ကြေညာချက်များ

“Video Conferencing for Education”

Digital Tools တွေ ခေတ်စားလာတာနဲ့ အမျှ Video Conferencing ကိုလဲ နယ်ပယ်အသီးသီးမှာ Online Meeting, Training, Webinar စတာတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြပါတယ်။

ပညာရေးပိုင်းအရ ကြည့်မယ်ဆိုရင်လဲ Video Conferencing ဟာ E-learning ရဲ့ အဓိက ကဏ္ဌတစ်ခုဖြစ်တဲ့ Synchronous (အချိန်နဲ့ တစ်ပြေးညီ သင်ကြားရေး) အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ကနဦး ဆက်သွယ်ရေး (Communication) ကောင်းမွန်မှုကစပြီး ပူးပေါင်းဆောင်ရွက်နိုင်မှု (Collaborativeness)၊ တုံ့ပြန်နိုင်မှု (Interaction)၊ လူတိုင်း ပါဝင်နိုင်မှု (Inclusiveness) စတာတွေက သင်ကြားရေးကို သက်ရောက်မှု ရှိပါတယ်။

Digital ခေတ်ကြီးထဲမှာ Online Video Conferencing Tools တွေကို ပညာသင်ကြားရေး အတွက်တင် မကပဲနဲ့ အနာဂတ် လုပ်ငန်းခွင်အတွက် Workplace Skill တစ်ခုအနေနဲ့ပါ သိထားသင့်ပါတယ်။ ဒီ Article မှာတော့ စာသင်ခန်းအတွင်းမှာကော လုပ်ငန်းခွင်မှာပါ အသုံးဝင်မယ့် Video Conferencing Tools လေးတွေ အကြောင်းကို ပြောပြချင်ပါတယ်။

Brought to you by NMDCSU

#NMDCSU #DigitalTools #OnlineLearning #VideoConferencing

Video Conferencing

Video Conferencing နဲ့ ပတ်သက်ပြီး Platforms တွေ အများအပြားရှိတဲ့ အထဲမှ လူသိများမှု၊ အသုံးဝင်မှု၊ အဆင်ပြေလွယ်ကူမှုတွေ အလိုက် စာသင်ခန်းအတွင်းမှာ အသုံးချလို့ ရနိုင်မယ့် Tools တွေကို ဖော်ပြလိုက်ရပါတယ်။

ဝယ်ယူရမယ့် စျေးနှုန်းအလိုက် ရရှိမယ့် features တွေက ကွာခြားသွားရမှာမိုလို့ ကိုယ်ရဲ့ Class, Workplace နဲ့ အဆင်အပြေဆုံး ရွေးချယ်မှုကို လုပ်ဖို့တော့ လိုအပ်ပါတယ်။ တစ်ခုချင်းစီ အောက်မှာ အသုံးပြုနည်း Video Link လေးတွေ ထည့်ပေးထားပါတယ်။

1.Zoom

Video Conferencing Platform တွေထဲမှာ လူသုံးအများဆုံးဖြစ်ပြီး ပညာရေးအတွက်လဲ အဆင်အပြေဆုံးလို့ ပြောလို့ရပါတယ် ( ဥပမာ: Cambridge University ကိုယ်တိုင်က Zoom ကို e-learning မှာရှိရမယ့် အချက်တွေနဲ့ ပြည့်စုံတယ်ဆိုပြီး ညွှန်းထားပါတယ်)။ PC, Android, Apple Devices အကုန်လုံးမှာ အသုံးပြုနိုင်ပြီး Microsoft/Google တို့လို Calendar Apps တွေနဲ့လဲ ချိတ်ဆက်ထားတာကြောင့် Meeting တွေကို ကြိုပြီး Schedule လုပ်ထားလို့ ရပါတယ်။ Screen Sharing, Recording စတာတွေအပြင် Virtual Background လိုမျိုး ကိုယ့်ရဲ့ နောက်ခံကို ကြိုက်နှစ်သက်ရာ ပုံနဲ့အစားထိုးနိုင် (Privacy ပေး) တဲ့ Features တွေ ပါဝင်ပါတယ်။

Free Version မှာတော့ meeting တစ်ခုကို အယောက် (၁၀၀) အထိ ပါဝင်ပြောနိုင်ပြီး မိနစ် (၄၀) အထိ အခမဲ့ရမှာ ဖြစ်ပါတယ်။ မိနစ် (၄၀) ကျော်သွားရင်တော့ နောက် meeting room တစ်ခု ထပ်ပြီး create ရမှာပဲ ဖြစ်ပါတယ်။ တစ်လကို $14.99 ကျသင့်မယ့် Pro Version မှာတော့ ၂၄ နာရီ အထိ ပြောနိုင်မှာပဲ ဖြစ်ပါတယ်။

လတ်တလောမှာ Zoom ကနေပြီး Coronavirus ကာလမှာ တက္ကသိုလ်တွေအတွက် မိနစ် (၄၀) Limit ကို ဖြုတ်ပေးနေပါတယ်။ မိမိတက်ရောက်နေတဲ့ တက္ကသိုလ်ရဲ့ Official Domain Email (ဥပမာ: @nmdc.edu.mm) တော့လိုပါတယ်။ အောက်က Link မှာ Request လုပ်နိုင်ပါတယ်။
https://zoom.us/education

2.Google Meet

အရင်တုန်းကတော့ Google Meet က G Suite အကောင့်နဲ့ပဲ Host လုပ်လို့ရတာ ဖြစ်ပြီး လက်ရှိမှာတော့ Google က စက်တင်ဘာ (၃၀)ရက်နေ့အထိ ဘယ် G Mail အကောင့်နဲ့မဆို လူအယောက် (၁၀၀) အထိ အချိန်အကန့်အသတ်မဲ့ Host ခွင့်ပေးထားပါတယ်။ စက်တင်ဘာ (၃၀) နောက်ပိုင်းကတော့ မိနစ် (၆၀) ပဲ အလကားရမှာ ဖြစ်ပါတယ်။ G Suite Mail နဲ့ Meeting Host မယ်ဆိုရင် အယောက် (၂၅၀) ထိ ရပြီး Live Stream ဆိုရင်တော့ အယောက် (၁) သိန်းအထိ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

G Suite နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် Google Calendar, Email Invite တို့က တစ်ဆင့် Join နိုင်ပါတယ်။ Zoom လောက်တော့ မစုံပေမယ့် Screen Sharing, Recording, Captioning Features တွေ ပါဝင်ပါတယ်။ ဒါပေမယ့် Zoom ထက် ပိုရိုးရှင်းပြီး လုံခြုံမှုပိုကောင်းပါတယ်။

Google Meet Tutorial ကြည့်ရန်:

https://youtu.be/44sGIczM_po

3.Microsoft Teams

Microsoft Office ရဲ့ Tools တစ်ခုဖြစ်ပြီး အရင်တုန်းက Skype for Business ရဲ့ အစားထိုးဖြစ်ပါတယ်။ ဒီနေရာမှာ Skype နဲ့ Skype for Business ဆိုပြီး နှစ်မျိုးရှိပါတယ်။ Skype Application ကတော့ အခုထိ သုံးလို့ရဆဲ၊ အယောက် (၅၀) အထိ အချိန်အကန့်အသတ်မဲ့ ပါဝင်နိုင်ပြီး အခမဲ့ ဖြစ်ပါတယ်။

Microsoft Teams ကတော့ Skype ရဲ့ Premium (Paid) Version လိုပါပဲ။ Features လဲ ပိုစုံပြီး ပိုလဲ ပူးပေါင်းဆောင်ရွက်နိုင် (Collaborative) ဖြစ်ပါတယ်။ လက်ရှိ Zoom နဲ့ Google Meet တို့ရဲ့ ပြိုင်ဘက်ပါ။ Microsoft ရဲ့ တခြား Products တွေ ဖြစ်တဲ့ Word, Excel, PowerPoint တွေကို လွယ်လွယ်ကူကူနဲ့ Share လို့ရတာတော့ သူရဲ့အားသာချက် ဖြစ်ပါတယ်။

Google Meet လိုပဲ Office 365 ကို Subscribe လုပ်ထားရင်တော့ Meeting ကို ပါဝင်သူ အယောက်(၂၅၀)၊ Live Streaming ကြည့်ရှုသူ ၁ သောင်းအထိ လက်ခံပေးနိုင်မှာ ဖြစ်ပါတယ်။

Microsoft Teams Tutorial ကြည့်ရန်:

https://youtu.be/_04C6WZ59W0

4.ClickMeeting & GoTo Meeting

E-learning အတွက် Communication ဆိုတာထက်ပိုပြီး Learning Management ကောင်းကောင်းပေးနိုင်တဲ့ Platform ဆိုရင်တော့ ClickMeeting ကို ပြရပါလိမ့်မယ်။ Lecture Schedule, Student Address Book အထိပါ လုပ်ပေးနိုင်တဲ့ Virtual Class တွေ ဖန်တီးပေးပြီး Whiteboard, Screen-sharing, Polls & Surveys, Performance Rating တွေလိုမျိုး Features အစုံကို ပါပါတယ်။ ပထမ တစ်လ အလကားရမှာ ဖြစ်ပြီး အဲ့တာပြီးရင်တော့ တစ်လကို $25 က စပြီးကျသင့်မှာ ဖြစ်ပါတယ်။

GoTo Meeting က ClickMeeting လောက်တော့ Features မစုံပေမယ့် ဆင်တူ Platform ဖြစ်ပါတယ်။ နှုန်းကတော့ တစ်လကို $12 ကစပြီး ကျသင့်နိုင်ပါတယ်။ Plan အလိုက် Host နိုင်တဲ့ ပမာဏလဲ ကွာသွားမှာပါ။ လောလောဆယ် coronavirus ကာလမှာ ကျောင်းတွေအတွက် သုံးလ အလကားပေးနေပါတယ်။ အောက်က လင့်ခ်မှာ ဝင်ကြည့် ရပါတယ်။

https://www.gotomeeting.com/meeting/education/k-12

ClickMeeting Tutorial ကြည့်ရန်:

https://youtu.be/ZhGrMmtwq5o
GoTo Meeting Tutorial ကြည့်ရန်:

https://youtu.be/HKJ-Ei4z8k8

5.Cisco Webex

Webex ကလဲ Video Conferencing Platform တွေထဲမှာ ထိပ်တန်းတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်ကတော့ Free Version မှာ ၂၄ နာရီအထိ အချိန်အကန့်အသတ် ရမှာပါ။ ဒါပေမယ့် လူအရေအတွက်ကတော့ ၂၅ ယောက်အထိပဲ လက်ခံလို့ ရပါတယ်။ ၂၅ ယောက်ထပ် ပိုလက်ခံ ချင်ရင်တော့ တစ်လကို $13.50 ကစပြီး ဝယ်လို့ရပါတယ်။ အများဆုံး အယောက် (၂၀၀) အထိ ရနိုင်ပါတယ်။ Free Trail အလကား တစ်လလဲ ရအုံးမှာပါ။

File Sharing, Chat Tools, Recording, Editing စတဲ့ Features တွေလဲ ပါပါသေးတယ်။ လုံခြုံရေးပိုင်းမှာ အားသာပေမယ့် monthly subscription ပေးရတာချင်း အတူတူ ခြုံကြည့်မယ်ဆိုရင်တော့ Zoom ကပိုပြီးလဲ လူသုံးများသလို ပိုတန်ပါတယ်။ လူဦးရေများတဲ့ Class တွေမှာ Webex ကိုပိုသုံးသင့်ပါတယ်။

Webex Tutorial ကြည့်ရန်:

https://youtu.be/jwYY4x5tQ8Y

6.Messenger Rooms

Facebook က လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ မိတ်ဆက်ထားတဲ့ Feature အသစ်ဖြစ်ပါတယ်။ ရိုးရိုး Messenger Video Call နဲ့ ဘာကွာလဲဆိုတော့ Messenger Group Call က (၈) ယောက်လောက်ပဲ ရတာဖြစ်ပြီး Messenger Rooms ကတော့ အယောက် (၅၀) ထိဆန့်ပါတယ်။ Features တွေလဲ ပိုစုံပြီး အချိန်အကန့်အသတ် မရှိပါဘူး။ မြန်မာနိုင်ငံလို Facebook နဲ့ Messenger အသုံးများတဲ့ နိုင်ငံအတွက်တော့ Messenger Rooms က တော်တော်လေး အသုံးဝင်လာမှာပါ။

Facebook Account တစ်ခုရှိရုံနဲ့ Host နိုင်မှာ ဖြစ်ပြီး Messenger Link Sharing အပြင် Facebook Newsfeed, Group, Event တွေမှာပါ Share လို့ ရမှာပါ။ ဒါ့အပြင် Messenger ရဲ့ AR effects တွေ၊ Virtual Background တွေပါ အသုံးပြုလို့ ရအုံးမှာပါ။ Online Learning Platform ဆိုတာထက် သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ Group Project အကြောင်းတိုင်ပင်ဖို့ စတဲ့ Small-Group Informal Meeting တွေ အတွက် ပိုမိုသင့်တော်မှာပါ။

အသုံးပြုဖို့ကတော့ Messenger App ရဲ့ “People” အပေါ်ဆုံးမှာ Create a Room ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ နောက်ဆိုရင် Facebook/Messenger တင်မကပဲ Instagram နဲ့ Whatsapp ကိုပါ ချိတ်ဆိတ်ပေးမယ်လို့ သိရပါတယ်။ သုံးရတာလဲ တော်တော်လေး အဆင်ပြေလို့ စမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

အထက်မှာ ဖော်ပြသွားတဲ့ Platform တွေအပြင် Adobe Connect, BlueJeans, Join.me တို့လိုမျိုး ရွေးချယ်စရာတွေလဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ အခြားလူသုံးများတဲ့ messaging app တွေဖြစ်တဲ့ Viber, Whatsapp, Line တို့တွေမှာလဲ video call လုပ်လို့ရပေမယ့် တော်တော်လေး Limited ဖြစ်လို့ Video Conferencing အတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ Viber မှာ အများဆုံး အယောက် (၂၀) ထိ Join လို့ရနိုင်ပြီး၊ Whatsapp မှာ (၈) ယောက်၊ Line မှာ (၄) ယောက်သာ ရပါတယ်။

ပြောင်းလဲလာတဲ့ မြန်မာ့ပညာရေးနဲ့အတူ မကြာမီ အနာဂတ်ကာလမှာ ကျတော်တို့တွေဟာ စာသင်ခန်းထဲမှာ Video Conferencing ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာမယ့် အချိန်တစ်ခုကို ရောက်ရှိလာမှာပါ။ အထက်မှာ ဖော်ပြထားတဲ့ Tools တွေက အသုံးပြုရလဲ မခက်သလို၊ နားလည်ရလဲ လွယ်ကူတာ မိုလို့ အိမ်မှာနေရင်း စမ်းသုံးကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

တခြားအသုံးဝင်တဲ့ tools တွေရှိရင်လဲ comment မှာ ပြောပြပေးလို့ ရပါတယ်။ သူငယ်ချင်းတွေသိအောင်လည်း share ပေးသွားပါအုံး။ အချိန်ပေးပြီး ဖတ်ရှူပေးတာ ကျေးဇူးတင်ပါတယ်။

Share this post