ကြေညာချက်များ

NMDC Virtual Students Forum 2.0

“Panelists Announcement”
အားလုံးပဲ မင်္ဂလာပါ~🙏
ဒီ​နေ့မှာ​တော့ NMDC Virtual Students Forum 2.0 ရဲ့ ပထမဆုံးအပတ်အဖြစ် ပြုလုပ်မယ့် Journalism Week ရဲ့ “Online Trust and Digital Lies” ဆိုတဲ့ Panel Discussion အတွက် Panelists ​တွေကို မိတ်ဆက်​ပေးမှာ ဖြစ်ပါတယ်။ 🗣🎉
လာမယ့် စ​နေ​နေ့ (25.7.2020)တွင် ပြုလုပ်မှာဖြစ်ပီး ဒီ Panel Discussion မှာ​​​တော့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ​ကောလိပ်၊ သတင်းအတတ်ပညာဌာနမှ ​ပါ​မောက္ခ ဌာနမှူး ​ဒေါက်တာ ဇင်မာ​ကျော်၊ မီဒီယာ နယ်ပယ်အသီးသီးမှ ​အောင်မြင်​နေသူတွေဖြစ်တဲ့ ဦးတုနှိုင်းခ (Chief Operating Officer)၊ မညိုမီ (Communications Officer)၊ မရင်ငြိမ်း (Freelance MC/Presenter) တို့မှ ဆွေး​နွေး​ပေးသွားကြမှာ ဖြစ်ပါတယ်။ 🗣🗣🗣🗣🤝🤝
​ဒီ​ Panel Discussion ကို​တော့ NMDCSU Facebook page နဲ့ Journalism Students Association (JSA) Facebook page တို့မှ ဇူလိုင်လ 25 ရက်၊ ည 7 နာရီမှာ တိုက်ရိုက် (Live)​ ဆွေး​နွေးသွားမှာ ဖြစ်တဲ့အတွက် ကျောင်းသား/ကျောင်းသူတွေ မည်သူမဆို ၀င်​ရောက် ကြည့်ရှု​လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 🔜✨
​နောက်ပြီး သိလိုရာ​မေးမြန်းနိုင်တဲ့ Q&A session ​လည်း ရှိတာကြောင့် online ​ပေါ်က သတင်းအမှား/အမှန်​တွေနဲ့ ပတ်သက်ပြီး ​မေးမြန်းဖို့ အားလုံးကို ဖိတ်​ခေါ်လိုက်ပါတယ်။ 🙋‍♂️🙋‍♀️🥰
ဒါဆိုရင် ​အောက်က ပုံ​လေး​တွေမှာ Panelists ​တွေရဲ့ profile ​တွေကို မိတ်ဆက်​ပေးလိုက်ပါတယ်နော်။ 💁🏻‍♀️

Prof. Dr. Zin Mar Kyaw
Head of Journalism Department, National Management Degree College

ဒေါက်တာဇင်မာ​ကျော်သည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ​ကောလိပ်တွင် သတင်းအတတ်ပညာအထူးပြုဘာသာရပ် စတင်ဖွင်လှစ်သည့် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်ကတည်းက ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ US. Exchange Alumni အဖြစ် တိုင်းရင်းသား​ဒေသများတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု အသိပညာ​ပေးလုပ်ငန်းများ ၂၀၁၇ ခုနှစ်တွင် စတင်​ဆောင်ရွက်ခဲ့ပြီး ယခုအချိန်အထိ Media & Information Literacy Awarness ဆိုင်ရာပို့ချမှုများ ​​ဆောင်ရွက်လျက်ရှိသည်။

U Tu Nhine Kha
Chief Operating Officer, City FM

ဦးတုနှိုင်းခဟာ မြ၀တီရုပ်မြင်သံကြားမှာ ၁၀နှစ်ကြာ ရိုက်ကူး​ရေးဌာနမှူး အ​နေနဲ့ လုပ်ကိုင်ခဲ့ပြီး စီးပွား​ရေး၊ လူမှု​ရေး၊ ပညာ​ရေးဆိုင်ရာ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်လမ်း အတို/အရှည်များကို ရိုက်ကူးခဲ့ပါတယ်။ ထို့​နောက်မှာ​​တော့ ဂျပန်နိုင်ငံသို့ သွား​ရောက်ကာ Media နဲ့ ပတ်သက်တဲ့ပညာ​တွေကို ၂နှစ်​တိတိ​လေ့လာခဲ့ပြီး ၂၀၁၀ တွင် City FM သို့ အသံလွှင့်ဌာနမှုအ​နေနဲ့ အလုပ်စ၀င်ခဲ့ပြီး ယခုလက်ရှိမှာ​တော့ City FM ရဲ့ Chief Operating Officer အဖြစ်တာ၀န်ထမ်း​ဆောင်​နေပါတယ်။

Ma Nyo Mee
Communications Officer, Doh Eain

မညိုမီဟာ National Management Degree College ကနေ B.A (Journalism) ဖြင့် ဘွဲ့ရရှိခဲ့ပြီး The Myanmar Times Newspaper မှာ Cultural reporter အဖြစ် အလုပ်လုပ်ခဲ့ပြီး ထိုလုပ်ငန်းခွင် ၃ နှစ်တာကာလအတွင်းမှာ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် LGBTIQ community ဘက်ကို အသားပေးကာ သတင်းရေးသားခဲ့ပါတယ်။ ဒါတွေအပြင် LGBTIQ Media Ally Award 2019 ကို &proud မှ ရရှိခဲ့သူဖြစ်ပြီး ယခုလက်ရှိမှာတော့ Doh Eain ရဲ့ Communications Officer အဖြစ် တာ၀န်ယူလုပ်ကိုင်နေပါတယ်။

Ma Yin Nyein
Freelance MC/Presenter

မရင်ငြိမ်းဟာ National Management Degree College မှ B.A (Journalism) ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၂၀၁၃ မှ ၂၀၁၆ အထိ 5 plus ရုပ်သံလိုင်းတွင် TV host အဖြစ်လုပ်ခဲ့ပါတယ်။ ၂၀၁၄ မှစတင်ပြီး အစီအစဉ် တင်ဆက်သူအဖြစ်လည်းကောင်း အခမ်းအနားမှူးအဖြစ်လည်းကောင်း Freelance အနေနဲ့လုပ်ကိုင်လျက်ရှိပြီး လက်ရှိမှာတော့ Pizza Hut Myanmar ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ထားခံရသူလည်းဖြစ်ပါတယ်။

Share this post