ကြေညာချက်များ

NMDC Virtual Student Forum 2.0, EPP week, Day 2

အားလုံးပဲသိကြတဲ့အတိုင်း “Planning a Promising Career for your future” ခေါင်းစဉ်နဲ့ NMDC Virtual Student Forum 2.0, EPP week လေးကိုဖြတ်သန်းနေတာ ဖြစ်ပါတယ် ။

ဒါ့ကြောင့်မို့ EPP week, Day 2 မှာပါဝင်မယ့် facilitators တွေနဲ့ workshop sessions တွေအကြောင်းကို အားလုံးပဲသိချင်နေကြပြီထင်ပါတယ်

ပထမဆုံးအနေနဲ့ workshop sessions တွေကို

Morning Breakout session [10:00AM to 12:00PM ]

Evening Breakout session [3:00PM to 5:00PM ] ဆိုပြီး နှစ်ပိုင်းခွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ် ၊

Breaking session တစ်ခုစီမှာ workshop (2) ခုစီပါဝင်မှာ ဖြစ်ပြီး စုစုပေါင်း workshop (4) ခုရှိမှာ ဖြစ်ပါတယ်၊ workshop တစ်ခုစီတိုင်းမှာ လူအယောက် (50) သတ်မှတ်ထားပြီး Morning & Evening Breakout session (2) ခုစီ [workshop 4ခု] လုံးအတွက် 200 participants ခွင့်ပြုထားပါတယ်

Breakout sessions အတွက် ပါဝင်ဆွေးနွေးသွားမယ့် workshop facilitators များကတော့

Ma Mya Thway Nwe [ Workshop 1 – Digital Marketing ]

Ma Myat Thiengi [ Workshop 2 – Career Mentorship ]

Ko Phyo Thura Htay [ Workshop 3 – IELTS Sharing & Exchange Experiences ]

Ma Lei Wah Wah Myo [ Workshop 4 – Sharing Foundation Steps for Start-up Business ] တို့ပဲ ဖြစ်ပါတယ်။

အသေးစိတ်ကိုတော့အောက်မှာဖော်ပြပြီးဖြစ်လို့ မိမိတို့နှစ်သက်ရာ

Morning breakout session မှ workshop(1) ခု

Evening breakout session မှ workshop(1) ခု ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ် ၊ Workshop sessions များအတွက် Zoom Platformကိုအသုံးပြုသွားမှာဖြစ်ပြီး workshop နှစ်ခုလုံး တက်ရောက်တဲ့ကျောင်းသား‌‌ ကျောင်းသူများကိုလည်း Digital Certificate ပေးသွားမှာဖြစ်ပါတယ်

#NMDCSUxEPPSA #EPPStudentAssociation #EPPweek #NMDCVSF2.0 #PlanningaPromisingCareerforyourFuture

Workshop facilitator – 1
Ma Mya Thway Nwe
Ecommerce & Digital Marketing Manager
(METRO wholesale Myanmar)

Ma Mya Thway Nwe

မမြသွေးနွယ်ဟာ ၂၀၁၀ ခုနှစ်မှာ ဘွဲ့ရရှိခဲ့တဲ့
EPP Alumini တစ်ဦးဖြစ်ပါတယ်၊ ၂၀၁၀ ခုနှစ်မှာပဲ ELBA, MIS စတဲ့ International School တွေမှာ Assistant Teacher အနေနဲ့ Careerအနေနဲ့ စတင်ခဲ့ပါတယ်။
၂၀၁၄ခုနှစ်က စပြီးတော့ Shop.com.mm(Alibaba Group), Ex-Rocket Internet Company မှာ Marketing Analysis, Social Media Manager, Senior Marketing Manager, Head of Digital Marketing, Head of Marketing and Partnership အစရှိတဲ့ Role တွေကို တစ်ဆင့်ခြင်း တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၈ နှစ်လည်ပိုင်းကစပြီးတော့ METRO Wholesale Myanmar မှာ Ecommerce & Digital Marketing Manager အနေနဲ့ METRO Wholesale Myanmar Website, Webshop နဲ့ Mobile Application စတဲ့ Digital product တွေကို တာဝန်ယူစီမံခန့်ခွဲနေတဲ့အပြင် Social Media Management နဲ့ Operation ကိုလည်း စီမံခန့်ခွဲပေးနေပါတယ်။ မကြာခင်မှာတော့ rGo47 Ecommerce platform ရဲ့ Head of Marketing အဖြစ် ပြောင်းလဲတာဝန်ယူ စီမံခန့်ခွဲတော့မှာ ဖြစ်ပါတယ် ၊

Workshop facilitator – 2
Ma Myat Thiengi
Integrated Communications, Manager
(ERA Myanmar)

Ma Myat Thiengi

မမြတ်သိင်္ဂီမှာ EPP 9th batch တွင် တက်ရောက်ခဲ့သောalumni တစ်ဦးဖြစ်ပြီး လက်ရှိတွင်မြန်မာနိုင်ငံ၏ အကြီးဆုံး PR Agency တစ်ခုဖြစ်တဲ့ ERA Myanmar တွင် Integrated Communications, Manager အဖြစ် လုပ်ကိုင် နေလျက် ရှိပါတယ် ၊ မမြတ်သိင်္ဂီမှာ 2nd year,
1st semester မှ စတင်ကာ Ooredoo Myanmar မှ ပံ့ပိုးကူညီသည့် Ideabox Myanmar အဖွဲ့အစည်း ၊
Khan Academy Translation Team တွင် intern အဖြစ် ပထမဆုံးအကြိမ် စတင်လုပ်ကိုင်ခဲ့ပြီး တက္ကသိုလ်တက်ရောက်ချိန်ကာလအတွင်း American Center Internship Program PGM Company နှင့်
Echo Myanmar တို့တွင် internship များစွာကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ဘွဲ့ရပြီးသည့်အချိန်မှစတင်ကာ PR နှင့် Communications Agency industry သို့ ဝင်ရောက်ခဲ့ပြီး Consumer PR နှင့် Marketing Campaigns များကို စီစဉ်လုပ်ဆောင်ပေးနေသူ
တစ်ဦး ဖြစ်ပါတယ် ၊ ဖန်တီးရာတွင်လည်း
Marcom ရာထူးဖြင့် သတင်းမီဒီယာပွဲ များစွာနှင့်
Social Media Marketing အား ဦးဆောင်လုပ်ကိုင် ပေးခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်

Workshop facilitator – 3
Ko Phyo Thura Htay
IELTS Ambassador
Founder of YTU English Club

Ko Phyo Thura Htay

ကိုဖြိုးသူရဌေးသည် ဗြိတိသျှကောင်စီရဲ့ IELTS Ambassador တစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှ အဆင့်မှာ မြန်မာကိုယ်စားပြုအနေနဲ့ တတိယဆု ရရှိခဲ့ပါတယ်၊ ရရှိခဲ့တဲ့အမှတ်တွေကတော့
Reading – 9.0
Listening – 9.0
Speaking – 8.5
Writing – 7.0
Overall — 8.5 ပဲဖြစ်ပါတယ် ၊
စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ကနေ မဟာဘွဲ့ရရှိထားပြီး ဟောင်ကောင်တက္ကသိုလ်နဲ့ ဆန်ဒီယေးဂိုတက္ကသိုလ်တွေမှာလည်း ပညာသင်ကြား ခဲ့ပါတယ် ၊
ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) မှာ ဘွဲ့ကြိုတက်ရောက်ခဲ့ပြီး YTU English Club ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပါတယ် ၊
ပညာရေးဝန်ကြီးဌာနက ကျင်းပတဲ့ နိုင်ငံတော်အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲမှာ Essay ပထမဆုရရှိခဲ့ပြီး Telenor, UNDP နဲ့ UNICEF တို့ကကျင်းပတဲ့ တီထွင်ဆန်းသစ်မှု ပြိုင်ပွဲတွေမှာလည်း ပထမဆုတွေ ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

Workshop facilitator – 4
Ma Lei Wah Wah Myo (SPHRiTM)
HR Director, Activo Co. Ltd. (Recruitment,
HR Outsourcing & Consulting Services)
Founder, Talent Development Centre (TDC)
Business Operations Director, Sustineo Co. Ltd.

Ma Lei Wah Wah Myo (SPHRiTM)

မလဲ့ဝါဝါမျိုးသည် ၂၀၁၀ ခုနှစ်တွင် National Management Degree College မှ English For Professional Purposes Major ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ အ​ခြေစိုက် Assumption University မှ Master of Business Administration ကိုလည်းရရှိထားသူဖြစ်ပါတယ်။
မလဲ့ဝါဝါမျိုးသည် ၂၀၁၀ ခုနှစ် ဘွဲ့ရရှိပြီးသည့် အချိန်မှစ၍ ပြည်တွင်းရှိ နိုင်ငံတကာ ကုမ္ပဏီများဖြစ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီတစ်ခုဖြစ်သည့် Petronas Carigali (Hong Kong) Myanmar Limited တွင် HR Administration Assistant အဖြစ်လည်းကောင်း ၊ Thai Samsung Electronic Company Limited တွင် Senior Marketing Communication Officer အဖြစ်လည်းကောင်း ၊ PUMA Energy Services (Myanmar) Co. Ltd. တွင် HR Advisor အဖြစ်လည်းကောင်း ၊ Telenor Myanmar Limited တွင် Vice President (Head of HR Business Partner) အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါတယ် ၊
ယခုအချိန်မှာတော့ Activo HR Services Company Limited, Talent Development Centre (TDC)- HR Training Centre, Sustineo Co. Ltd. (Trading) စသည်တို့ကို ကိုယ်ပိုင်လုပ်ငန်းများ အဖြစ် ဦးဆောင်လုပ်ကိုင်လျက် ရှိပါတယ် ၊
မလဲ့ဝါဝါမျိုးသည် HRCI Certified HR Professional တစ်ယောက်ဖြစ်ပြီး HR Certification Courses များကို သင်ကြားပို့ချလျက် ရှိပြီး အခါအားလျော်စွာ တက္ကသိုလ် ကျောင်းသား/ သူ လူငယ်များအတွက် Knowledge Sharing Session များပြုလုပ်ပေးကာ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်းတက်အားသရွေ့ မျှဝေပေးလေ့ရှိပါတယ်။

Share this post