ကြေညာချက်များ

NMDC Virtual Student Forum 2.0 Tourism Week Day 2 မှာပါ၀င်မယ့် Workshop Facilitators များနှင့် မိတ်ဆက်ပေးခြင်း

အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ NMDC Virtual Student Forum 2.0 Tourism Week Day 2 မှာပါ၀င်မယ့် Workshop Facilitators တွေနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Facilitators များအကြောင်း မပြောပြခင် Workshop အကြောင်းလေးကို အရင်ဆုံးဝေမျှပေးချင်ပါတယ်။

Day 2 workshop session မှာတော့

Morning Breakout Session (10:00 A.M to 12:00 P.M)နဲ့

Evening Breakout session (3:00 P.M to 5:00 P.M) ဆိုပြီး နှစ်ပိုင်းရှိမှာဖြစ်ပါတယ်

Breakout Sessions တစ်ခုစီမှာ ရွေးချယ်စရာ Workshop နှစ်ခုရှိပြီး မိမိကြိုက်နှစ်သက်ရာ workshop တွေကို Zoom platform ကိုအသုံးပြု၍ တက်ရောက်ရမှာဖြစ်ပါတယ် Workshop တစ်ခုစီတိုင်းမှာ လူအယောက် 50 စီပါ၀င်နိုင်မှာဖြစ်ပြီး NMDC major 4 ခုလုံးမှ ကျောင်းသား ကျောင်းသူမည်သူမဆို အတူတကွ တက်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်…

Workshop မှာပါ၀င် ဆွေးနွေးသွားမည့် speakers တွေအကြောင်းကို စတင်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်

Day 2 Breakout Session အတွက် Workshop Facilitators များအဖြစ်

* ကိုမင်းရဲထွဋ် (Career Center)

* ကိုအာကာထွန်း (HpaAnn.com)

* မယဉ်မေသူ (Scholarship Student)

* ကိုစိုင်းအောင်နိုင်၀င်း (Kantar Myanmar) တို့မှ ဆွေးနွေးပြောကြားပေးသွားမှာဖြစ်ပါတယ်….

Facilitator တစ်ယောက်ချင်းစီရဲ့ Profile အသေးစိတ်နဲ့ ဆွေးနွေးပေးသွားမယ့် အကြောင်းအရာ ခေါင်းစဉ်များကို ပုံတစ်ပုံချင်းစီမှာ ဖော်ပြပေးထားပြီးဖြစ်လို့ မိမိတို့ကြိုက်နှစ်သက်ရာ Workshop ကိုလေ့လာနိုင်ပါတယ်…

#NMDCVSF2.0 #NMDC #TSA #NMDCSUxTourismStudentAssociation

#ModernSurvivalofMyanmarTourism #Tourism_Week

#LivePanelDisscusion #Workshop

Workshop Facilitator – 1
Ko Min Ye Htut
Morning Session >> 10:00 AM – 12:00 PM 
ပထမဆုံး မိတ်ဆက်ပေးမယ့် workshop facilitator ကတော့ ကိုမင်းရဲထွဋ်ဖြစ်ပါတယ်။ လက်ရှိမှာ “Career Center” အလုပ်အကိုင်ဆိုင်ရာအကြံပေးဆွေးနွေးမှုစင်တာ၏ Founder & Career Coach တစ်ဦးဖြစ်ပါတယ်။ ကိုမင်းရဲထွဋ်ဟာ Bachelor of engineering (BE) ဘွဲ့ကို Myanmar Maritime University မှရရှိခဲ့ပါတယ်။ Yangon University တွင်Business Law Diploma ကိုလည်းကောင်း၊ Myanmar International Business Academy တွင် Banking and Finance Diploma ကို လည်းကောင်း ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ Soft skills trainer တစ်ဦးဖြစ်သလို startup enterpreneur တစ်ဦးလည်း ဖြစ်တဲ့ ကိုမင်းရဲထွဋ်ဟာ “Salient Development” အကြံပေးအဖွဲ့ ကိုလည်း တည်‌ထောင်ထားပြီး “Live the Dream” လူငယ်အလုပ်အကိုင်ပညာပေး မီဒီယာမှာ CEO အဖြစ်ရော Mee Pya Tike ၏ “Peer Supporter Trainer” အဖြစ်ရော ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ကိုမင်းရဲထွဋ်နဲ့အတူဆွေးနွေးပေးသွားမည့်အကြောင်းအရာကတော့ ” Live your Life : Connecting with your inner self ” ဖြစ်ပါတယ်။ အောင်မြင်တဲ့ဘ၀ နဲ့ အဓိပ္ပာယ်ရှိတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ဖို့လျှင် “ကိုယ်ဘယ်သူလဲ″ဆိုတာ သိဖို့လို့အပ်လာပါပြီ။ ဒါကြောင့် မိမိရဲ့ကိုယ်တွင်းစိတ်ကို ဘယ်လို ရှာဖွေချိတ်ဆက်ရမလဲ ဆိုတာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။
Workshop Facilitator – 2
Ko Arkar Htun
Morning Session >> 10:00 AM – 12:00 PM

 

Tourism Week ရဲ့ နောက်ထပ် Facilatitor
က တော့ ကိုအာကာထွန်း ပဲဖြစ်ပါတယ်။ ခရီးသွား ပြည်သူတွေကြား ခေတ်စားနေတဲ့ HpaAnn.com ရဲ့ Co-founder တစ်ဦးပဲ ဖြစ်ပါတယ်။ ကိုအာကာထွန်းက Hpa Ann University က နေ B.A (English) ဘွဲ့ရခဲ့ပြီး ထိုတက္ကသိုလ်ရဲ့ Student Union ရဲ့ Co-founder နဲ့ ဥက္ကဋ္ဌ အ နေနဲ့ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ YSEALI မှ Eco and Sustainable Tourism Workshop ရဲ့ Alumni တစ်ဦးလည်းဖြစ်ပါတယ်။ ကိုအာကာထွန်းရဲ့ အလုပ်အကိုင်အတွေ့အကြုံတွေကတော့ ၂၀၁၇နှစ်ကနေ အခုချိန်ထိ Licensed Tour Guide အ နေနဲ့လည်း လုပ်ကိုင် နေပါတယ်။ ထို့အပြင် KSTGA (Kayin State Tourist Guide Association) ရဲ့ Secretary General အ နေနဲ့လည်း ကောင်း၊ Ministry of Hotel and Tourism မှ Basic Tour Guide Training Batch 43 (Hpa Ann) ရဲ့ Supervisor အဖြစ်လည်း ကောင်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ကိုအာကာထွန်းနဲ့အတူ ဆွေး နွေးသွားမည့် အကြောင်းအရာက တော့ စွန့်ဦးတီထွင်မှု ” Entrepreneurship ” အကြောင်းပဲ ဖြစ်ပါတယ်။
Workshop Facilitator – 3
Ma Yin May Thu
Evening Session >> 3:00 PM – 5:00 PM

 

ထပ်မံမိတ်ဆက် ပေးသွားမယ့် workshop facilitator တစ်ဦးကတော့ B.A (Tourism) 1st Batch မှ Alumni တစ်ဦးဖြစ်တဲ့ မယဉ်မေသူဖြစ်ပါတယ်
B.A (Tourism) ရဲ့ first batch မှာ
တက်ရောက်ခဲ့စဉ်က scholarships (2) ဆုကိုရရှိခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိမှာ Universitat de Girona, University of Ljubljana, Faculty of Economics,
Syddansk Universitet – University of sourthern Denmark အစရှိတဲ့ တက္ကသိုလ်တွေမှာ Erasmus Mundus European Masters in Tourism Management ကိုအထူးပြုတက်ရောက်နေသူလည်းဖြစ်ပါတယ်။Human Hotel Copenhagen Metropolitan Area တွင် Growth marketing internship အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။မယဉ်မေသူရဲ့လုပ်ငန်းအတွေ့အကြုံတွေကတော့ Accountant executive အဖြစ် Booking.com မှာလုပ်ကိုင်ခဲ့ပြီး Violet ValleyTrading Company Ltd မှာ Digital Marketing internship ကိုလည်းကောင်း၊ Diethelm Travel Myanmar မှာ Marketing and Product Development internship ကိုလည်းကောင်း၊ Sule Shangri-La,Yangon, Myanmar မှာ Executive assistant intership ကိုလည်းကောင်း စတဲ့အတွေ့အကြုံကောင်းများစွာကိုပိုင်ဆိုင်ထား သူတစ်ဦးဖြစ်ပါတယ်။မယဉ်မေသူနဲ့အတူ ဆွေးနွေးပေးသွားမည့် အကြောင်းအရာကတော့ ” Further Study ” ဆိုတဲ့ ခေါင်းစဉ်ကောင်းတစ်ခုဖြစ်ပါတယ်။
Workshop Facilitator – 4
Ko Sai Aung Naing Win
Evening Session >> 3:00 PM – 5:00 PM

 

Workshop အတွက် နောက်ဆုံး Facilitator က တော့ ကိုစိုင်းအောင်နိုင်ဝင်း ဖြစ်ပါတယ်။ လက်ရှိမှာ Kantar Myanmar ရဲ့ Qualitative Research Associate တစ်ယောက်အနေနဲ့ လုပ်ကိုင်လျက် ရှိပါတယ်။ ကိုစိုင်းအောင်နိုင်ဝင်းက B.A (Tourism) 1st Batch မှ Alumni တစ်ဦးလည်းဖြစ်ပြီး ကျောင်းသားဘဝကတည်းက တက်တက်ကြွကြွရှိသူ တစ်ဦးလည်းဖြစ်ပြီး ပြင်ပလှုပ်ရှားမှုတွေ အနေနဲ့ 41st Ship for Southeast Asia and Japanese Youth Program ရဲ့ Participating Youth အနေနဲ့ လည်းကောင်း၊ Inle Lake Tourism Development Consulting Program with George Washington University ရဲ့ Project Assistant အနေနဲ့ လည်းကောင်း ပါဝင်ခဲ့ပါတယ်။
အလုပ်အတွေ့အကြုံ အနေနဲ့ကတော့ EXO Travel နဲ့ ICS Travel တို့မှာ Internship ဆင်းဖူးခဲ့ပြီး New Motion Travels & Tours ရဲ့Oversea Tour Leader အ နေနဲ့ တာဝန်ထမ်း ဆောင်ခဲ့ဖူးပါတယ်။ကိုစိုင်းအောင်နိုင်ဝင်းနဲ့အတူ ဆွေးနွေးသွားမည့်အကြောင်းအရာကတော့ “Tourism Product Development” ပဲဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာကတော့ Tourism ကျောင်းသားများလက်မလွှတ်သင့်တဲ့ workshop လေးဖြစ်ပါတယ်။

Share this post