Monthly Archives - July 2019

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်အကြောင်း တစေ့တစောင်း

မြန်မာပြည်တစ်ဝန်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူတို့အနေနဲ့ မိမိတို့ အနာဂတ်ထွန်းလင်းတောက်ပရန် တက္ကသိုလ်များအသီးသီးမှာ ပညာသင်ကြားခွင့်ရရှိမည်ဖြစ်ရာ မိမိတို့ စိတ်ဝင်စားရာ ဘာသာရပ်များအလိုက် သင်ကြားနိုင်ရန် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC)ရဲ့အကြောင်း (၁၄-၇-၁၉) မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် သန်းထိုက်၏ မိတ်ဆက်စာကို တင်ပြအပ်ပါသည်။

Read more...

၂၀၁၉-၂၀၂၀ ပညာသင်နှစ် BBM, BA(EPP), BTHM နှင့် BA (Journalism) ပထမနှစ်သင်တန်းဝင်ခွင်လျှောက်လွှာခေါ်ယူမည့်အစီအစဉ်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မေဂျာ ၄ခုဖြစ်သည့် BBM, BA(EPP), BTHM နှင့် BA(Journalism) ပထမနှစ်သင်တန်းများအတွက် သင်တန်းဝင်ခွင့်လျှောက်လွှာများ ခေါ်ယူသွားမည်ဖြစ်ပါသည်။ BBM နှင့်BA(EPP)လျှောက်ထားလိုသော ကျောင်းသားများသည် အမှတ်ပေါင်း (၄၄၀)နှင့် အထက်မှစ၍ လျှောက်ထားနိုင်ပြီး BTHM နှင့် BA(Journalism)အား အမှတ်ပေါင်း (၄၂၀)မှစ၍လျှောက်ထားနိုင်ပါသည်။ Onlineစနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့် လျှောက်ခွင့်ရသည့်နေ့ကို အသေးစိတ် ထပ်မံ၍ကြေညာပေးသွားမှာဖြစ်ပါသည်။

Read more...