ANNOUNCEMENTS

“University Contestants invitation for ESC- States & Regions Startup Competition”

“ESC” ပြိုင်ပွဲများသည် ပြည်တွင်းမှ တီထွင်သူ လူငယ် လူရွယ်များ၊ စွန့်ဦးဖန်တီးလုပ်ဆောင်မှုများအား ပိုမိုတွန်းအားပေးစေခြင်းဖြစ်ပြီးBusinessPlan ဖြင့် ပေါင်းစပ်ယှဉ်ပြိုင်ရသော  နိုင်ငံ့အကျိုးပြု အစီအစဉ်တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ ESC Myanmar အနေဖြင့် ၂၀၁၉ခုနှစ် မတ်လ၊ ဧပြီလနှင့် မေလများတွင် ပြည်နယ်နှင့်တိုင်းအလိုက် (ရန်ကုန်၊ မော်လမြိုင် ၊ မန္တလေး ၊ တောင်ကြီး) မြို့များတွင် ပြိုင်ပွဲများပြုလုပ်သွားမည်ဖြစ်ပြီး စွန့်ဦးတီထွင်လူငယ်၊ လူရွယ်များသို့  ဖြန့်ကျက် ဖိတ်ခေါ်လျက်ရှိပါသည်။ ယခုပြည်နယ်နှင့်တိုင်းပြိုင်ပွဲများတွင်  ဆုရရှိသူများအား ၂၀၁၉ခုနှစ်တွင် ESC Myanmar နိုင်ငံလုံးဆိုင်ရာပြိုင်ပွဲတွင် ထပ်မံပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ဆက်လက်၍ ASEAN Young Entrepreneurs Challenge သို့ဆက်လက်ယှဉ်ပြိုင်စေမည်ဖြစ်သည်။  ပြိုင်ပွဲတစ်လျှောက်တွင် သင်တန်းများပို့ချခြင်း ၊ ပညာရှင်များ၏အကြံပေးခြင်း ၊ လမ်းညွှန်မှုပြုပေးခြင်း နှင့် စီးပွားရေးအဆက်အသွယ်များ ချိတ်ဆက်ခြင်း အစီအစဉ်များကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လူငယ်၊ လူရွယ်များအတွက် အတွေ့အကြုံကောင်းများစွာရရှိစေမှာဖြစ်ပါသည်။
ESC Myanmar အနေဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာစေရေးအတွက် သုတေသနများ၊ တီထွင်ဖန်တီးမှုများနှင့် စီးပွားရေးလုပ်ငန်းများအား အားပေးဖွံ့ဖြိုးစေမှုပြုရမည်ဖြစ်ကြောင်း မှတ်ယူထားပြီး နိုင်ငံဖွံ့ဖြိုးရေးတွင် တစ်ထောင့်တစ်နေရာမှပါဝင်နိုင်ရန် ရည်ရွယ်ထားပါသည်။ သို့ဖြစ်ပါ၍  တက္ကသိုလ်များမှ ဝင်ရောက်ယှဉ်ပြိုင်လိုသူ အသက် (၁၈နှစ်မှ ၃၅နှစ်ကြား) လူငယ်၊ လူရွယ်များကို ယခု “ESC – States & Regions Startup Competition” တွင်ပါဝင်နိုင်ပါရန်အတွက်  လေးစားစွာဖြင့် အသိပေးဖိတ်ခေါ်အပ်ပါသည်။
ပြိုင်ပွဲဝင်လိုသူများ အောက်ပါ Link မှတဆင့် စာရင်းသွင်းနိုင်ပါသည်

Competition Application Form : https://goo.gl/forms/AjzwnpRGUNoiTnlG2

ESC-States & Regions Startups Competitions Proposal for Contestants

ESC-States & Regions Competition for Contestants

Share this post