ကြေညာချက်များ

NMDC Virtual Student Forum 2.0 BBM Week

NMDC Virtual Student Forum 2.0 ရဲ့ BBM week ကို မကြာခင်ရောက်ရှိတော့မှာဖြစ်ပါတယ်။

Business Managementဘာသာရပ်ကို တက်ရောက်နေသူတိုင်း ကြုံတွေ့နေကျ အခက်အခဲတစ်ခုရှိပါတယ်။ Business Management ရဲ့ 4 Main Functional Areas တွေဖြစ်တဲ့ Operation, Marketing, Finance နဲ့ HR ဘာသာရပ်တွေကိုသင်ယူပြီးပေမဲ့ Career အတွက် ရွေးချယ်လာရတဲ့အခါ ကိုယ်ကဘယ် field ကိုဝါသနာပါမှန်း သေချာမသိတာမျိုး၊ သေချာမဆုံးဖြတ်နိုင်တာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါဆိုရင်တော့ NMDC VSF 2.0 ရဲ့ BBM week လေးကို လက်လွတ်မခံဘဲ ပါဝင်လိုက်ရ‌အောင်နော်။

ဒီeventလေးကို “Defining Your Passionate Career” ဆိုတဲ့ Theme ခေါင်းစဉ်နဲ့ကျင်းပသွားမှာဖြစ်ပြီး မိမိစိတ်ဝင်စားတဲ့ Field ကို ဝေခွဲမရဖြစ်နေသူများနဲ့ ဘယ်အ‌ခြေအနေမှာမဆို အချိန်ကိုအကျိုးရှိစွာ အသုံးချလိုသူများအနေနဲ့ Field တခုစီတိုင်းရဲ့သဘောသဘာဝ၊‌ ပြောင်းလဲတိုးတက်လာတဲ့ trendတွေနဲ့ လုပ်ငန်းခွင်အခွင့်အလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိခွင့်ရနိုင်မှာဖြစ်ပါတယ်

ဒီပွဲလေးကို သြဂုတ်လ 1 ရက်နေ့နဲ့ 2 ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပြီး Day1 မှာတော့ Fields အလိုက် Professionalists များ ကိုယ်တိုင် ပါဝင်ဆွေးနွေးပြောကြားပေးသွားမဲ့ Panel Discussion ကို Facebook Page မှတစ်ဆင့် Live ထုတ်လွှင့်သွားမှာဖြစ်ပါတယ်

Day2 မှာတော့ Zoom Platform ကိုအသုံးပြုပြီး ကျောင်းသားကျောင်းသူတွေကိုယ်တိုင် ပါဝင်ဆွေးနွေးနိုင်မယ့် Workshop Sessions တွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးပေးမယ့် Guest Speaker များနဲ့ အစီအစဉ်အသေးစိတ်ကို နောက်နေ့တွေမှာ ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ BMSA Pageလေးကို Like&Follow လုပ်ထားပေးဖို့လည်းမမေ့နဲ့ဦးနော်။ Business Management ကို စိတ်ဝင်စားတဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင်NMDC VSF 2.0 ရဲ့ BBM week လေးမှာ အားလုံးနဲ့ ဆုံ​ကြမယ်နော်။

#NMDC #NMDCSU #BBM #BMSA

#Business_Management_Students_Association

#Virtual_Student_Forum_2.0

#Defining_Your_Passionate_Career #HR #Operation

#Finance #Marketing #PanelDiscussion #Workshop

Share this post