NMDC Virtual Student Forum 2.0 ရဲ့ BBM Week Day 1 မှာ ပြုလုပ်မည့် Panel Discussion အကြောင်း
NMDC Virtual Student Forum 2.0 ရဲ့ BBM Week Day 1 မှာ ပြုလုပ်မည့် Panel Discussion အကြောင်းကို တင်ပြမှာဖြစ်ပါတယ်။
Day 1 မှာတော့ Business Management ရဲ့ Four Main Industries တွေဖြစ်တဲ့ HR, Operation, Finance နဲ့ Marketing အစရှိတဲ့နယ်ပယ်များမှ Professionalistsများဖြစ်တဲ့ Dr.Thynn Thynn Myint, U Aung Chit Khin, U Mike Phone Myint, U Zin Phyo Paing တို့မှ “Defining Your Passionate Career” ဆိုတဲ့ ခေါင်းစဉ်နှင့်အတူ ဆွေးနွေးပြောကြားပေးသွားမှာဖြစ်ပါတယ်။
Industries လေးခုအကြောင်းကို သေချာနားလည်သိရှိနိုင်မယ့်အပြင် အကယ်၍ကိုယ်က ဒီ Industries လေးခုကို လေ့လာပြီးပေမယ့် ဘယ်ဟာကိုတကယ် Passionate ဖြစ်ပြီး Careerအဖြစ် ရွေးချယ်သင့်တယ် ဆိုတာကို စဉ်းစားရခက်နေတာမျိုးရှိနေမယ်ဆိုရင်တော့ ဒီ Panel Discussion လေးက သင့်အတွက် join သင့်တဲ့ တန်ဖိုးရှိတဲ့အရာလေးတစ်ခုဖြစ်မှာပါ။
ဒါကြောင့် ဒီလိုလက်မလွှတ်သင့်တဲ့ပွဲလေးကို BMSA Fb Page နဲ့ NMDCSU Fb Page တို့ကနေ ဩဂုတ်လ ၁ရက်နေ့ နေ့လယ် ၁၂ နာရီမှ ၁နာရီခွဲအထိ Live ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက်ကြောင့် ကျောင်းသား ကျောင်းသူအားလုံးကို ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ နောက်ပြီး Panelist တွေကို မေးချင်တဲ့မေးခွန်းလေးတွေရှိရင်လည်း ကြိုပြီး list လေးတွေလုပ်ထားဖို့ remind လုပ်ချင်ပါတယ်နော်။
Panelists တွေရဲ့ Profile နဲ့ အသေးစိတ်အစီအစဉ်ကိုအောက်မှာအသေးစိတ် ရှင်းပြပေးသွားမှာဖြစ်လို့ Photoလေးတွေရဲ့အောက်ကိုဆက်လက်ကြည့်ရှုပေးပါဦးနော်။ ဒီပွဲလေးကို FB ကနေ Live ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ ပွဲနဲ့ပတ်သတ်တဲ့ နောက်ထပ် အချက်အလက်တွေကိုလည်းသိရှိပြီး Information Gap မဖြစ်ရအောင် BMSA page နဲ့ NMDCSU pageကို like and followလေးလုပ်ထားကြဦးနော်။
အခု post လေးကိုလည်းမမြင်လိုက်တဲ့ Students တွေမရှိရအောင် share ပေးဖို့လည်းမမေ့ပါနဲ့နော်။
#Business_Management_Students_Association #Virtual_Student_Forum_2.0
#Defining_Your_Passionate_Career #HR #Operation #Finance #Marketing #PanelDiscussion #Workshop
Dr. Thynn Thynn Myint |
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် စီးပွားရေးလုပ်ငန်းနဲ့ စီးပွားရေးပညာဌာနမှာ လက်ရှိ ပါမောက္ခ(ဌာနမှူး)အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာသင်းသင်းမြင့် ဟာ Bachelor of Commerce (Honours)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Master of Commerce နှင့် Ph.D (with leadership competency of Myanmar managers) တို့ကို ရရှိထားသူဖြစ်ပြီး စာသင်နှစ် သုံးဆယ့်သုံးနှစ်ကျော် အတွေ့အကြုံရှိတဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။ International University of Japan (IJU) မှလည်း Marketing ပညာရပ်အထူးပြုဖြင့် MBA (Master of Business Administration) ကိုလေ့လာခဲ့ပြီး SME consulting နှင့် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုပညာရပ်များတွင် Diploma များရရှိခဲ့ကာ Social Marketing, HRM, Social Enterprise နဲ့ SME ပညာရပ်များကို သုတေသနပြုလုပ်ခဲ့ပြီး Ph.D, MBA နှင့် EMBA ကျောင်းသားတွေရဲ့ သုတေသနလုပ်ငန်းတွေမှာ ကြီးကြပ်ရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ |
U Aung Chit Khin |
Strategy First University, Strategy First University Extension – SFUx Online Learning နဲ့ Waso Learn Online Learning Platform တို့ရဲ့ Founder နဲ့ President အဖြစ်တာဝန်ယူထားတဲ့ U Aung Chit Khin ဟာ University of Delaware (USA) မှာပညာသင်ကြားခဲ့တဲ့အပြင် University of Nottingham (UK) မှလည်း MBA ဘွဲ့ကို ရရှိထားသူဖြစ်ပါတယ်။ ၂၀၁၃ ခုနစ်တွင် ဂျာမနီနိုင်ငံမှ Bonn International Summer School on Substainability Program နဲ့ အမေရိကန်နိုင်ငံမှ International Visitor Leadership Program (IVLP) များတွင်လည်း တင်ရောက်ပါဝင်ခဲ့ကာ နိုင်ငံတော်အစိုးရ၏ သေးငယ်လတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး အေဂျင်စီ (ဗဟို) – MSME Development Agency အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးမြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA)၏ ဗဟိုအမှုဆောင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ |
U Mike Phone Myint |
BIM Group ရဲ့ Executive Director တစ်ဦးဖြစ်တဲ့ U Mike Phone Myint ဟာ consulting ပိုင်းနဲ့ cybersecurity business units တွေကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပြီး BIM Trainings delivering courses များရဲ့ Senior Instructor တစ်ယောက်ဖြစ်ပါတယ်။ Myanmar Information Security Association (MISA) ကို အခြား cybersecurity leader နှစ်ဦးနှင့်အတူ တည်ထောင်ထားကာThe telco, ISP, education and financial services industry တွေမှာလည်း ၁၅နှစ်ခန့် တာဝန်ယူခဲ့ဖူးပြီး Honorary Treasurer for British Chamber of Commerce, Myanmar မှာလည်း volunteer အဖြစ်လုပ်ကိုင်နေပြီး လက်ရှိမှာ Myanmar Institute of Directors (MIoD) ရဲ့ Board Director တစ်ဦးဖြစ်ပါတယ်။ |
U Zin Phyo Paing |
MESI Business Instituteကို ကျောင်းခွဲ ၁၅ခုနှင့် ဦးစီးထူထောင်ထားပြီး CEO & Principal အဖြစ်တာဝန်ယူထားတဲ့ ဆရာဇင်ဖြိုးပိုင်ဟာ Singapore နိုင်ငံမှ စီးပွါးရေးဖြင့်ကျောင်းပြီးထားပြီး International ICF အသိအမှတ်ပြု Leadership Coaching သင်တန်းများကို Thailand, Singapore နိုင်ငံများမှာ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ Company များရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူထားပြီး ဆရာရဲ့ Best Seller ဖြစ်ခဲ့တဲ့ Life Winning Management စာအုပ်နှင့်အတူ အခြားစာအုပ် ၃အုပ်ကိုရေးသားထားပါတယ်။ ယခုလက်ရှိမှာလည်း Myanmar Speaker Association ရဲ့ Founding Member တစ်ဦးဖြစ်ပြီး လူမှူအကျိုးပြု CSR လုပ်ငန်းတွေကို အားပေးဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ |