ကြေညာချက်များ

NMDC Virtual Student Forum 2.0

ကျောင်းသား ကျောင်းသူတွေရဲ့ အားပေးမှုနဲ့ အပြည့်အဝ ပါဝင်လှုပ်ရှားမှုကြောင့် အောင်မြင်ခဲ့တဲ့ NMDC ရဲ့ ပထမဦးဆုံးသော NMDC Virtual Student Forum ကိုမမေ့သေးလောက်ဘူး ထင်ပါတယ်။ အခုတစ်ခါမှာလည်း အရင်ထက် ကောင်းမွန်ပြီး အားလုံးပိုမို ပါဝင်လို့ရမယ့် NMDC Virtual Student Forum 2.0 အဖြစ် ကျင်းပသွားဦးမှာလည်း ဖြစ်ပါတယ်။

NMDC Virtual Student Forum 2.0

***ဘယ်လိုပွဲမျိုးလဲ ?

NMDCSU ကနေ ဦးဆောင်ကျင်းပပြီးတော့ Major 4 ခုလုံးရဲ့ Student Associations များနဲ့ Collaboration လုပ်ထားတဲ့ Online Event တစ်ခုအနေနဲ့ ကျောင်းသားကျောင်းသူအားလုံး ပါဝင်လို့ရမယ့် Virtual Student Forum တစ်ခုဖြစ်လာမှာပါ။

***ဘယ်လိုအားသာချက်တွေနဲ့ ပြည့်နေမှာလဲ ?

NMDCSU မှ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သော Virtual Student Forum ထပ် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားခြင်း။ Major Student Associations တွေနဲ့ Collaborate လုပ်ထားခြင်းကြောင့် Generalize Forum မှ Specialized Forum အဖြစ်ပိုမိုအားကောင်းလာခြင်း။ Students များ Online Tools များနဲ့ ပိုမိုရင်းနှီးကျွင်းဝင်လာနိုင်ခြင်း။ ကျောင်းသား၊ ကျောင်းသူများ Knowledge ပိုမိုကြွယ်ဝလာပြီး အိမ်မှာနေရင်းနှင့် မိမိ၏ Career Advancement အတွက် ပိုမိုသိရှိနားလည်လာခြင်း။

***ဘယ်လောက်ကြာမြင့်မှာလဲ ?

NMDC Virtual Student Forum 2.0 ကို အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့များတွင် ကျင်းပသွားမှာဖြစ်ပြီး Major 4 ခုအား တစ်ပတ် တစ်မေဂျာစီ ခွဲပြီး ကျင်းပသွားမှာဖြစ်ပါတယ် ။

Panel Discussion ကိုတော့ အပတ်စဉ်စနေနေ့တိုင်းမှာ NMDC Students’ Union Page နဲ့ သက်ဆိုင်ရာ Student Association Page တွေကနေ Facebook Live နဲ့ပြုလုပ်သွားမှာဖြစ်ပြီး Workshopတွေကတော့ တနင်္ဂနွေနေ့တွေမှာ Zoom Platform ကနေ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Week1 – Journalism (July 25,26)

Week2 – BBM (August 1,2)

Week3 – Tourism & Hospitality (August 8,9)

Week4 – EPP (August 15,16)

Workshop တွေအတွက် Registration form တွေနဲ့ တခြား information အားလုံးကို NMDCSU Page အပြင် Major Student Associations Page တွေကပါ တင်ပေးသွားမှာ ဖြစ်တဲ့အတွက် နောက်မကျအောင် Page တွေကို Follow ပေးထားကြဖို့ တိုက်တွန်းပါရစေ။

#NMDC #NMDCSU #Virtual_Student_Forum_2.0 #CareerAspirations #Covid19 #PostCovid #Workshop #PanelDiscussion

 

Share this post