ကြေညာချက်များ

NMDC VSF 2.0″ Journalism Week

NMDC SU နဲ့ JSA တို့ ပူးပေါင်းအကောင်အထည်ဖော်ခဲ့တဲ့ “NMDC VSF 2.0” Journalism Week (July 25-26) ကတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။

ပထမနေ့ “Online Trust and Digital Lies ” online event မှာအင်တိုက်အားတိုက် ပါဝင်ကူညီပေးခဲ့တဲ့ Panelists များဖြစ်တဲ့ တီချယ် ဒေါက်တာဇင်မာကျော်၊ ဦးတုနှိုင်းခ၊ မညိုမီနဲ့ မရင်ငြိမ်း တို့ကို အထူးပဲကျေးဇူးတင်ရှိသလို ဝင်ရောက်မေးမြန်းခဲ့ကြတဲ့ ကြည့်ရှုသူတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။

ဒုတိယနေ့ Breakout session workshops တွေအတွက် Facilitators တွေအဖြစ် အချိန်ပေးပြီး ကူညီပေးခဲ့ကြတဲ့ မကြူကြူသင်း၊ ကိုအောင်ဘုန်းပြည့်၊ မအေးအေးအောင် နဲ့ ကိုဖြိုးဆက်ပိုင်တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် Participants တွေအဖြစ် Workshops တွေ အသီးသီးတက်ရောက်ခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူတစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ အသိပညာ၊ ဗဟုသုတတွေကိုယ်စီနဲ့ ဒီ Journalism Week က ကျောင်းသား/ကျောင်းသူတွေအတွက် အနည်းနဲ့အများ အကျိုးရှိခဲ့တယ်ဆိုရင်ပဲ NMDC SU နဲ့ JSA မှ ကျေနပ်လှပါပြီ။

တစ်စုံတစ်ခု အမှားအယွင်းများ ပြုလုပ်ခဲ့မိတယ်ဆိုရင်လည်း တောင်းပန်ချင်ပါတယ်။ နောက်ကို ဒီထက်ပိုတိုးတက်ပြီး ကျောင်းသား/ကျောင်းသူတွေအတွက် အကျိုးရှိမယ့်အရာတွေ ဆက်လက်ဝေမျှသွားနိုင်အောင် ကြိုးစားသွားပါ့မယ်။

တစ်ဆက်တည်းမှာပဲ NMDC Virtual Student Forum 2.0 အတွက် Registration Partner အဖြစ်ကူညီပံ့ပိုးပေးသော Company တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်

EventNook သည် စင်္ကာပူအခြေစိုက် အောင်မြင်တိုးတက်သော Event Technology Companyတစ်ခုဖြစ်ပါတယ်။

EventNookသည် များစွာသော ဒေသဆိုင်ရာကျင်းပသောပွဲများ၊ MICE Industryရှိ အရေးကြီးညီလာခံများ၊ ကော်ပိုရေးရှင်းများ၊ဌာနအဖွဲ့အစည်းများနှင့်အစိုးရဆိုင်ရာကျင်းပသော ပွဲများတွင် နည်းပညာအထောက်အကူများစွာ ပံ့ပိုးပေးခဲ့ပါတယ်။

EventNook သည် တည်ထောင်ခဲ့သော 2013 ခုနှစ်မှစ၍ ကျင်းပ‌ခဲ့သောပွဲအနည်းငယ်များတွင် နည်းပညာအကူအညီပေးခြင်းမှ နိုင်ငံ ၂၁ နိုင်ငံတွင်ကျင်းပခဲ့သော ထောင်ပေါင်းများစွာသော ပွဲများအထိ နည်းပညာဝန်ဆောင်မှုပေးခြင်းအားဖြင့် စနစ်တကျအောင်မြင်တိုးတက်လာသော Event Technology Companyကောင်းတစ်ခုဖြစ်ပါတယ်။

EventNook သည် ပွဲတစ်ခုချင်းတွင် ပွဲကျင်းပရေးအတွက် သက်ဆိုင်သည့် နည်းပညာများကို ဝန်ဆောင်ပေးခြင်းဖြင့် တည်ထောင်ပေးခဲ့သော လုပ်ငန်းဖြစ်သည်သာမက ပိုမိုကောင်းမွန်သော ပွဲကျင်းပရေးအတွေ့အကြုံများပေးဝေခြင်းနှင့် စိတ်ဝင်စားဖွယ်ပွဲများကို ဖန်တီးပေးခြင်းအားဖြင့် ဂုဏ်ယူဖွယ် Event Company Technology ကောင်းတစ်ခုဖြစ်ပါတယ်။

#ThankYou #NMDC #NMDC_VSF2.0 #NMDCSU #JSA #Journalism #Journalism_Week #WellDone

Share this post