ကြေညာချက်များ

EPP Week : Planning a Promising Career for your Future

ပြီးခဲ့သော အပတ်တွေမှာ JNL,BBM,TM စတဲ့မေဂျာအသီးသီးရဲ့ မတူညီတဲ့ခေါင်းစဉ်တွေနဲ့ discussions, workshopတွေ ပြုလုပ်ပြီးတဲ့ နောက်မှာ NMDC virtual student forum 2.0 ရဲ့နောက်ဆုံးအပတ်‌ဖြစ်တဲ့ EPP weekလေးကိုရောက်ရှိလာပါပြီ

ဒီတစ်ခေါက်မှာတော့ EPP student Association(EPP SA) အနေနဲ့ ” Planning a Promising Career for your Future” ခေါင်းစဉ်နဲ့ ကျင်းပသွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေအတွက် မိမိရဲ့ future careerမှာလိုအပ်တဲ့ soft skills, foundation steps နဲ့ tips and experience sharingတွေ, ကိုယ်စိတ်ဝင်စားတဲ့ industry/field ကို အကြံ‌ပြုဆွေးနွေးနိုင်မဲ့ career mentorship တွေ စသဖြင့် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးနဲ့နည်းလမ်းတွေကို လေ့လာသိရှိခွင့်ရမဲ့ panel discussion, workshop sessions တွေစီစဉ်ထားပါတယ်

ဒီ event  ကိုလာမည့် ဩဂုတ်လ ၁၅,၁၆မှာ ပြုလုပ်သွားမှာဖြစ်ပြီး..

Day 1 : ၁၅ ရက်နေ့အတွက် Panel discussionကို industry မျိုးစုံကအထူးဖိတ်ကြားထားတဲ့ panelist တွေနဲ့ Facebook Page ကနေ live ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်

Panelist များကို သိလိုသမျှမေးခွန်းတွေလဲမေးနိုင်မှာမို့ ကြိုတင်ပြင်ဆင်ဖို့လဲတိုက်တွန်းချင်ပါတယ်

Day 2 : ၁၆ရက်နေ့အတွက် Workshop breakout sessions တွေကိုတော့ မတူညီတဲ့ခေါင်းစဉ်‌တွေ field မျိုးစုံက speaker တွေနဲ့အတူ ကျောင်းသားကျောင်းသူတွေပါဝင်ဆွေးနွေးနိုင်မဲ့ zoom platform ကနေတဆင့်ပြုလုပ်သွားမှာဖြစ်ပါတယ် Morning and evening breakout session ဆိုပြီးနှစ်မျိုးခွဲကာ ခေါင်းစဉ်ခွဲ၄ခုအပေါ် မိမိကြိုက်နှစ်သက်ရာ workshop နှစ်ခု (မနက်တစ်ခု ညနေတစ်ခု)နှင့် ကျောင်းသားကျောင်းသူ အယောက်၂၀၀ တက်ရောက်နိုင်မှာဖြစ်ပါတယ် workshop တစ်ခုကို အယောက်၅၀ သာ သတ်မှတ်ထားပြီး digital certificate တွေပေးအပ်သွားမှာဖြစ်ပါတယ်

အစီအစဉ်အသေးစိတ်ကို ဒီနေ့ကစပြီး နေ့စဉ် တင်ပြပေးသွားမှာမို့ စိတ်ဝင်စားသူ ကျောင်းသား ကျောင်းသူတွေအနေနဲ့ NMDC SU pageနဲ့ EPP SA pageတွေမှာ လက်လွှတ်မခံဘဲ စောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်

အားလုံးပဲ မပါမဖြစ် ပါသင့်တဲ့အခွင့်အရေးကောင်းလေးမို့ ပါဝင်ကြစေလိုပါတယ်

#NMDCSUxEPPSA #EPPStudentAssociation #EPPweek #NMDCVSF2.0 #PlanningaPromisingCareerforyourFuture

Share this post