Author - Editor

Read more...

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကြက်ခြေနီအသင်းခွဲက ကြီးမှူးပြုလုပ်တဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ ဆဋ္ဌမကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ (၃၀-၇-၂၀၁၉)

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကြက်ခြေနီအသင်းခွဲက ကြီးမှူးပြုလုပ်တဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ ဆဋ္ဌမကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကြီးကို (၃၀-၇-၂၀၁၉) ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပြီး လာရောက်သွေးလှူဒါန်းသူစုစုပေါင်း ၉၂ယောက်ရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ စေတနာရှင် သွေးအလှူရှင်တစ်ဦးအတွက် သိသင့် သိထိုက်တဲ့ ဗဟုသုတဆိုင်ရာ အကြောင်းအရာတွေအပြင် ဆောင်ရန်ရှောင်ရန်တွေကိုပါ ပညာရှင်များက ဝေမျှပေးခဲ့၍ များစွာအကျိုးရှိသည့်ပွဲဖြစ်ပါသည်။ ကျောင်းအုပ်ဆရာမကြီးမှအမှာစကားပြောကြားစဉ်

Read more...

မူးယစ်ဆေးဝါးအန္တရာယ်နှင့် အလွဲသုံးစားမှုအကြောင်း အသိပညာပေး ဟောပြောပွဲ (၂၃-၇-၁၉)

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် အလွဲသုံးစားမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ၂၃.၇.၂၀၁၉ (အင်္ဂါနေ့)၊ နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီအထိ ၊ NCRC Hall တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစံရှိန်၊ စာရေးဆရာအလင်းဆက် (IR)နှင့် လူငယ်များနှင့် ကျောင်းသားထု ဆက်သွယ်ရေး သံတမန်(ဟာသပညာရှင်နှင့် ရုပ်ရှင်သရုပ်ဆောင်) မှ ဦးချစ်ချော၊ မူးယစ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တို့မှ ဆက်လက်၍ အသိပညာပေးဟောပြောသွားခဲ့ပါသည်။ [...]

Read more...

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်အကြောင်း တစေ့တစောင်း

မြန်မာပြည်တစ်ဝန်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူတို့အနေနဲ့ မိမိတို့ အနာဂတ်ထွန်းလင်းတောက်ပရန် တက္ကသိုလ်များအသီးသီးမှာ ပညာသင်ကြားခွင့်ရရှိမည်ဖြစ်ရာ မိမိတို့ စိတ်ဝင်စားရာ ဘာသာရပ်များအလိုက် သင်ကြားနိုင်ရန် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC)ရဲ့အကြောင်း (၁၄-၇-၁၉) မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် သန်းထိုက်၏ မိတ်ဆက်စာကို တင်ပြအပ်ပါသည်။

Read more...

၂၀၁၉-၂၀၂၀ ပညာသင်နှစ် BBM, BA(EPP), BTHM နှင့် BA (Journalism) ပထမနှစ်သင်တန်းဝင်ခွင်လျှောက်လွှာခေါ်ယူမည့်အစီအစဉ်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မေဂျာ ၄ခုဖြစ်သည့် BBM, BA(EPP), BTHM နှင့် BA(Journalism) ပထမနှစ်သင်တန်းများအတွက် သင်တန်းဝင်ခွင့်လျှောက်လွှာများ ခေါ်ယူသွားမည်ဖြစ်ပါသည်။ BBM နှင့်BA(EPP)လျှောက်ထားလိုသော ကျောင်းသားများသည် အမှတ်ပေါင်း (၄၄၀)နှင့် အထက်မှစ၍ လျှောက်ထားနိုင်ပြီး BTHM နှင့် BA(Journalism)အား အမှတ်ပေါင်း (၄၂၀)မှစ၍လျှောက်ထားနိုင်ပါသည်။ Onlineစနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့် လျှောက်ခွင့်ရသည့်နေ့ကို အသေးစိတ် ထပ်မံ၍ကြေညာပေးသွားမှာဖြစ်ပါသည်။

Read more...
Read more...

အသက်(၁၈)နှစ်အောက် တက္ကသိုလ်များ ဘောလုံးအသင်း လူရွေးချယ်ပွဲ

အဆင့်မြင့်ပညာဦးစီးဌာနမှ MNL Youth (U-18) တက္ကသိုလ်များ ဘောလုံးအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကိစ္စအကြောင်းကြားစာအား ကျောင်းသားများသိရှိစေရန် ကြော်ငြာအပ်ပါသည်။ MNL Youth (U-18) တက္ကသိုလ်များ ဘောလုံးအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် လူရွေးချယ်ပွဲပြုလုပ်မည်ဖြစ်ပါသဖြင့် (၁-၁-၂၀၀၁)နောက်ပိုင်းမွေးဖွားသူ ဘောလုံးဝါသနာပါသော ကျောင်းသားများ ပူးတွဲပါပုံစံအားကြည့်ရှု၍ ပါဝင်ယှဉ်ပြိုင်ရွေးချယ်နိုင်ပါသည်။

Read more...

“University Contestants invitation for ESC- States & Regions Startup Competition”

“ESC” ပြိုင်ပွဲများသည် ပြည်တွင်းမှ တီထွင်သူ လူငယ် လူရွယ်များ၊ စွန့်ဦးဖန်တီးလုပ်ဆောင်မှုများအား ပိုမိုတွန်းအားပေးစေခြင်းဖြစ်ပြီးBusinessPlan ဖြင့် ပေါင်းစပ်ယှဉ်ပြိုင်ရသော  နိုင်ငံ့အကျိုးပြု အစီအစဉ်တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ ESC Myanmar အနေဖြင့် ၂၀၁၉ခုနှစ် မတ်လ၊ ဧပြီလနှင့် မေလများတွင် ပြည်နယ်နှင့်တိုင်းအလိုက် (ရန်ကုန်၊ မော်လမြိုင် ၊ မန္တလေး ၊ တောင်ကြီး) မြို့များတွင် ပြိုင်ပွဲများပြုလုပ်သွားမည်ဖြစ်ပြီး စွန့်ဦးတီထွင်လူငယ်၊ လူရွယ်များသို့  ဖြန့်ကျက် ဖိတ်ခေါ်လျက်ရှိပါသည်။ ယခုပြည်နယ်နှင့်တိုင်းပြိုင်ပွဲများတွင်  ဆုရရှိသူများအား ၂၀၁၉ခုနှစ်တွင် ESC Myanmar နိုင်ငံလုံးဆိုင်ရာပြိုင်ပွဲတွင် [...]

Read more...