ကြေညာချက်များ

NMDC Open Campus 2019

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (National Management Degree College) ၏ နှစ်စဉ်ကျင်းပနေကျ ပွဲတွေထဲက ပညာရေးဆိုင်ရာ ပွဲတစ်ခုဖြစ်တဲ့ NMDC Open Campus 2019: A Promising Future ဆိုတဲ့ Education Fair လေးကို သြဂုတ်လ (၉) ရက်နေ့မှာ ကျင်းပပြု လုပ်သွားမှာ ဖြစ်ပါတယ်။

ယခုနှစ် (၂၀၁၈-၂၀၁၉) ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက် အဓိက ရည်ရွယ်ပြီး လုပ်တာဖြစ်တဲ့အတွက် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်နော်။ ဒီပွဲလေးဟာဆိုရင် ဆယ်တန်း အောင်မြင်ပြီးသူ ကျောင်းသားကျောင်းသူများ ကိုယ့်ဘဝရဲ့ နောက်ထပ် ခြေလှမ်းအသစ်ကို အစချီတဲ့ အနာဂတ်ပညာရေးလမ်းကြောင်းကို ရွေးချယ်တဲ့အခါမှာ ကိုယ်နဲ့ကိုက်ညီမယ့် ဘာသာရပ်တွေ၊ ကိုယ်တကယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ၊ ပညာတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာပဲ ဖြစ်ပါတယ်။

– NMDC Open Campus 2019 မှာ ဘာတွေဆွေးနွေးမှာလဲ?

– NMDC ဟာဘယ်လိုကျောင်းမျိုးလဲ

– ဘယ်လို ဘာသာရပ်တွေကို သင်ကြားပေးတာလဲ

– သင်ရိုးညွှန်းတမ်းတွေက ဘယ်လိုမျိုးလဲ စတဲ့ အကြောင်းအရာတွေကို ရှင်းပြပေးမယ့် အပြင် NMDC ရဲ့ Campus ကျောင်းဝင်း အတွင်းကိုလဲ စီနီယာကိုကို၊မမတွေက လှည့်လည် ပြသပေးမယ့် အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အခုခေတ်ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးလို့ မိမိရဲ့အနာဂတ် ပညာရေးလမ်းကြောင်းကို ရွေးချယ်တော့မယ်ဆိုရင် အဓိကထား စဉ်းစားရမယ့် အရာတစ်ခုက Career Opportunity ပဲဖြစ်ပါတယ်။ အဲ့လိုအကြောင်းအရာတွေကိုလည်း NMDC ကနေကျောင်းပြီးလို့ အလုပ်ခွင်ထဲ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ နယ်ပယ်အသီးသီးက စီနီယာ Alumni ကိုကို၊မမများက ရှင်းပြလမ်းညွှန် ပေးသွားဦးမှာပဲ ဖြစ်ပါတယ်။

ဒီပွဲလေးကို မိမိတို့သာမဟုတ်ဘဲ မိမိရဲ့ မိဘဆွေမျိုးတွေ ဆရာ၊ဆရာမတွေကိုပါ NMDC ရဲ့ အကြောင်းကို ပိုမိုသိရှိနိုင်ဖို့ NMDC Open Campus 2019:A Promising Future ဆိုတဲ့ Education Fair လေးကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုက်ရပါသည်။

NMDC Open campus 2019:A Promising Future

နေ့ရက် – သြဂုတ်လ (၉) ရက်နေ့ (သောကြာနေ့)၊ ၂၀၁၉ ခုနှစ်။

အချိန် – နံနက် (၉) နာရီမှ နေ့လယ် (၁) နာရီအထိ။

နေရာ – Tourism Hall (ဒုတိယထပ်)၊ ၅၅ လမ်း၊ (​အောက်​ဘ​လောက်​)၊

[ဂန္ဒီဆေးရုံအပေါက်ဝ၏ မျက်​​စောင်းထိုးမှဝင်​ရန်​]၊

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်​၊ ဗိုလ်​တ​ထောင်​မြို့နယ်​၊ ရန်​ကုန်မြို့။

Share this post