ကြေညာချက်များ

Tourism Week ရဲ့ Panel Discussion အကြောင်း မိတ်ဆက်ပေးခြင်း

ကျောင်းသား၊ကျောင်းသူများအားလုံးကို Tourism Week ရဲ့ Panel Discussion အကြောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်

ရှေ့အပတ်တွေမှာကျင်းပပြုလုပ်ခဲ့တဲ့ JNL Week နဲ့ BBM Week တွေမှာလည်း ဗဟုသုတအမျိုးမျိုး မျှဝေပေးခဲ့ကြသလို ယခုကျရောက်လာတဲ့ Tourism Week မှာလည်း နယ်ပယ်အသီးသီးမှာ အောင်မြင် ကျော်ကြားလျက်ရှိတဲ့ ပညာရှင်တွေကို ဖိတ်ကြားပြီး ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို ရှု ထောင့် အမျိုးမျိုး နယ်ပယ်အမျိုးမျိုးက နေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်

ဘယ်သူ တွေက ဆွေး နွေး ပေးသွားမလဲဆိုတာကိုတော့ အားလုံးလည်းသိချင်နေလောက်ပြီထင်ပါတယ်

Panel Discussion မှာဆိုရင်တော့ Panelists များအဖြစ်

Diethelm Travel Myanmar မှ “U Phyoe Wai Yar Zar”,

Inle Princess Group နှင့် Inle Heritage Foundation မှ “Daw Yin Myo Su” ,

Myanmar Event Management Company မှ ” Ko Pyae Phyo Aung”,

Yangon Aerodrome Company Limited နှင့် The Best Travelling Myanmar မှ “Ma Su Hlaing Win” စတဲ့ နယ်ပယ်အသီးသီးမှ ပညာရှင်များကို ဖိတ်ကြားပြီး ” : ” ဆိုတဲ့ Title ဖြင့် ပါဝင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်…

ဒီပွဲလေးကိုတော့ လာမယ့် 8.8.2020 (စနေနေ့) ည (၇) နာရီမှာ NMDC SU page နဲ့ TSA Page ကနေ တိုက်ရိုက် Live ကျင်းပပြုလုပ်ပေးသွားမှာဖြစ်လို့ Page လေးတွေကို Like & Follow လည်းလုပ်ထားကြဖို့မမေ့နဲ့နော်

ဒါ့အပြင် Panelists တစ်ဦးချင်းစီရဲ့ Profile နှင့် Agenda အသေးစိတ်ကို ဖော်ပြပေးထားတာဖြစ်လို့ ဝင်ရောက်လေ့လာနိုင်ပါတယ်

ဒါကြောင့် အားလုံးနဲ့အတူတူ စနေနေ့ ည ၇ နာရီမှာပြန်တွေ့ကြမယ်နော်

#NMDCVSF2.0 #NMDC #TSA #NMDCSUxTourismStudentAssociation

#ModernSurvivalofMyanmarTourism #Tourism_Week

#LivePanelDisscusion

Panelist Speaker – 1
U Phyoe Wai Yar Zar

Panel Discussion အတွက်ပထမဆုံး speaker ကတော့ ဦးဖြိုးဝေရာဇာ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်တွင် Diethelm Travel Myanmar တွင် adminstrative staff အဖြစ်ပထမဆုံးအကြိမ်အဖြစ်၀င်ရောက်ခဲ့ပါတယ်။ DMC လုပ်ငန်းကို ၁၀ နှစ်ကြာလေ့လာခဲ့ပြီး Diethelm Travel မှ ၂၀၀၅ ခုနှစ်တွင် မထွက်ခွါမီ သူ့ကိုယ်ပိုင်ခရီးသွားကုမ္ပဏီ တည်ထောင်ရန် လေ့လာခဲ့ပါတယ်။ ဦးဖြိုးသည် Diethelm Travel Myanmar ၏ Managing Director အဖြစ် Diethelm Travel မိသားစုသို့ပြန်လည် မ၀င်ရောက်ခင် ၁၀ နှစ်ကြာ Asia Exclusive Travel ကိုတည်ထောင်ခဲ့ပြီး အောင်မြင်စွာ လုပ်ကိုင်ခဲ့သည်။ ခရီးသွားလုပ်ငန်းတွင် ဆယ်စုနှစ်နှစ်ခုကျော် လုပ်ကိုင်ခဲ့ပြီး သည့်နောက် ၂၀၀၀ ခုနှစ် အစောပိုင်းတွင် သူ၏ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ပြီး အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဦးဖြိုးဟာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများတွင် တက်ကြွစွာ ပါ၀င်လှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ members 100 ကျော်ရှိသော Myanmar Tourism Marketing ကို ၂၀၁၂ မှ ၂၀၁၆ အထိဦး ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘန်ကောက်ရှိ Assumption တက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိခဲ့ပါတယ်။ ဦးဖြိုးသည် Rotary Club of Central Yangon ၏ founding member လည်းဖြစ်သလို first president လည်းဖြစ်ပါတယ်။

Panelist Speaker – 2
Ma Yin Myo Su

Panel Discussion အတွက် မိတ်ဆက်ပေးချင်တဲ့သူကတော့ မယဉ်မျိုးစု (ခေါ် ) Misuu ဖြစ်ပါတယ် Inle Princess Group ၏ Managing Director ဖြစ်ပြီး the Inle Heritage Foundation ရဲ့ founder တစ်ယောက်လည်း ဖြစ်ပါတယ်။ မယဉ်မျိုးစုဟာ အမျိုးသမီးများ၏စွမ်းရည်မြှင့်တင်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အနုပညာ စတဲ့အရာများနဲ့ sustainable and responsible development practices တို့ကိုလည်း အလေးထားထောက်ခံသူလည်း ဖြစ်ပါတယ်။
ထို့အပြင် Inle Heritage Private School (Bamboo School) ကိုတည်ထောင်သူဖြစ်ပြီး၊ ကလေးသူငယ်ဗဟိုပြု ပညာရေးစနစ်၊ ကျောင်းသား/သူများ၏ တွေးတောသိမြင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ဝေဖန်စဉ်းစားတွေးခေါ်မှုများကို ဖြစ်ပေါ်စေရန်နှင့် အင်းလေးဒေသနှင့် အရင်းအမြစ်များကို ပိုမိုသိရှိနားလည်လာစေရန် စတဲ့အချက်တွေကို ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ မယဉ်မျိုးစုဟာ 2013 Fortune & Goldman Sachs Global Woman Leader, 2015 Vital Voice Global Woman Leader, and 2017 Fast Company’s 100 Most Creative People in Business စတဲ့ဆုတွေကိုလည်းရရှိခဲ့သူလည်းဖြစ်ပါတယ်။

Panelist Speaker – 3
Ko Pyae Phyo Aung

 

Panel Discussion အတွက်နောက်ထပ်တစ်ယောက်ကတော့ ကိုပြည့်ဖြိုးအောင် ဖြစ်ပါတယ်။ Myanmar Event Management Company ရဲ့ General Manager တစ်ယောက်လည်းဖြစ်ပါတယ်။ B.A (English) ဘွဲ့ကို ဟင်္သာတတက္ကသိုလ်မှ ရရှိခဲ့ပြီး Thames Management Centre and UK’s prestigious Institute of Commercial Management တွင် Diplomas in Marketing Management ကိုလည်း လေ့လာခဲ့ပါတယ်။ဆက်လက်ပြီးThe Project Management Institute ကိုလည်းကောင်း၊ Business Administration and Management ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင်လည်းကောင်း တက်ရောက်ခဲ့ပါတယ်။ Marketing and Business Development Careers ကို6 နှစ်ကြာလုပ်ကိုင်ခဲ့ပြီး MICE Industry တွင် လက်ရှိလုပ်ကိုင်နေတာ 5 နှစ်ရှိပြီဖြစ်ပါတယ်။

Panelist Speaker – 4
Ma Su Hlaing Win

 

Panel Discussion အတွက်နောက်ဆုံးတစ်ယောက်ကတော့ မစုလှိုင်ဝင်း ဖြစ်ပါတယ်။ Senior Corporate Communications Officer အဖြစ် Yangon Aerodrome Company Limited မှာ လုပ်ကိုက်လျက်ရှိပြီး The Best Travelling Myanmar ရဲ့ Director လည်းဖြစ်ပါတယ်။

Share this post