အမျိုးသားစီမံခန့်ခွဲမှုပညာ
ဒီဂရီကောလိပ် NMDC ရဲ့ နှစ်စဉ်ကျင်းပနေကျ ပညာရေးဆိုင်ရာ ပွဲတစ်
ခုဖြစ်တဲ့ Open Campus 2018:Your college , Your Future ဆိုတဲ့ Edu Fair လေးကို သြဂုတ်လ (၉) ရက်နေ့ မှာ ကျင်းပပြုလုပ်သွားမှာဖြစ်
ပါတယ်။
ယခုနှစ် ၂၀၁၇-၁၈ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ြမင်ပြီးတဲ့ မောင်လေး၊ညီမလေးများအားလုံး လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ် ။ ဒီပွဲလေးမှာဆိုရင် ဆယ်တန်းအောင်မြင်ပြီးတဲ့ မောင်လေး ညီမလေးတို့အတွက် အနာဂတ်ပညာရေးလမ်းကြောင်းကိုရွေးချယ်ရာမှာ မိမိနဲ့ကိုက်ညီတဲ့ ဘာသာရပ်တွေ မိမိတကယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင့်ရန်အတွက် အထောက်အကူဖြစ်စေဖို့ ကျင်းပပြုလုပ်တာဖြစိပါတယ်။
NMDC နဲ့ပတ်သတ်ပြီး ဒီကျောင်းဟာ ဘယ်လိုကျောင်းမျိုးလဲ။ ဘယ်လို ဘာသာရပ်တွေကို သင်တာလဲ။ သင်ရိုးညွှန်းတမ်းတွေက ဘယ်လိုမျိုးလဲ စသဖြင့် မောင်လေး ညီမလေးတို့ သိချင်နေကြမယ့် အကြောင်းအရာတွေကို ရှင်းပြပေးမယ့်အပြင် ကျောင်းရဲ့ Campus ကျောင်းဝင်းအတွင်းကိုလဲ စီနီယာကိုကို၊မမများက လှည့်လည်ပြသပေးမယ့် အစီအစဉ် တွေ ပါဝင်မှာပါ။
ဒါ့အပြင် အခုခေတ်ကျောင်းသား၊ေကျာင်းသူတွေအနေနဲ့ မိမိပညာရေးလမ်းကြောင်းကိုရွေးချယ်ရမှာ အဓိက ထားစဉ်းစားရမယ့်အရာတစ်ခုဖြစ်တဲ့ Career opportunity နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုလဲ NMDC ကနေ ကျောင်းပြီးလို့ အလုပ်ခွင်ဝင်နေကြတဲ့ အောင်မြင်တဲ့ နယ်ပယ်အသီးသီးက စီနီယာ Alumni ကိုကို၊မမ များက ရှင်းပြလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။
ဒီပွဲလေးကို မောင်လေးညီမလေးတို့သာ မကဘဲ မိမိရဲ့ မိဘဆွေမျိုးတွေ ဆရာ၊ဆရာမတွေကိုပါ NMDC ရဲ့အကြောင်းပိုမိုသိရှိနိုင်ဖို့ NMDC Open Campus:Your college ,Your future ဆိုတဲ့ Education fair လေးကိုလာရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်
စိတ်ဝင်စားလို့လာရောက်မယ့်သူတွေအနေနဲ့ အောက်ပါ link လေးကို နှိပ်ပြီး register ဖြည့်ဖို့လဲ မမေ့ပါနဲ့နော်
https://goo.gl/forms/hldd6B9B26N7ePNP2
NMDC Open campus 2018:Your college, Your future
နေ့ရက် -သြဂုတ်လ ၉ရက်နေ့(ကြာသပတေးနေ့)
အချိန် -နံနက် ၉နာရီခွဲမှ ၁နာရီအထိ
နေရာ -Tourism Hall(ဒုတိယထပ်)၊၅၅လမ်း(အောက်ဘလောက်)[ဂန္ဒီဆေးရုံအပေါက်ဝ၏ မျက်စောင်းထိုးလမ်းမှဝင်ရန်] ၊အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။