၄။ | စတင်ဖွင့်လှစ်သောခုနှစ် | ၂၀ဝ၅ ခုနှစ် (၂၃-၆-၂၀ဝ၅) | |
၅။ | ယနေ့ထိဖွင့်လှစ်ပြီးအကြိမ်ပေါင်း | (၁၁)ကြိမ် | |
၆။ | တစ်ကြိမ်တွင် လက်ခံသော သင်တန်းသားဦးရေ | (၆၀)ဦး | |
၇။ | ယနေ့ထိ ဒီပလိုမာရရှိသူဦးရေ | (၃၉၇)ဦး | |
8 | သင်တန်းအတွက် ဆရာ၊ဆရာမ ရရှိရေးဆောင်ရွက်ခဲ့မှုအစီအစဉ် | ပါမောက္ခ ဒေါက်တာခင်ဆွေမြင့်(အငြိမ်းစား)၊ ဌာနမှူး၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်နှင့်အဖွဲ့မှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်း များ၊ဟိုတယ်နှင့်ခရီးသွားလာရေး သင်တန်းကို တက်ရောက်ပြီးသော တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူ များ၊ သက်ဆိုင်ရာ အခြားဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။ |
သင်တန်းအတွက် ဆရာ၊ ဆရာမ လေ့ကျင့်ပြုစုပျိုးထောင်ထားရှိမှုအခြေအနေ
ဤသင်တန်းဖွင့်လှစ်နိုင်ရန် တက္ကသိုလ်များရှိ ဤသင်တန်းနှင့်ဆက်စပ် ပတ်သက်နေသော ဘာသာရပ်များမှ ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးခဲ့ ပါသည်။ ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့လွန်ဒီပလို မာ (DTSM) သင်တန်း(Course on the Travel Industry)ကိုပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)ရှိ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန တွင် ပထမဦးဆုံးအကြိမ်အဖြစ် ၂၀ဝ၄ ခုနှစ်၊ ဩဂုတ်လမှ ၂၀ဝ၅ ခုနှစ်၊ ဧပြီလ အထိ (၉)လကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်များရှိ(Tourism) နှင့် ဆက်နွယ်သောဌာန(၁၀)ခုမှ ဆရာ၊ ဆရာမ များ (၃၀)ဦးမှ တက်ရောက်ခဲ့ပြီး(DTSM) ဒီပလိုမာရရှိခဲ့ပါသည်။
ထို့နောက် ခရီးသွားလုပ်ငန်းနှင့်စီမံခန့်ခွဲမှုဆိုင်ရာဘွဲ့လွန်ဒီပလို မာ (DTSM) သင်တန်း အမှတ်စဉ်(၁)ကို ၂၀ဝ၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ဖွင့်လှစ်ခဲ့ ပါသည်။ အမှတ်စဉ်(၂) သင်တန်းကို အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်တွင် ၂၀ဝ၇ ခုနှစ်၌ ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။
သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ
Semester I
NO. | Module No. | Module Name | Time | |
---|---|---|---|---|
Lecture (hours) | Tutorial | |||
1 | DTSM-1 | Overview of Travel Industry | 30 | |
2 | DTSM-6 | Hospitality and Related Services | 40 | |
3 | DTSM-2 | Role of the Government in Tourism | 40 | |
4 | DTSM-8 | Transportation Services and Guiding & Escorting | 40 | |
5 | DTSM-5 | Communication English for Tourism | 30 | |
Total | 180 |
Semester II
NO. | Module No. | Module Name | Time | |
---|---|---|---|---|
Lecture (hours) | Tutorial | |||
1 | DTSM-7 | Travel Agencies | 30 | |
2 | DTSM-3 | Tourism Development | 40 | |
3 | DTSM-9 | Economic and Management of Tourism | 40 | |
4 | DTSM-4 | Aspect of Myanmar | 40 | |
5 | DTSM-10 | Communication English for Tourism | 30 | |
Total | 180 |