Bachelor of Business Management (BBM) မိတ်ဆက်
Published by Su Myat Thu · 19 August 2017 · BBM (Bachelor of Business Management) နဲ့ စတင်မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာလိုတော့ “စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာ” ဘွဲ့ပါ။ အနည်းငယ်ရှည်ပေမယ့် ကျောင်းသားတွေအတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။ BBM (Bachelor of Business Management) ဘွဲ့ဟာဆိုရင် NMDCနဲ့ စီးပွားရေးတက္ကသိုလ်ကျောင်း ၂ကျောင်း တွဲဖက် affiliate ပြုလုပ်ပြီးပေးတဲ့ ဘွဲ့ပဲဖြစ်ပါတယ်။ ဒါကြောင့် NMDC မှာ ကျောင်းတက်ပြီး စီးပွားရေးတက္ကသိုလ်မှ အပ်နှင်းတဲ့ ဘွဲ့ကို ရမှာဖြစ်ပါတယ်။ သင်တန်းကာလကတော့ (၄)နှစ် ဖြစ်ပါတယ်။ *Specialized Subjects* BBM မှာ အဓိကသင်ကြားပေးတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ထူထောင်မယ်၊ ထူထောင်တဲ့အခါမှာ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမယ် ဆိုတာတွေပါပဲ။ ရှိနေတဲ့ [...]