သတင်းအတတ်ပညာဘာသာရပ်မိတ်ဆက်
ဝိဇ္ဇာဘွဲ့သတင်းအတတ်ပညာဘာသာရပ်သည် အဓိကဘာသာရပ်ပေါင်း ၃၈ ရပ် ကို လေးနှစ်သင်ယူ ရသော ဘာသာရပ်ဖြစ်ပါသည်။ ပညာသင်နှစ်တစ်ခုတွင် ပညာသင်နှစ်၏စာသင်ကာလ၂ခု ပါဝင်သည်။ စာသင်ကာလ ၁ခုတွင် ဘာသာရပ် ၆ဘာသာသင်ကြားပေးလျက်ရှိပါသည်။ ကျောင်းသားကျောင်းသူများ သည် လုပ်ငန်းခွင်လက်တွေ့ကွင်းဆင်း လေ့လာခြင်း သုံးလ ကို တတိယနှစ် နှင့်စတုတ္ထနှစ်၏ စာသင်နှစ်အပြီးတွင် လေ့လာသင်ယူကြရပါသည်။ ဘာသာရပ်၏ သင်ယူမှုရလဒ်များကို လက်တွေ့ သတင်းလိုက်ခြင်း၊ သတင်း ရေးသားခြင်း၊ သတင်းဆောင်းပါးရေးသားခြင်း၊ တည်းဖြတ်ခြင်း၊ အတန်း တင်စာမေးပွဲစစ်ဆေးခြင်း၊ နည်းပြတန်းရမှတ် များဖြင့်စစ်ဆေးခြင်း၊ လက်တွေ့လေ့လာချက်များကို ပြန်လည်တင်ပြခြင်း စသည့်နည်းလမ်းများဖြင့် အကဲဖြတ် စိစစ်ပါသည်။ စာတမ်းငယ်များကို နောက်ဆုံးနှစ် ကျောင်းသား၊ကျောင်းသူများက ဒုတိယ စာသင်နှစ်ဝက်အပြီးတွင် တင်ပြရပါသည်။ စာသင်ကြားမှု ပုံစံသည် စာတွေ့၊လက်တွေ့ ပေါင်းစပ်ကာ သင်ကြားပေးလျက်ရှိပါသည်။ သင်ကြားမှုပုံစံကို ပိုမိုပံပိုးပေးရန်အတွက် ပြင်ပဧည့်သည်များ၊ မီဒီယာ အတတ်ပညာဆိုင်ရာကျွမ်းကျင်ရှင်များဖြင့် ဆွေးနွေးနှီးနှောဖလှယ်ပွဲများဖြင့် ပုံမှန်ကျင်းပပေးလျက်ရှိပါသည်။ သတင်းအတတ်ပညာဘာသာရပ်အတွက် သင်ကြားရေးအထောက် အကူပြုပစ္စည်းများအဖြစ် အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများကို အသုံးပြုကာပံ့ပိုးသင်ကြားပေးလျက် ရှိပါသည်။
ဘာသာရပ်၏ရည်ရွယ်ချက်
အဆင့်မြင့်ပညာရေးအတွေ့အကြုံများကို နိုင်ငံတကာအဆင့်မှီ ပံ့ပိုးပေးနိုင်ရန်။
ကျောင်းသား၊ကျောင်းသူများကို မီဒီယာလုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါတွင် အထောက်အကူ ပြုနိုင်ရန်အတွက် အသိပညာ၊အတတ်ပညာများကို အခြေခံကာ စာတွေ့လက်တွေ့ ကျွမ်းကျင်လာစေရန် ထိရောက်စွာသင်ကြားပေးရန်။
ယူနက်စကို၏သင်ရိုးညွှန်းတမ်းများကိုအခြေခံကာ ပြောင်းလဲနေသော မီဒီယာဝန်းကျင်နှင့်ကိုက်ညီ သော သင်ကြားသင်ယူမှုပုံစံများဖြင့်ပံ့ပိုးပေးရန်။
M.A (Qualify) Courses
MA(Q) | ||
---|---|---|
ENG- 4001 | English | (3-credits) |
JNL- 4201 | Feature Writing for Newspaper I | (4-credits) |
JNL- 4202 | Radio Broadcasting Management I | (4-credits) |
JNL- 4203 | Management for Television Programme I | (4-credits) |
JNL- 4204 | Printing and Publication Management I | (4-credits) |
JNL- 4205 | Management for Information Technology I | (4-credits) |
ENG-4002 | English | (3-credits) |
JNL- 4206 | Feature Writing for Newspaper II | (4-credits) |
JNL- 4207 | Radio Broadcasting Management II | 4-credits) |
JNL- 4208 | Management for Television Programme II | (4-credits) |
JNL- 4209 | Printing and Publication Management II | (4-credits) |
JNL-4210 | Management for Information Technology I | (4-credits) |