အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် စာကြည့်တိုက်ဌာန
အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်ကို ၂၀ဝ၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွင့်လှစ် ခဲ့သော်လည်း စာကြည့်တိုက်ကို ၂၀ဝ၅ခုနှစ်၊ ဇွန်လတွင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၆ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ် စာကြည့်တိုက်ဖြစ်လာသည်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် စာကြည့်တိုက်ကို ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း နှင့် ၅၄ လမ်းထောင့်အမှတ် ၂၇၃၊ ၂၇၉ တွင် ဖွင့်လှစ်ထားပါသည်။ ပင်မဆောင်အောက်ထပ်အခန်းနံပါ တ် (NMC-105,106,107) တွင် ဖွင့်လှစ် ထားပါသည်။
စာကြည့်တိုက်ကို တနင်္လာနေ့မှ သောကြာနေ့အထိ ၉း၃၀ မှ ၆းဝ၀ ထိဖွင့်လှစ်ထားပြီး စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များတွင် ပိတ်ပါသည်။ စာကြည့်တိုက်မှူးမှာ ဒေါ်အေးအေးမွန်ဖြစ်ပြီး စုစုပေါင်း ဝန်ထမ်း(၄)ဦးရှိပါသည်။စာကြည့်တိုက်၏အဓိကလုပ်ငန်းဖြစ်သောစာငှါးလုပ်ငန်း၊ရည်ညွှန်းလုပ်ငန်း e-library ၊လုပ်ငန်းနှင့်စာကြည့်တိုက်စီမံခန့်ခွဲမှု့လုပ်ငန်းများကိုလုပ်ဆောင်ပေးပါသည်။
စာကြည့်တိုက်တွင်စာအုပ်ပေါင်း(၂၀ဝဝဝ)ခန့်ရှိပြီး၊မြန်မာစာအုပ်(၃၀ဝဝ)ခန့်၊အင်္ဂလိပ်စာအုပ်(၉၀ဝဝ)ခန့်၊ မြန်မာမဂ္ဂဇင်း(၃၀ဝဝ)ခန့်၊ အင်္ဂလိပ်မဂ္ဂဇင်း(၁၀ဝဝ)ခန့်၊ မြန်မာဂျာနယ်(၂၀ဝဝ)ကျော်၊ အင်္ဂလိပ်ဂျာနယ် (၁၀ဝဝ)ခန်၊ e-book (၁၀ဝဝ)ခန့်ရှိပါသည်။ Term Paper များ၊ မေးခွန်းဟောင်းများလည်း စုဆောင်ထား ရှိပါသည်။
ဤကောလိပ်မှ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ဝန်ထမ်းသည် စာအုပ်များကို ငှါးရမ်းနိုင်ပါသည်။
စာကြည့်တိုက်ဖွင့်ချိန်
9:30 am to 4:30 PM (Monday –Friday)
[P.S.: closed on gazette holidays]
နေရာ
No. 273,279 Marchant Road, Botataung Township, Yangon



