ကြေညာချက်များ

SAY NO TO PLASTIC

အားလုံးသိကြတဲ့အတိုင်း ကျွန်​တော်တို့ကျွန်မတို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ plastic တွေနေရာတိုင်းမှာ နည်းမျိုးစုံနဲ့ အသုံးပြုနေကြပါတယ် Plasticတွေဟာအသုံးပြုရလွယ်ပေမဲ့ ကျွန်​တော်ကျွန်မတို့ရဲ့ကမ္ဘာကြီးကို နည်းမျိုးစုံနဲ့ဖျက်ဆီးနေတာပါ ဒီတော့ ကျွန်​တော်တို့ကျွန်မတို့အားလုံး ကမ္ဘာကြီးကိုကယ်တင်ဖို့ ဘာတွေလုပ်သင့်ပါသလဲ

ကျွန်​တော်ကျွန်မတို့ BMSA က ကမ္ဘာကြီးကို တထောင့်တနေရာကနေ ကယ်တင်ဖို့ စီစဉ်နေတဲ့ projectလေး တစ်ခုကရောဘာဖြစ်မလဲ အားလုံးပါဝင်ခန့်မှန်းပေးဖို့ ဖိတ်ခေါ်ပါတယ်။

NMDCကျောင်းတော်ကြီး မှာ first year to finalကျောင်းသား​ကျောင်းသူ စုစုပေါင်းဆို 1000 ဝန်းကျင် လောက်ရှိပါတယ် အဲ့ဒီ ကျောင်းသားကျောင်းသူပေါင်းတထောင်ဟာ နေ့စဉ် Convenience store​ တွေကနေ ​ရေသန့်ပလက်စတစ်ဘူးကို ​ငွေနှစ်ရာကျပ်နဲ့ဝယ်ပြီး သောက်သုံးနေကြပါတယ်။ လူပေါင်းတထောင်မှာ တစ်ရာလောက်ကသာ ပလက်စတစ်ဘူးတွေ မသုံး​တော့ဘဲနဲ့ ကိုယ်ပိုင်ရေဘူးလေး တွေနဲ့ဆို တစ်နေ့မှာပလက်စတစ်ဘူး တစ်ရာကို လျှော့ချရာရောက်နေပါပြီ။

ဒါဆိုရေသန့်ဘူးက ဘယ်မှာဝယ်ရမလဲသွားဝယ်ဖို့လဲ??

BMSAရဲ့ 1st productionအနေနဲ့ Say No To Plastic ဆိုတဲ့ campaign ခေါင်းစဉ်နဲ့အတူ ရေသန့်ဘူးလှလှလေးဘူး တစ်ရာကိုသာ ​ရောင်းချ​ပေးမှာ ဖြစ်ပါတယ်။ ကို့စိတ်ကြိုက် နာမည်လေးတွေကိုပါ ရေဘူးပေါ်ထိုးလို့ရပြီဆိုတော့ရှယ်ပဲပေါ့ ကဲဒါဆိုရင်တော့ ရေဘူးလှလှလေးတွေကို The whole fresher welcome ပွဲကနေစပြီး BMSA booth က​နေ စာရင်း​ကောက်​ ရောင်းချပေးသွားမှာဖြစ်လို့ ကမ္ဘာကြီးကို တထောင့်တနေရာကနေ ကူညီရာရောက်အောင် Campaign လေးမှာပါဝင်ပြီး ရေသန့်ဘူးလေးတွေ အားပေးကြပါဦးနော်။

Business Management Student Association – NMDC

 

Share this post