ကြေညာချက်များ

NMDC Virtual Forum 2.0, EPP Week, Day 1

NMDC Virtual Forum 2.0, EPP Week ရဲ့ First Day ဖြစ်တဲ့ ၁၅ ရက်နေ့ အတွက် Panelists များနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်

အရင်အပတ်‌တွေမှာ JNL Week, BBM Week, TM Week တို့ မေဂျာအသီးသီးက ဗဟုသုတ‌တွေ မျှဝေခဲ့သလို ယခုကျရောက်လာတဲ့ EPP Week မှာလည်း နယ်ပယ်အသီးသီးမှ EPP Alumni များကို ဖိတ်ကြားပြီး ပညာဗဟုသုတများကို မျှဝေပေးသွားဦးမှာပဲ ဖြစ်ပါတယ်

Panel Discussion မှာ “Planning a Promising Career for your Future” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပေးသွားမှာ ဖြစ်ပြီး panelists များအနေနဲ့ နယ်ပယ်အသီးသီးမှာအောင်မြင်ကျော်ကြားမှုရရှိနေတဲ့ EPP Alumni များဖြစ်တဲ့ မယုသူဇင်ထက်, မနှင်းအိဝေ, မဝင့်မွန်ဦး, မယမုံညွန့်တို့က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်

Panel Discussion ကို 15.8.2020 (Saturday) ည 7:00 pm-8:30 pm မှာ NMDC Students’ Union Page နဲ့ EPP Students’ Association Page တို့မှ Live ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်တာမို့ ကျောင်းသူကျောင်းသားအားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်

Panelists တစ်ယောက်ချင်းစီရဲ့ profile တွေကိုလည်း အောက်မှာ ဖော်ပြပေးထားတာမို့ photo တစ်ခုချင်းစီမှာ ကြည့်ပေးကြပါဦးနော်

Panelists တွေကို မေးချင်တဲ့ မေးခွန်းလေးတွေအတွက်လည်း Questions & Answers Session ရှိဦးမှာမို့ Questions လေးတွေ အသင့်ပြင်ထားဖို့တိုက်တွန်းလိုက်ရပါတယ်

NMDC VSF 2.0, EPP Week ရဲ့ informations မလွတ်သွားရအောင် page တွေကိုလည်း Like & Follow လုပ်ထားကြရအောင်နော်

#NMDCSUxEPPSA #EPPStudentAssociation #EPPweek #NMDCVSF2.0 #PlanningaPromisingCareerforyourFuture

Yuthu Zinhtet ( Youth Thu )
Entrepreneur (One-Sett), singer, songwriter

မယုသူဇင်ထက်သည် ၂၀၁၈ ခုနှစ်မှာ one stop personalized fashion platform တစ်ခုဖြစ်တဲ့ ” One Sett- ဝမ်းဆက် ” ကို စတင်ခဲ့တဲ့ စိတ်အားထက်သန်တဲ့ entrepreneur တစ်ယောက်ဖြစ်ပါတယ် ။ သူမဟာ National Management Degree College မှ BA (EPP) ဘွဲ့ ၊ KMD Institute မှ Computing Diploma နဲ့ Association of Business Executive ( UK ) မှ Higher Diploma တို့ကို ရရှိထားသူလည်းဖြစ်ပါတယ်။
အသက် ၂၇ နှစ် အရွယ်မှာ CEO တစ်ယောက်ဖြစ်ဖို့ အိမ်မက်ရှိပြီး အသက် ၂၂ နှစ်မှာ မြန်မာနိုင်ငံမှာရှိတဲ့ အကြီးမားဆုံး media agency တစ်ခုမှာအလုပ်ဝင်ခဲ့ပြီး Fashion နဲ့ ပက်သတ်တဲ့ tech startup တွေကို တွေ့ရှိတဲ့အချိန်မှာတော့ သူမရဲ့ plan တွေ ပြောင်းလဲသွားခဲ့ပါတယ် ။
မယုသူဟာ သူမရဲ့ Fashion startup ကို Fashion ရဲ့ လွှမ်းမိုးမှုတစ်ခုကြောင့်ပင်မဟုတ်ဘဲ women’s problems တွေကို ဖြေရှင်းရတာနှစ်သက်တဲ့အနေနဲ့ စိတ်အားထက်သန်စွာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါတယ်။ Fashion အတွက်လိုအပ်တဲ့ supplies တွေရယ် လုပ်ငန်း ရှယ်ယာဝင်တွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ ဝယ်ယူသူတွေ စိတ်တိုင်းကျ ချုပ်လုပ်ဖန်တီးနိုင်မယ်လို့ ယုံကြည်ချက်ရှိသူလည်းဖြစ်ပါတယ် ။
သူမရဲ့ စီးပွါးရေးလုပ်ငန်းကို အကောင်အထည်ဖော်နေစဉ်မှာပင် သူမရဲ့ အခြားရည်မှန်းချက်တစ်ခုဖြစ်တဲ့ အနုပညာရှင် အလုပ်ကိုလည်း တစ်ဖက်တစ်လမ်းကနေပြီးတော့
စိတ်အားထက်သန်စွာ ကြိုးစားအားထုတ်နေသူ တစ်ဦးလည်းဖြစ်ပါတယ် ။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး သူမရဲ့ Youth Thu ဆိုတဲ့အနုပညာနာမည်နဲ့ သီချင်းတွေ music videos တွေ ထွက်ရှိလျက်ရှိပါတယ် ။ သူမရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ This Way From Birth – အမေမွေးကတည်းကအတိုင်းပဲ ” သီချင်းဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေပါတယ်။ မကြာခင်မှာလည်း သူမဟာ ပထမဆုံး EP album ကို ထုတ်ဝေသွားမှာပဲဖြစ်ပါတယ် ။
Hnin Ei Wai (Emily)
Marketeer & Brand Strategist
မနှင်းအိဝေသည် Marketing branding, advertising နဲ့ digital marketing field တွင် business solution များကို ၃ နှစ်ကျော် ပူးပေါင်းဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်ပါတယ်။  သူမသည် digital literacy နဲ့ communication အပိုင်းများသာမက 360 degree marketing project management အပိုင်းကို ပိုမို စိတ်အားထက်သန်စွာ ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
မနှင်းအိဝေသည် clients များ , ranges from FMCGs, entertainment & media, financial, real estates, mobile phones နဲ့ personal care sectors တွေကို သေချာစီမံခန့်ခွဲနိုင်သူတစ်ဦးဖြစ်သည့်အပြင် strategic planning, branding, user research, digital marketing, crisis management, event management နဲ့ public relation တွေလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သူ တစ်ယောက် ဖြစ်ကြောင်း မှတ်တမ်းရှိသူလည်း ဖြစ်ပါတယ်။
သူမဟာ positive attitude ရှိခြင်းဟာ အကောင်းဆုံး အရည်အချင်း တစ်ခုဖြစ်၍ strong work ethic ရှိခြင်းဟာ အကောင်းဆုံး ကြံ့ခိုင်မှုဟု ယုံကြည်ထားသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ အတွေ့အကြုံ သစ်များကို ပျော်ရွှင်စွာ လက်ကမ်းကြိုဆိုလျက် ရှိနေသူတစ်ဦး ဖြစ်ပါတယ်။
Wint Mon Oo
Senior People Experience & Operations Manager @Unilever Myanmar
မဝင့်မွန်သည် သူမရဲ့ပထမဆုံး career ကို ၂၀၁၂ ခုနှစ် Unilever Myanmar တွင် Management Trainee အဖြစ်နဲ့ စတင်လုပ်ဆောင်ခဲ့ပါတယ် ။ သူမရဲ့ career တစ်လျှောက်မှာလည်း HR ရဲ့နယ်ပယ်များစွာဖြစ်တဲ့ HR Business Partnering, Talent & Organization Development, Employee Branding နဲ့ Learning & Development နယ်ပယ်တွေမှာ တာဝန်ယူ ဆောင်ရွက်ပေးဖို့အတွက် ခန့်အပ်ခံရသူလည်း ဖြစ်တဲ့အပြင် ၂၀၁၆ ခုနှစ်တွင် သူမရဲ့ short-term assignment အတွက် Unilever Singapore မှာ သွားရောက်လုပ်ကိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ် ။
မဝင့်မွန်မှာ ယခုလက်ရှိ Unilever Myanmar ရဲ့ HR Department မှာ Myanmar, Cambodia နဲ့ Laos အတွက် Senior People Experiences & Operations Manager အဖြစ်နဲ့ လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
သူမဟာ ၂၀၁၁ ခုနှစ်မှာ National Management Degree College ရဲ့ မေဂျာတစ်ခုဖြစ်တဲ့ English for Professional Purposes ( EPP ) မေဂျာမှ ဘွဲ့ရရှိခဲ့သူတစ်ဦးဖြစ်တဲ့အပြင် ခရီးသွားရခြင်း ၊ လူသစ် အတွေ့အကြုံအသစ်များကို ရှာဖွေခြင်းများကိုလည်း နှစ်သက်သူတစ်ဦးဖြစ်ပါတယ် ။ မဝင့်မွန်သည် မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေအတွက် ပညာရေးစနစ်သစ်တစ်ခု ဖြစ်ပေါ် တိုးတက်လာအောင် ဆောင်ရွက်လိုတဲ့ ရည်မှန်းချက်ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။
Yamon Nyun
Assistant Recruitment Manager
@Prudential Myanmar Life Insurance Ltd.
မယမုံသည် English for Professional Purposes (E.P.P) – 8th batch ရဲ့ ကျောင်းသူဟောင်းတစ်ဦး ဖြစ်ပြီး စာသင်နှစ် 2016 ခုနှစ်မှာ B.A (E.P.P) ဘွဲ့ရခဲ့ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ MyWorld Careers ကို September 2016 တွင်၀င်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အလုပ်အကိုင်အခွင့်အလမ်း market အခြေအနေတွေကို လေ့လာခွင့်ရခဲ့ရုံသာမက အလုပ်အကိုင်ရှာဖွေတဲ့သူများရဲ့ dream jobs များကိုလဲ လက်တွေ့အကောင်အထည် ဖော်နိုင်အောင် ဆောက်ရွက်ပေးနိုင်ခဲ့ပါတယ်။
September 2019 တွင် MyWorld Careers မှ Senior Recruitment Consultant အဖြစ် အလုပ်ထွက်ခဲ့ပြီး September 2019 မှာ ပဲ Prudential Myanmar Life Insurance Limited သို့ Assistant Recruitment Manager အဖြစ် အလုပ်၀င်ခဲ့ပြီး ယခုအချိန်ထိ တာ၀န်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။
မယမုံသည် Malaysia မှကျင်းပသော The 4th ASEAN Future Leaders Summit 2016 မှာလည်း Myanmar Student Ambassador အဖြစ်ဦးဆောင်ခဲ့ပြီး 2017 ခုနှစ်တွင်လည်း Philippines မှကျင်းပသော ASEAN University Youth Summit တွင်ပါ၀င်ခဲ့ပါတယ်။ ABE Graduate Diploma in Business Management ကိုလည်း 2017 မှာ ရရှိထားခဲ့သူ တစ်ဦးလဲ ဖြစ်ပါတယ်။

Share this post