ANNOUNCEMENTS

NMDC မှ ကျောင်းသူကျောင်းသားများအတွက် YDSC (Yangon Data Science Community) နှင့် NMDC SU တို့ ပူးပေါင်းပြီး DATA SCIENCE ကို သင်ယူနိုင်မည့် အခွင့်အရေး။

NMDC မှ ကျောင်းသူကျောင်းသားများအတွက် YDSC (Yangon Data Science Community) နှင့် NMDC SU တို့ ပူးပေါင်းပြီး DATA SCIENCE ကို သင်ယူနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည့် –

What’s YDSC?

YDSC ဆိုတာ Data Science အရွေ့တစ်ခုကို ဖော်ဆောင်နေသည့် Impact-driven Organization တစ်ခုပဲဖြစ်ပါသည်။ ဒေတာအချက်အလက်တွေကို အသုံးပြုပြီး လူမှုအကျိုးပြု လုပ်ငန်းများ ၊ လူထုပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ချက်နဲ့ ဒေတာအချက်အလက်များနှင့် ပက်သတ်သည့် လူထုပညာပေးလုပ်ငန်းစဉ်များ ၊ အတွေ့အကြုံ နှီးနှောဖလှယ်ပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများ၊ ‌ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစီရင်ခံစာများ၊ သုတေသနလုပ်ငန်းများနှင့် အချက်လက်အသုံးချ လူမှုအကျိုးပြုလုပ်ငန်းများကို အခြားမိတ်ဖက်အဖွဲ့စည်းများနှင့် တွဲဖက်ကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိပါသည်။

About fruitful outcomes of YDSC study group

  • Yangon Data Science Community ကနေ အစုအဖွဲ့နှင့် လေ့လာသင်ယူသည့် အစီအစဉ်တစ်ခုကို July 13 2020 မှာ စတင်မိတ်ဆက်ခဲ့ပါသည်။

Data Science Career အတွက် လိုအပ်သော အခြေခံအရည်အချင်းများကို ပြင်ဆင်ရန်အတွက် ရည်ရွယ်ချက်နှင့် ကျောင်းသားများ ၊ Data Science နယ်ပယ်အတွင်း စတင်လိုသူများနှင့် Career အကူးအပြောင်းလုပ်ရန် ပြင်ဆင်နေသူများအတွက် ရည်ရွယ်ကာ စတင်ခြင်းဖြစ်ပါသည်။

first study groupမှာ တက်ကြွစွာ ပါဝင်ချင်ပြီး comment ရေးသူ အယောက် 300မှ သေချာစွာ အယောက် 90 ကို ပြန်လည် စိစစ်ရွေးချယ်ပြီး studyingလုပ်ခဲ့ကြရာ 53 ယောက်က YDSC မှ စစ်ဆေးသော Accessment Test တွေကို အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ယခုလျှင် အစုအဖွဲနှင့် လေ့လာသင်ယူပြီး ၊ အဆုံးတိုင် အောင်အောင်မြင်မြင် ပြီးဆုံးသွားသည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ယနေ့အထိ 31 ‌‌ယောက် ရှိနေပြီဖြစ်ပါသည်။

Core Values

ယခုလို Data Science အရွေ့တစ်ခုကို ဖော်ဆောင်ရာမှာ နယ်ပယ်အမျိုးမျိုး မှာလုပ်ကိုင်နေသည့် Data People တွေရဲ့ YDSC ရဲ့ Activities တွေကို ဘယ်လိုထင်မြင်ယူဆသလဲ ၊ နောက်ဘယ်လို Activities မျိုးတွေမှာ ပါဝင်ချင်သလဲ ၊ YDSC နှင့်အတူတူ Career Development အတွက် နောက်ထပ် ဘာတွေလုပ်ချင်သေးလဲ စသည့် အသင်းဝင်တွေရဲ့ လိုအပ်ချက်၊ စိတ်ဝင်စားမှု အစရှိတာတွေကိုလည်း YDSC ကနေ အမြဲမပြတ် နားထောင်နေပါသည်။ ထို့‌ကြောင့် ပိုမိုကောင်းမွန်သည့် Community တစ်ခုဖြစ်လာအောင် လူတိုင်းပါဝင်ပြီး ၊ အကြံဉာဏ်များ မျှဝေဖို့ကိုလည်း ​​မျှော်လင့်ပါသည်။

“How to Join YDSC Open Study Groups” Webinar for NMDCers (Open Data Science Education)

YDSC ၏ တစ်လတစ်ကြိမ်ပြုလုပ်သည့် Open Data Science Education အစီအစဉ်မှာ ယခုအကြိမ်အတွက် ဆွေးနွေးပေးမည့် ခေါင်းစဉ်က  How to Join YDSC Open Study Groups  ဖြစ်ပါသည်။ YDSC ကနေပြုလုပ်တဲ့ Open Study Group တွေက ဘာတွေ လေ့လာနေတာလဲ ၊ ဘယ်လိုပုံစံနဲ့လေ့လာကြလဲ ၊ ဘယ်လိုလူတွေပဲ ပါဝင်ခွင့်ရလဲ ၊ ဘယ်လိုပါဝင်လို့ရလဲ ၊ ဘယ်လို စည်းကမ်းချက်တွေရှိလဲ ဆိုတာတွေကို Zoom Application ကနေတစ်ဆင့် Webinar ပြုလုပ်ပြီး NMDCers တွေကို ရှင်းပြပေးသွားမှာ ဖြစ်ပါသည်။

ဘယ်လိုလူတွေ တက်သင့်လဲ?

ဒီပွဲကို Data ကို ကိုင်တွယ်အသုံးချနေသည့် သူပဲဖြစ်ဖြစ် ၊ Data ကို စိတ်ဝင်စားလို့ လေ့လာနေသူပဲဖြစ်ဖြစ် ၊ Data နဲ့ဆက်စပ်နေသည့် နည်းပညာနယ်ပယ်မှာ လေ့လာသင်ယူနေသည့် သူပဲဖြစ်ဖြစ် Data Science ကို စိတ်ဝင်စားသည့် NMDC က ကျောင်းသားကျောင်းသူတွေကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

ဘယ်လိုပါဝင်လို့ရမလဲ??

လာမည့် 20 (20th September) ရက်နေ့ 6:00 PM – 8:00 PM မှာ ပြုလုပ်မည့် Webinar Session မှာ ပါဝင်ချင်တယ်ဆိုရင် အခုပဲ (https://forms.gle/LTb16CnppCXtUaZW8) ကနေ အခမဲ့စာရင်း‌‌ပေးသွင်းပြီး တက်ရောက်လို့ရပြီ ဖြစ်ပါသည်။

 

Share this post