ကြေညာချက်များ

nmdc.edu.mm နဲ့ G Suite for Education အကြောင်း တစ်စေ့တစ်စောင်း

 

NMDCers တို့ရေ…

Stay Home ကာလမှာ ပျင်းနေကြပြီလား။ ဘာပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ ကိုယ့်အတွက် အကျိူးရှိတာ တစ်ခုခု လုပ်နေမယ်လို့ ယုံကြည်ပါတယ်။ အခုအချိန်မှာ NMDC ကျောင်းအနေနဲ့လည်း ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာရယ် နောက်ပိုင်းကာလတွေမှာလည်း Online Learning တွေ လုပ်နိုင်မလားဆိုရယ်က အသေအချာမပြောနိုင်သေးပါဘူး။

ဒါပေမယ့် ဒီနေ့မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းကနေပြီးတော့ ဝယ်ထားတဲ့ Domain Name နဲ့ ကျောင်းသားတွေကို ပေးထားတဲ့ G Suite Mail မှာ ပါတဲ့ Digital Tools တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီ Post ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီ Tools တွေနဲ့ Online Learning ကို လုပ်မယ်လို့ မဆိုလိုပါဘူး။ ဒီ ရောဂါကြီးကဘယ်အချိန်မှ ပြီးမယ်ဆိုတာ ဘယ်သူမှ မသိကြသေးပါဘူး တကယ်လို့ Online Learning လုပ်ဖြစ်တယ်ဆိုရင်လည်း ဒီလို Tools တွေနဲ့ ရင်းနှီးထားတယ်ဆိုရင် ပိုပြီးလွယ်ကူမှာဖြစ်သလို Online Learning မလုပ်ဖြစ်ပေမယ့် ဘွဲ့ရလို့ လုပ်ငန်းခွင်ထဲ ရောက်တဲ့ အခါကျရင် ဒီလို Tools တွေသုံးတတ်နေရင် ကိုယ့်အတွက် ပိုအကျိူးရှိမှာပါ။

အဲ့ဒါကြောင့် NMDCers တွေအတွက် အသုံးဝင်မယ့် G Suite Mail နဲ့ သူ့မှာပါတဲ့ Tools လေးတွေအကြောင်းကို ပြောပြချင်ပါတယ်။

Domain Name and G Suite Mail

ပထမဆုံးပြောချင်တာကတော့ ကျောင်းက ပိုင်တဲ့ Domain Name နဲ့ ကျောင်းသားတွေကို ပေးထားတဲ့ G Suite အကြောင်းပါ။ NMDC အနေနဲ့ nmdc.edu.mm ဆိုတဲ့ Domain Name တစ်ခုပိုင်ပြီးတော့ အဲ့ Domain မှာ website ကို hosting လုပ်ထားတယ်ဆိုတာ တော်တော်များများသိကြမယ်ထင်ပါတယ်။ နောက်ပြီး ကျောင်းသားတွေကို လည်း G Suite Mail တစ်ခုစီပေးထားတာ အကုန်လုံးရမယ်ထင်ပါတယ်။ Website အနေနဲ့ အရမ်းကြီး Interactive မဖြစ်သေးပေမယ့် ပေးထားတဲ့ G Suite Mail ကတော့ သုံးလို့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း အဲ့ G Suite Mail ကို sign up လုပ်ပြီး သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

အခုလက်ရှိမှာ ကျောင်းကပေးထားတဲ့ G Suite ကတော့ G Suite For Education ပါ။ သူက ရိုးရိုး Google Account တွေနဲ့ ဘာကွာသွားလဲဆိုရင် G Suite For Education မှာက ကျောင်းသားတွေအတွက် အသုံးဝင်မယ့် apps တွေကို Free သုံးလို့ရတာပါ။ ဥပမာဆိုရင် ပုံမှန် Google Account ရဲ့ Google Drive မှာ Storage က 15 GB ပဲရပြီးထပ်လိုချင်ရင်တော့ ပိုက်ဆံပေးဝယ်ရပါတယ်။ ဒါပေမယ့် ကျောင်းကပေးတဲ့ G Suite Account မှာတော့ Google Drive ရဲ့ Storage က Unlimited ပါ။ နောက်ပြီး Google Meet မှာ Meeting တွေကို Host လုပ်ချင်ရင်တော့ G Suite account နဲ့ပဲ host လုပ်လို့ရပါတယ် ရိုးရိုး Google Account နဲ့ဆိုရင်တော့ Meeting တွေကို join လို့ပဲရပါတယ်၊ hosting လုပ်လို့မရပါဘူး။ အဲ့လိုလေးတွေ ကွာပါတယ်၊ တခြားကွာတာလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် ဝင်ကြည့်ပြီး explore လုပ်တာက ပိုကောင်းပါလိမ့်မယ်။ ဒီလောက်ဆိုရင်တော့ ကျောင်းကပေးတဲ့ G Suite နဲ့ Domain အကြောင်းကို နည်းနည်း နားလည်သွားမယ်ထင်ပါတယ်။

 

Google Drive

အဲ့ဒါဆိုရင် ကျွန်တော်တို့ G Suite For Education မှာပါတဲ့ Tools တွေအကြောင်း ဆက်ပြောလိုက်ရအောင်။ ပထမဆုံးပြောပြပေးချင်တာကတော့ Google Drive ပါ။ အရှင်းဆုံးပြောရရင် Google Drive ဆိုတာ Online Cloud (File Storage) ပါပဲ။ G Suite ရဲ့ Docs, Sheets, Slides, Forms စတဲ့ Files အကုန်လုံးကို Auto Save လုပ်ပေးမယ့်အပြင် မိမိကြိုက်နှစ်သက်ရာ ဓာတ်ပုံ၊ ဗီဒီယို၊ Document မျိုးစုံကို Upload လုပ်ပြီးသိမ်းထားလို့ရပါတယ်။

ကိုယ်သိမ်းထားသမျှ Files/Folders တွေအကုန်လုံးကို Collaborator သို့ Link Sharing လုပ်ပြီး အကန့်အသတ်မရှိ Share လုပ်လို့ရပါတယ်။ သာမန် G Mail နဲ့ဆိုရင် 15 GB ပဲ Free ရပေမယ့် Domain အကောင့်နဲ့ဆို Unlimited မိုလို့ အခွင့်အရေးကို လက်လွတ်မခံသင့်ဘူးနော်။ အသုံးပြုနည်း အသေးစိတ်ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

https://www.youtube.com/watch?v=82CUzgqUxKU

 

Google Docs

Google Docs ကို မြင်လွယ်အောင်ပြောရမယ်ဆိုရင် သူက Microsoft Word ရဲ့ online version လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူက Microsoft Word ထက် Colloborate လုပ်လို့ ပိုကောင်းပါတယ်။ နောက်ပြီး ရေးထားတဲ့ စာတွေ အကုန်လုံးကလည်း Google Drive ထဲရောက်သွားတာမို့လို့ save မလုပ်ရလို့ ပျက်သွားတဲ့ ကိစ္စတွေ မရှိတော့ပါဘူး။ Assignment တစ်ခုကို Group လိုက်ပေါင်းရေးရတော့မယ်ဆိုရင် Microsoft Word မှာ File တစ်ခုချင်း ခွဲရေးနေတာထက်စာရင် Google Docs မှာ တချိန်တည်းမှာ အကုန်ဝင်ရေးကြတာက ပိုပြီးတော့ မြန်ဆန်စေမှာပါ။ နောက်ပိုင်းမှာ အသေးစိတ် Format ဘယ်လိုပြင်ရတယ် ဘာတွေလုပ်လို့ ရတယ်ဆိုတာသိချင်ရင်တော့ အောက်မှာ ပေးထားတဲ့ YouTube linkကနေသွားကြည့်လို့ရပါတယ်။

https://youtu.be/84oqNE_MZN0

 

Google Sheets

ဒါကလည်း Microsoft Excel ရဲ့ online version ပါပဲ။ Microsoft မှာ Word နဲ့ Excel ခွဲသလို ဒီမှာတော့ Docs နဲ့ Sheets ဆိုပြီးပြန်ခွဲထားတာပဲ ဖြစ်ပါတယ်။ Google ကထုတ်တဲ့ apps တွေရဲ့ အဓိက အားသာချက်တွေကတော့ Colloboration ကို ပိုပြီးလုပ်လို့ရတာရယ် လုပ်ထားသမျှတွေက Drive ထဲတန်းရောက်သွားလို့ရယ်ပဲ ဖြစ်ပါတယ်။ Micorsoft Excel နီးနီးလောက်ကို ကောင်းတယ်။ ပြီးတော့ Colloborative ဖြစ်ဖြစ်နဲ့ save ပြီးသားလည်း ဖြစ်တယ်ဆိုတော့ Google Sheets ကလည်း စမ်းသုံးကြည့်သင့်တဲ့ apps ထဲ ထည့်ထားသင့်ပါတယ်။ သုံးတဲ့ Features တွေကတော့ ကိုယ့်ရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကွဲသွားနိုင်လို့ ကျွန်တော်တို့ အသေးစိတ်မပြတော့ဘဲ Features အစုံကို ရှင်းပြထားတဲ့ Youtube Video link ကို ပဲထည့်ထားပေးပါတယ်။

https://youtu.be/FIkZ1sPmKNw

 

Google Slides

Docs နဲ့ Sheets တို့လိုပဲ Microsoft PowerPoint ရဲ့ Online Version ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ Presentation Slides တွေကို တစ်ပြိုင်နက် Edit လို့ရတာဟာ Google Slides ရဲ့ အားသာချက်ဖြစ်ပါတယ်။ Editor တွေမရောသွားအောင် အရောင်လေးတွေနဲ့ ပြပေးထားတဲ့အပြင် တစ်ခုခုမှားဖျက်မိသွားရင်တောင် Revision History မှာ ချက်ချင်းပြန်ရှာလို့ရပါတယ်။ PowerPoint File Format အနေနဲ့လည်း Download လို့ရပြီး Features တွေကလဲ တော်တော်လေး သုံးရလွယ်ကူပါတယ်။

အသုံးပြုနည်းကို အောက်က Link မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/watch?v=kYA6GLAzz9A

Presentation Visuals နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ Canva ကိုလည်း တော်တော်များများအသုံးပြုလာကြပါတယ်။ Design ပိုင်းအရကြည့်မယ်ဆိုရင် Google Slide က Simple Beautiful ဖြစ်တဲ့ပုံစံမျိုးရနိုင်ပြီး Canva ကတော့ Aesthetic ဘက်ကိုသွားပါတယ်။ Canva ကော Google Slide ကောအတွက် Templates များစွာကို www.slidescarnival.com လို Webite တွေမှာ အလကားရနိုင်ပါတယ်။

 

Google Meet And Google Hangouts

Google Meet ကတော့ G Suite Account ရှိမှ hosting လုပ်လို့ရတဲ့ app ဖြစ်ပါတယ်။ တော်တော်များများက Google Meet နဲ့ Google Hangouts ကို မှားတတ်ကြပါတယ်။ တကယ်တော့ ဒီနှစ်ခုက မတူပါဘူး Google Hangouts ကတော့ Communication Platform အတွက် သီးသန့်ဖြစ်ပြီး Google Meet ကတော့ Video Conferencing ကို အဓိက Target ထားပါတယ်။ ပြောရမယ်ဆိုရင်တော့ နှစ်ခုလုံးရဲ့ အခြေခံ features တွေကတော့ အတူတူ ဖြစ်ပြီးတော့ Google Meet ကတော့ Professional ပိုဆန်ပါတယ်။ နောက်ပြီး Google Meet မှာ လူအယောက် ၁၀၀ အထိ join လို့ရတယ်ပြောထားပါတယ်။ ဒါပေမယ့် လူများလေ Video တွေ ပိုထစ်လေဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် အကြံပေးချင်တာကတော့ တကယ်လို့ Google Meet ကို လူတွေအများကြီးနဲ့ သုံးတော့မယ်ဆိုရင် အဓိက စကားပြောမယ့် သူကပဲ Video ဖွင့်ထားပြီး တခြားသူတွေက Video ပိတ်ထားရင်တော့ တအားကြီး မထစ်သလို အသံလည်းကောင်းကောင်း ကြားရပါတယ်။

တခြား ပိုက်ဆံပေးပြီးသုံးရတဲ့ Zoom တို့လိုမျိုးမဟုတ်ဘဲ Google Meet ကတော့ G Suite Account ရှိရုံနဲ့ အလကားသုံးလို့ရတာကြောင့် ဒီလို အားနည်းချက်လေးတွေတော့ ရှိတတ်ပါတယ်။ နောက်ပိုင်းကျရင်လည်း Google က Google Hangouts အစား G Suite အတွက် Google Meet ကိုပဲထားပေးတော့မှာဖြစ်လို့ အချိန်ရရင်တော့ စမ်းကြည့်စေချင်ပါတယ်။ Assignment တစ်ခုအတွက် အားလုံးဝိုင်းပြီး ဆွေးနွေးရတော့မယ်ဆိုရင် Google Meet က တော်တော်လေး အသုံးဝင်မှာပါ။ Google Meet ရဲ့ Tutorial ကိုတော့ ဒီ link ကနေ သွားကြည့်လို့ရပါတယ်။

https://youtu.be/wGXI0KpkR50

တကယ်လို့ web conference ကို တကယ် Professional ဆန်ဆန်နဲ့ Quality ကောင်းကောင်းလုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်ကတော့ gobrunch.com နဲ့ be.live ကို သွားကြည့်ဖို့ အကြံပေးချင်ပါတယ် အဲ့နှစ်ခုမှာတော့ တော်တော်များများက free ရပါတယ်။

Google Forms

Surveying နဲ့ Quiz အတွက် တော်တော်လေးအသုံးဝင်ပါတယ်။ Multiple Choice ကအစ Linear Scale အဆုံး Question Option မျိုးစုံရပြီး Form ထဲမှာ ဓာတ်ပုံတွေ ဗီဒီယိုတွေလဲ ထည့်လို့ရပါသေးတယ်။ Response တွေကိုလည်း chart/percentage တွေနဲ့ အော်တိုပြပေးပြီး သက်သက် Google Sheet တစ်ခုအနေနဲ့လည်း Download လုပ်လို့ရပါတယ်။ Question Type တွေပိုစုံစုံလင်လင်ရချင်ရင်တော့ Survey Money ကို အသုံးပြုသင့်ပါတယ်။ Game-type Quiz တွေအတွက်တော့ Kahoot က ပိုပျော်ဖို့ကောင်းပါတယ်

Google Forms tutorial video ကြည့်ရန်
https://www.youtube.com/watch?v=LxlfPLPI0wM

 

Google Classroom

Online Learning သာ လုပ်ဖို့ ဖြစ်လာခဲ့ရင် Google Classroom ဟာ အတိုင်းအတာတစ်ခုအထိ တော်တော်လေး အသုံးဝင်နိုင်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ Assignment, Writing, Communication, နဲ့ Scheduling တွေအတွက် Google Drive, Docs, Sheets, Slides, Calendar, Gmail တွေကို တစ်နေရာထဲ ပေါင်းစပ်ပေးထားပါတယ်။ ဆရာတွေအနေနဲ့ Class တစ်ခုဖန်တီးပြီး ကျောင်းသားတစ်ယောက်ချင်းစီအလိုက် Grading/Comment တွေပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ Course တစ်ခုလုံးကြီး အစအဆုံး သင်ဖို့အတွက် သူ့ရဲ့Learning Management System ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ကျောင်းမှာ Assignment ထပ်တာကို Google Classroom မှာ ပြောင်းလုပ်နိုင်ရင်တော့ အလုပ်ရှုပ်သက်သာစေမှာပါ။

Google Classroom tutorial video ကြည့်ရန်

https://www.youtube.com/watch?v=rCNImsWUxZA

 

Google Sites

Web Blog တွေရေးချင်တယ်၊ ကိုယ်ပိုင် Website လေးတွေ လွယ်လွယ်ကူကူလုပ်ချင်တယ်ဆိုရင်တော့ Google Sites ကိုသုံးကြည့်သင့်ပါတယ်။ Article Writing ကို Google Doc ကနေ ရိုးရိုး Document နဲ့ လုပ်တာထက် Google Sites ကနေပြီး Web Article ပုံစံမျိုးလုပ်တာ ပိုပြီး Professional look ထွက်သလို Impresssion လဲကောင်းကောင်း ရနိုင်ပါတယ်။ Google Sites ရဲ့ အားသာချက်က ရိုးရှင်းပြီး သုံးရလွယ်ကူတာ ဆိုပေမဲ့ တစ်ဖက်မှာလည်း Features တွေက Limited ဖြစ်သွားပါတယ်။

Website Creation အတွက် ပိုပြီး Quality ကောင်းကောင်းလိုချင်ရင်တော့ WordPress နဲ့ Wix ကို Recommend လုပ်ချင်ပါတယ်။

Google Sites tutorial video ကြည့်ရန်

https://www.youtube.com/watch?v=w05NIgHNzWs

 

အထက်မှာ ဖော်ပြထားတဲ့ Tools တွေအပြင် Time-Management နဲ့ Scheduling ကောင်းကောင်းလုပ်ပေးနိုင်တဲ့ Google Calendar၊ ဓာတ်ပုံတွေကို Unlimited သိမ်းနိုင်မယ့် Google Photos၊ Interactive Whiteboard အဖြစ်သုံးလို့ရမယ့် Jamboard စတဲ့ Tools တွေလဲ ရှိသေးတာမို့ Explore လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒီလောက်ဆိုရင် G Suite for Education အကြောင်းနဲ့ @nmdc.edu.mm Domain ရဲ့ အသုံးဝင်ပုံကို နားလည်သွားကြမယ်လို့ ထင်ပါတယ်။ NMDC မှ မဟုတ်ပါဘူး တခြား G Suite Mail ရှိတဲ့ ဘယ်တက္ကသိုလ်၊ ဘယ် workplace မဆို ဒီ Tools တွေနဲ့ Privileges တွေကို ရနိုင်ပါတယ်။

Online Learning ဟာ အခုအချိန်မှာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးအတွက် ဝေဝါးနေဆဲ ပုစ္ဆာတစ်ခုဖြစ်ပါတယ်။ ကျတော်တို့ ကျောင်းသားတွေ အနေနဲ့ သေချာလုပ်နိုင်တာတစ်ခုက Digital Tools တွေနဲ့ ရင်းနှီးအောင်နေပြီး ဖြစ်လာနိုင်တဲ့ အပြောင်းအလဲတွေအတွက် အသင့်ပြင်ထားခြင်းပါ။ အားလုံးပဲ ပိုမိုကောင်းမွန် အဆင့်မြင့်တဲ့ Learning Journey ကို ရရှိဖို့ မျှောင်လင့်ရင်း….

 

Share this post